Ep~~21(Final)

21.3K 1.5K 136
                                    

#Unicode
Jungkook ပြန်သွားတော့ Jimin က Taehyung ရှိရာအခန်းထဲသို့ ဝင်လာခဲ့သည်။

"Taehyung"

"Jimin သူငါ့ကို ကွာရှင်းပေးမယ်တဲ့ ဒါပေမယ့် ဒါပေမယ့် ငါ မပျော်ဘူး Jimin ရယ် "

ဆို့ဆို့နင့်နင့်ပြောရင်း ကြေကွဲစွာ ငိုနေတဲ့ Taehyung ကို ကြည့်ပြီး သူပါ မျက်ရည်ကျမိသည်။
ချစ်ရဲ့သားနဲ့ မပျော်တဲ့ လမ်းကို ရွေးရသလား Taehyungရယ်။

မင်းတို့နှစ်ယောက် အဖြစ်ကလည်း ရင်နာလိုက်တာကွာ.....

စားပွဲပေါ်က ကွာရှင်းစာချုပ်လေးနဲ့ TK ဆွဲကြိုးလေးကို ကြည့်၍ Jungkook ငိုင်နေမိသည်။
သူတကယ် ခလေးကို လက်လွှတ်ပေးလိုက်ရတော့မှာလား...

ခလေးဘက်က ပို့လိုက်တဲ့ စာချုပ်လေး။
သူ့ဘက်ကလက်မှတ်ထိုးရမယ့် နေရာမှာ လစ်ဟာနေသော်လည်း ခလေးရဲ့ လက်မှတ်လေးက တစ်ဖက်မှာ သေသပ်စွာ ရှိနေသည်။
သူ့ဘက်က ထိုးပြိီးလျှင် ရှေ့နေ့က ရုံးကို ပို့ရန်သာ။
လက်မှတ်ထိုးပြီးတာနဲ့ ခလေးကိုတကယ် ဆုံးရှုံးရတော့မယ်။

*ကိုယ်မင်းကို လက်မလွှတ်ပေးနိုင်ဘူး Taehyung.....*
ဆွဲကြိုးလေးကို လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်မိသည်။

>>>>>>>>>>>>>>>>>>>
ရာသီတွေ အလီလီပြောင်းလဲခဲ့ပြီ။
အချိန်အားဖြင့် တစ်နှစ်ကျော်ခဲ့ပြီး အရာအားလုံးက ပြောင်းလဲခဲ့လေပြီ။

ကျွန်တော် Jungkook နဲ့ လမ်းခွဲပြီးနောက်ပိုင်း အောင်မြင်တဲ့ အနုပညာသရုပ်ဆောင် တစ်ဦးလည်းဖြစ်ခဲ့ပြီ။

လူတိုင်းရဲ့ ပါးစပ်ဖျားမှာ မင်းသားလေး V ဆိုတာက ရေပန်းအစားဆုံး...

သွယ်လျတဲ့ မေးရိုးနဲ့ မဲနက်နက်မျက်ခုံးတွေက ဇင်ယော်တောင်ပံတွေလို ခန့်ငြားစွာ။
မျက်ဝန်းဝိုင်း ဝိုင်းတွေရဲ့ အကြည့်တစ်ချက်ကို ရသူတိုင်းက ရူးသွပ်နိုင်တဲ့အထိ ညို့အားပြင်းသည်။
နှာတံဖြောင့်စင်းပြီး အဖျားလေးကို အနားသတ်ပေးထားတဲ့ မှဲ့နက်လေးက တမူထူးခြားကာ...
နှုတ်ခမ်းပါးလေးနဲ့ ရီလိုက်တိုင်း
လေးထောင့်ဆန်ဆန် အပြုံးတွေ ဖြစ်ပေါ်လာသူလေး  Kim Taehyung ....
တနည်းအားဖြင့် Vက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ဖြစ်ခဲ့ပြိီ။

 Intended Love...♥️(Completed )Where stories live. Discover now