ep~~2

19.3K 1.7K 101
                                    

#Unicode
Taehyung တစ်ယောက် ကားပေါ်ကဆင်းပြီး ဘာလုပ်ရမှန်းမသိ
စိတ်တွေလည်းတို နေမကောင်းချင်တာတောင် ပျောက်သလိုဖြစ်သွားပြီ

ဘေးဘီကို လှမ်းမျှော်ကြည့်တော့မှ လမ်းထိပ်နားလေးမှာဉီးလေးဆုန်းကို လှမ်းတွေ့တာမို့ ကားဆီလျှောက်ခဲ့မိတော့တယ်

ကျွန်တော့်ကို မြင်သွားတဲ့ ဉီးလေး ဆုန်းက အပြေးလာပြီး......

"Taehyungလေးကို လိုက်ရှာတာမတွေ့လို့ ဉီးလေးက စိတ်ပူနေတာ"

"ဟုတ် ဉီးလေး ကျွန်တော်က တိုက်ခန်းအောက်မှာပဲ ရပ်စောင့်နေမိတာ တောင်းပန်ပါတယ် ဉီးလေး "

"ရပါတယ် ငါ့တူရယ် ကဲ လာ လာ ဆေးရုံသွားပြဖို့ဆို သွားကြမယ်လေ"

" မသွားတော့ဘူး ဉီးလေးရေ ကျွန်တော့်ကို jimin ဆီပဲ ပို့ပေးပါနော်"

"ဖြစ်ပါ့မလား Taehyung က နေမကောင်းဘူးဆို "

"ရတယ် ဉီးလေး ကျွန်တော် သက်သာပြီမို့ jimin ဆီပဲ ပို့ပေးပါနော် "

"အေး အေး ဒါဆိုလည်း သွားကြမယ်"

ဟုတ်တယ်လေ အစတည်းက နည်းနည်းပဲ အအေးမိတာ jimin ကဆေးရုံပြဆိုလို့ သွားဖို့လုပ်တာ အရမ်းကြီး ဆိုးနေတာလည်းမဟုတ်တော့ မသွားတော့ဘူး…

ကားပေါ်တက်ပြီး ခုနက ဟိုလူကို မြင်ယောင်မိတာမို့ စိတ်က မေတ္တာထပ်ပို့လိုက်တယ်

" ယုန်မျက်နှာ ကြီးနဲ့ ငါးခူပြုံး ပြုံးတဲ့ လူကြီး ကားဘီးလေးဖက်လုံး ပေါက်ပါစေ......"

"ဟွန့်......"

Jimin ရဲ့ company ရှေ့ရောက်ပြီမို့ ဉီးလေးဆုန်းကို ကျေးဇူးတင်စကားပြောပြီး jimin ရုံးခန်းကို တက်ခဲ့လိုက်တယ်......

Park Jimin က သူ့ daddy ပိုင်တဲ့ PJ fashion companyမှာ အခုCEO အဖြစ် လုပ်နေတာလေ

လူကသာ မြေကြီးထဲဝင်နေပေမယ့် ဒီလိုကျ ကျွန်တော့် သူငယ်ချင်းလေးက တော်သားပဲ

သူ့ကို မြေကြီးထဲ ဝင်နေတယ်လို့ ပြောတာကို ကြားရင် ဘဲနှုတ်ခမ်းကြီးနဲ့ စိတ်ကောက်အုန်းမှာ အသေချာပဲ

company ထဲက လူတွေက ကျွန်တော့်ကို jimin သူငယ်ချင်းမှန်းသိတာမို့ ပြုံးပြနှုတ်ဆက်သူတွေကို ပြန်ပြုံးပြရင်း jimin ရုံးခန်းရှေ့ရောက်လာခဲ့တယ်…

 Intended Love...♥️(Completed )Tahanan ng mga kuwento. Tumuklas ngayon