#unicode
"ကိုကို ရေ ကိုကိုရေ"
ဝင်လာပါပြီ ..အသံစူးစူးလေး
ဒီအိမ်ထဲကို တံခါးမရှိဓားမရှိ ဝင်နိုင်သူလေး..
ပန်းခြံထဲမှာစာအုပ်ထိုင်ဖတ်ရင်း
ထိုအသံလေးကြားတော့ ပြုံးမိသည်။
တတိယကြိမ်မြောက် ကိုကိုရေ မှာအနားကို
တန်းရောက်လာမှာသိလို့.. မင်းသန့်ပြုံးလိုက်မိသည်။"ကိုကိုရေ... ဟောဟဲ မောတာ ကိုကိုရာ..
ပြန်ပြီးမထူးဘူး၊ကူးကူးရေ ဒီမှာဆို ကိုကိုလေကြီး ကုန်သွားမှာစိုးလို့လားပြော"ပြောလည်းပြော ရှေ့ကရေနွေး ခွက်ကို သောက်ချပစ်တာ တစ်ဂွပ်ဂွပ်...
အသာပြုံးပြီးခေါင်းရမ်းကာ လှူရမယ့်စာရင်းတွေ ပြန်ကြည့်နေလိုက်သည်။မြင့်မြတ်သောမျိုးနွယ်မို့အမြဲ
အလှူရက်ရောရန်
ကြင်နာသနားတတ်ရန်
လိုအပ်သူများကို မျက်ကွယ်မပြုတတ်ရန်
နှင့် ဘာသာ တရားကိုင်းရိုင်းတတ်ရန်သည် မင်းသန့် ငယ်ငယ်ထဲက ကျမ်းတစ်ခုကို ကျက်လာရတာပင်.."ကိုကိုနော် ရတယ်နော် ကူးကူးကိုအဖတ်မလုပ်ဘူးနော်
ရတယ်ရတယ်..ကူးကူး က သူငယ်တန်းတတ်ရတော့မှာ....
ကူးကူးကျောင်းတတ်မှသူငယ်ချင်းတွေရရင် ကိုကို့ကို
ပလစ်ပစ်မယ်""ပလစ်ပစ်မယ်..အဲဒါဘာကိုပြောတာလဲကူးကူး"
မင်းသန့်မသိလို့မေးလိုက်တော့ မျက်နှာလေးကိုချီဆရာကြီးစတိုင်နဲ့"မသိရင်မှတ်ထား နော်..ပလစ်တယ်ဆိုတာ
ထားပစ်ခဲ့မယ် အဖတ်မလုပ်ဘူးပြောတာကိုကိုရဲ့"ပြောလည်းပြော ညာတာပါတေးနဲ့
မင်းသန့်ပေါင်ပေါ်ကုတ်တတ်လာကာ
လည်ပင်းကိုဖတ်လိုက်တော့
ပြုတ်ကျမှာစိုးကာ မင်းသန့်အလိုက်သင့်လေးခါးကိုဖတ်ထားလိုက်ပြီးစာဖတ်လည်းအာရုံမရတော့မှာမို့စာအုပ်လေးကို အသာလျထားလိုက်သည်။"အဲ့ဗန်းစကားတွေ ဘယ်ကတတ်လဲပြောကူးကူး"
"ကူးကူး အိမ်က တီတီလေးပြောတာလို့"
"ဟုတ်လို့လား မညာရဘူးနော်..ဗန်းစကားတွေမပြောရဘူးလို့ကိုကိုသင်ပေးထားတယ်ဟုတ်"
လည်ပင်းကိုနှိပ်ချပြီး မင်းသန့်ပါးလေးကိုဘယ်ပြန်ညာပြန်နမ်းကာ..ပြောလိုက်တဲ့စကားကြောင့်
မင်းသန့်မျတ်လုံးပြူးသွားရသည်။
YOU ARE READING
အချစ်ဦးမို့...ချစ်ပါသည်[ အခဈြဦးမို့...ချစ်ပါသည် ]
Romanceကိုကိုကဘုရင်ကြီးလုပ်မှာဆိုတော့ ကူးကူးက ဘုရင်ကြီးရဲ့ သက်တော်စောင့်လုပ်မှာပေါ့လို့... ကိုကိုရဲ့ အခက်အခဲတွေဖြေရှင်းမယ်..ကိုကိုအရေးလိုရင်ကူးကူးကရှိနေမယ် ကိုကိုကတော့ကူးကူးကိုပဲချစ်နော်... ကူးကူးရည်စားစကားပြောနေတယ်လေ အဖြေပြန်ပေးတော့လို့.... အလင်းကူး ဒီက...