#unicode
#zawgyi"အချစ်က ကောင်းကျိုးကို မပေးဘူး အဟင့်....
အချစ်ဆိုတာကြီးကို ကူးကူးစိတ်နာတယ်...ထားပစ်ခဲ့မယ်အဲ့လူဆိုးကြီးကို...ပျော်ပါစေ...အီးဟီး....အဲလိုလည်း မဟုတ်ဘူး..မပျော်ပါစေနဲ့...ကူးကူးကိုငိုရအောင်လုပ်တာမပျော်ပါစေနဲ့ အီးဟီး...သူမပျော်မှ ကူးကူးဆီပြန်လာမှာမို့ မပျော်ပါစေနဲ့ ..အီးး""ဟယ် သားဘာဖြစ်တာလဲကူးကူး...ပြောစမ်း
မေကြီးကိုပြောစမ်း..လက်မောင်းကဘာဖြစ်တာလဲ..."တစ်ရှုပ်ရှုပ်နဲ့ငိုနေတဲ့သားကြောင့်
ဘာတွေဖြစ်လာလဲ ဆိုပြီးစိုးရိမ်လာသည်။
လက်မောင်းကို ဖိထားတာကြောင့် လှန်ကြည့်လိုက်တော့ညိုမဲနေတဲ့ဒဏ်ရာ...။"ကူးကူး မေကြီးကိုပြောစမ်း..ဘာဖြစ်တာလဲလို့
မေးနေတယ်လေ..နင့်ကိုဘယ်သူလုပ်လိုက်တာလဲ..."ပိုးမွေးသလိုမွေးထားတဲ့သားမို့ ဒဏ်ရာဒဏ်ချက်နဲ့
တွေ့တဲ့အခါ ရင်ဘတ်ထဲစို့တက်ပြီး မျက်ရည်ပါကျမိလာသည်။"အီးဟီး.. မေကြီး...ငိုပါနဲ့ လို့..ကူးကူးမနာပါဘူး...
ကူးကူးဘာမှဖြစ်ဘူးလို့...""ဟုတ်ပြီး ... ဒါဆို ဒီဒဏ်ရာက ဘယ်ကနေရလာတာလဲ "
"ကူးကူး ချော်လဲတာ..."
မေကြီးကိုကူးကူးညာလိုက်သည်။
ကူးကူးကိုသူများလုပ်လိုက်တာဆို မေကြီးကစိတ်ဆိုးမှာ...။"ဘယ်လိုဖြစ်တာလဲ...ကဲ ကဲ မေကြီးဆေးလိမ်းပေးမယ်...အို..ငါသားဝက်ပေါက်လေး နာသွားပြီ...."
မေကြီးရဲ့ဝက်ပေါက်လေးဆိုတဲ့ အသံကြားတော့
ကူးကူး ဟိုအမကြီး ကိုပြန်မြင်ယောင်လာသည်။
အဲ့အမကြီးကတကယ်လှတာ...ကူးကူးပိုဝမ်းနည်းလာသည်။"အီးဟီး... မေကြီး..."
ငိုလည်ငို ကူးကူး ဆုံးဖြတ်လိုက်သည်။
Confidence level တွေ so high ဖို့
ကူးကူးလည်း ပြည့်စုံနေမှရမည်မို့....။
ကိုကိုနောင်တရ ရမည်။..
အဲ့ကြမှကူးကူးကမချစ်ပဲ... ကိုကို့ကို ပလစ်ပစ်မည်။
အဲလိုကြတော့လည်း ကိုကိုနှလုံးသားလေးနာကျင်သွားမှာနော်။
ကူးကူးဘယ်လိုလုပ်ရမလဲမသိတော့ဘူး.....အီးဟီး
DU LIEST GERADE
အခ်စ္ဦးမို႔...ခ်စ္ပါသည္[ အချစ်ဦးမို့...ချစ်ပါသည် ]
Romantikကိုကိုကဘုရင်ကြီးလုပ်မှာဆိုတော့ ကူးကူးက ဘုရင်ကြီးရဲ့ သက်တော်စောင့်လုပ်မှာပေါ့လို့... ကိုကိုရဲ့ အခက်အခဲတွေဖြေရှင်းမယ်..ကိုကိုအရေးလိုရင်ကူးကူးကရှိနေမယ် ကိုကိုကတော့ကူးကူးကိုပဲချစ်နော်... ကူးကူးရည်စားစကားပြောနေတယ်လေ အဖြေပြန်ပေးတော့လို့.... အလင်းကူး ဒီက...