Extra

18.3K 1.3K 50
                                    

#Unicode
Taehyung ညပိုင်း ရိုက်ကွင်းကနေ ပြန်လာတော့ Jungkook တောင် ပြန်ရောက်နေပြီ။
ဒ်ီနေ့ သူ့အချစ်ဆုံးကြီး အိမ်ပြန်လာတာ စောလိုက်တာ...
အဲ့ဒီတော့လည်းကောင်းတာပေါ့..သူလည်း ဒီနေ့ ဇာတ်သိမ်းပိုင်း ရိုက်ပြီးတာနဲ့ စောစောပြန်လာတာဆိုတော့ အတူတူရှိနေဖို့ အချိန်ပိုရတာပေါ့...
မဟုတ်ရင် သူတို့နှစ်ယောက် တွေ့ချိန်က သိပ်ရှားသည်။
နှစ်ယောက်လုံး မအားတာမို့...

"Jungkook ဒီနေ့ ပြန်လာတာ စောလှချည်လား"

ကျွန်တော်မေးတာကို ပြန်လည်းမဖြေ။
မကြားလို့များလား...?

"Jungkook....လို့.. ကျွန်တော် ခေါ်တာကို မကြားဘူးလား"

ဆူအောင့်အောင့်နဲ့ ကျွန်တော် အသံအဆုံးမှာတော့ လှည့်ကြည့်လာတယ်။
ရိုးရိုးကြည့်တာတော့မဟုတ် မျက်ခုံးနှစ် ခုကို ထိလုနီးပါး ကျုံ့ထားပြီး ကြည့်တာ ..
ရုပ်ကြီးက တလောကလုံးကို သူတင်ကျွေးထားရသလို ဆိုဒ်နဲ့....

"ဟောဗျာ ဒါဘယ်လိုရုပ်ကြီးလဲ...အလုပ်ကမောမောနဲ့ ပြန်လာတာ ချစ်လင်ရုပ်ကြီးက အမောမပြေလိုက်တာ..."

"အရမ်းတွေ ကြည်နူးခဲ့တယ်ပေါ့လေ"

"ဘာကိုလဲ Jungkookရဲ့"

"အခုမှ မသိချင်ယောင်ဆောင်မနေနဲ့...Happy ending လေးရိုက်ခဲ့ရလို့ ပျော်နေတယ်မလား"

အဟားးးးTaehyung သဘောပေါက်လိုက်ပြီ...
ဒီနေ့ ဇာတ်ဝင်ခန်းက Kiss sence နဲ့ သိမ်းတာမို့ ကျွန်တော့်လူကြီး အူတိုနေတာ...
အန်မလေး ကျွန်တော့်လူကြီးက ချစ်ဖို့ကောင်းလိုက်တာဗျာ။

ကျွန်တော် စချင်လာတာမို့ သူ့ဘေးနားဝင်ထိုင်ရင်း....

"ပျော်တာပေါ့ Jungkook ရဲ့ ...ဇာတ်သိမ်းလေးက ကြည်နူးစရာလေးလေ ..Jungkook လည်း ကြည့်ပြီးပြီမဟုတ်ဘူးလား"

ကျွန်တော့်မင်းသားလုပ်ရတာလည်း မလွယ်။ရိုက်ပြီးသမျှအခန်းတိုင်း သူ့ကို အရင်ပေးကြည့်ရသည်။
ပြိီးရင် သူ့မှာ ကျွဲမြီးတိုလို့ကို မဆုံး။
မကြည့်ပါနဲ့ ပြောတော့လည်း မရ။

"ကြည့်ပြီးပြီ...ကြည့်ပြီးလို့ စိတ်တိုနေတာ မင်းကို  ကိုယ် တစ်ယောက်တည်းပဲချစ်ချင်တာ မသိဘူးလား"

 Intended Love...♥️(Completed )Where stories live. Discover now