#unicode
#zawgyi"ကိုကို..."
ကိုယ်တွေပူပြီး ခေါင်းတွေကိုက်နေလို့မင်းသန့် မှေးနေချိန်အသံစာစာ ကူးကူးအသံကြောင့် ခေါင်းခါလိုက်သည်။
နေမကောင်းတော့ ထင်ယောင်ထင်မှားတွေကြားနေရတဲ့ပုံပါပဲ။
အတိတ်ဆိုးနမိတ်ဆိုးတွေဟာ မင်းသန့်ရဲ့ပစ္စုပ္ပန်မှာလွှမ်းမိုးနေပုံ။ကူးကူး ကိုရင်ဝတ်နေတာ၃ရက်ပဲရှိသေးတာ...။
ဒီကလေးစိုးသွမ်းတာကို သူတော်တော်ထိန်းခဲ့ရလို့အသံတွေတောင်နားထဲကြားနေပုံပဲ...။"ကိုကို ... ကူးကူးရဲ့ ကိုကို...အနာဂတ်ကိုကို..
အူကျူးလေးကိုကို..."ဘုရားဘုရား ကယ်တော်မူပါ...။
မကောင်းတဲ့အတတ်ပညာတွေနဲ့ ပြုစုထားသူများအားဖယ်ရှားပေးပါ...
မျက်လုံးမဖွင့်ရဲပဲ စိတ်ထဲကနေ ဘုရားစာရွတ်နေမိသည်။"ကိုကို..."
"အား...."
ခေါ်နေတာကို မထူးပဲ မျက်လုံးကြီးစုံမှိတ်ပြီးပွစိပွစိလုပ်နေတဲ့ကိုကိုကြောင့် ကူးကူး ဖြေးဖြေးလေးကိုကို လက်မောင်းလေးကို အသာလှုပ်ပြီး
ခေါ်လိုက်တော့ မျက်လုံးဖွင့်လာပြီးအလန့်တကြားအော်လိုက်တဲ့ ကိုကို့ကြောင့် ကူးကူးပါ လိပ်ပြာလွင့်သွားတော့မလိုပင်....။"ကိုကို..ကိုကို ဘာဖြစ်တာလဲဟင်...ကူးကူးရဲ့ကိုကိုအိမ်မက်ဆိုးတွေမက်နေတာလား...ကူးကူးရှိတယ်မကြောက်နဲ့ မကြောက်နဲ့...."
မင်းသန့်ရှေ့မှာ ချွေးသံတစ်ရဲရဲ ခေါင်းတုံးပြောင်ပြောင်နဲ့ သူ့ကို ကလေးချော့သလို ချော့နေတဲ့ ကူးကူးကြောင့်မင်းသန်ထိုင်ငိုချင်သွားသည်။
ခေါင်းကိုက်နေတာတောင်ဘယ်နားရောက်သွားလဲမသိတော့ပါဘူး။
ဘုရားရှင်က မင်းသန့်ရဲ့ဆုတောင်းကိုမဖြည့်စီးပုံပဲ။"ကူးကူး... မပျော်ရင် ၁၀ရက် ပျော်ရင်တစ်သက်ဆို...ဘာလိုထွတ်လာတာလဲ...အဆင်မပြေတာရှိလို့လားကိုကို့ကိုလှမ်းပြောပေါ့ကွာ..."
"ကိုကို့ကို လွမ်းနေတာက လွဲရင် အကုန်အဆင်ပြေတယ်၊အခုလည်း ကိုကိုနေမကောင်းတာကို အာရုံရနေလို့်ကိုရင်ထွတ်လာရတာ မောပါ.. အမေးကိုထူးတယ်နောိ
အသက်ကြီးလို့ထင်တယ်ကိုကိုလည်း..."
ESTÁS LEYENDO
အခ်စ္ဦးမို႔...ခ်စ္ပါသည္[ အချစ်ဦးမို့...ချစ်ပါသည် ]
Romanceကိုကိုကဘုရင်ကြီးလုပ်မှာဆိုတော့ ကူးကူးက ဘုရင်ကြီးရဲ့ သက်တော်စောင့်လုပ်မှာပေါ့လို့... ကိုကိုရဲ့ အခက်အခဲတွေဖြေရှင်းမယ်..ကိုကိုအရေးလိုရင်ကူးကူးကရှိနေမယ် ကိုကိုကတော့ကူးကူးကိုပဲချစ်နော်... ကူးကူးရည်စားစကားပြောနေတယ်လေ အဖြေပြန်ပေးတော့လို့.... အလင်းကူး ဒီက...