#unicode
#zawgyiရဲရင့် ပါလာတဲ့ ကြေးအိုးထုတ်လေးဆွဲကာ ခြံထဲအမြန်ပြေးလိုက်လာရသည်။
ကြေးအိုးထုတ်လေးပါလာတော့ ကူးကူးရဲ့
မျက်လုံးက ရဲရင့်ရဲ့လက်ထဲကိုအာရုံစိုက်နေတာကိုတောင်ဂရုမပြုနိုင်တော့ပါ။"ကိုကြီးမင်းသန့်ထိုးပစ်...တစ်ချက်ထဲ လား ဟာဗျာ..လေးချက်လောက်ထပ်ထိုးပေးပါဗျာ...ဘယ်နှယ်လေးယောက်တောင်မဖြစ်မနေပါဆို...ကူးကူး ငါတို့အမှတ်စဉ်ထဲမထည့်ရဘူးနော်...မရဘူးနော်..."
ခြံဝကနေ အလန့်တကြားပြေးဝင်လာတော့ကူးကူးကတော့အတည်ဝင်ဆဲဲပြီထင်တာလေ။ဘယ်နှယ်သူကပါ ထိုးခိုင်းနေသေးတယ်။
"မင်းကကော ဘာလာလုပ်တာလဲ...."
" ကျွန်တော် တရားဝင်ပါမစ်နဲ့လာတာပါနော်...ကူးကူးအတွက်ကြေးအိုးလာပိုတာ...ဟွန့်..."
ဉာဏ်မှာ သူတို့်ကို ကြည့်ပြီး လဲကျနေရာကနေတောင်မထနိုင်သေး....။
"ကိုကိုကော ရဲရင့်ကော တိတ်...အကုန်တိတ်ကြ...အခုချိန်မှာသေချာတွက်ချက်မယ်ဆို မြန်မြန်က ကူးကူးကိုမုန့်များကြီးကျွေးထားတာ...မြန်မြန် လာထ ...နာသွားလားဟင်...ကူးကူးကများကြီးအားနာတာမို့စိတ်ဆိုးပြီးအိမ်မလာတာတို့ မုန့်မဝယ်ကျွေးတာတို့မလုပ်ပါနဲ့နော်...."
မြန်မြန်ကို ကူးကူးတွဲထူပေးလိုက်သည်။
ဒီဇိုင်းကာလာ အနေအထားအရမြန်မြန်က
အခုချိန်မှာမုန့်အကျွေးနိုင်ဆုံးမလား....။ကိုကို ထိုးလိုက်လို့ စိတ်ဆိုးသွားရင် ကူးကူးပဲမုန့်ငတ်မှာလေ။
အခုအချိန်က ကျောင်းပိတ်ထားတာ။ကောင်းကင်ဉာဏ်ကို ပြေးထူပြီး သူထိုးလိုက်တဲ့
နေရာကိုပါကြည့်ပြီး သဲသဲလှုပ်နေတဲ့
အရှေ့က ကတုံးကို မင်းသန့်တီးချင်နေပြီ...
ဘယ်နှယ်သူသာလက်မဦးရင်ဒီကောင် ကူးကူးကို နမ်းပြီးနေလောက်ပြီ။
ဘာမှမသိတဲ့ ကတုံး..။
ခေါင်းထဲ အစားပဲရှိတဲ့ ကတုံး..။ဒါမယ့် အပြင်မှာတော့မပြောပါဘူး...
ကူးကူးပြန်ပြောရင်သူပိုပြီးခံရနိုင်တယ်လေ...။ဒင်းလေးကတော့ ကောင်းကင်ဉာဏ်ကို
တွဲပီးကြေးအိုးထုတ်လေးဆွဲပြီးအိမ်ထဲဝင်သွားချေပြီ...။
မင်းသန့်ရင်ထဲမှာနေလို့လုံးဝမကောင်း...
သူပိုင်တဲ့ အရာလေးသူများယူကစားနေသလို
ခံစားချက်မျိုးနဲ့...
ESTÁS LEYENDO
အခ်စ္ဦးမို႔...ခ်စ္ပါသည္[ အချစ်ဦးမို့...ချစ်ပါသည် ]
Romanceကိုကိုကဘုရင်ကြီးလုပ်မှာဆိုတော့ ကူးကူးက ဘုရင်ကြီးရဲ့ သက်တော်စောင့်လုပ်မှာပေါ့လို့... ကိုကိုရဲ့ အခက်အခဲတွေဖြေရှင်းမယ်..ကိုကိုအရေးလိုရင်ကူးကူးကရှိနေမယ် ကိုကိုကတော့ကူးကူးကိုပဲချစ်နော်... ကူးကူးရည်စားစကားပြောနေတယ်လေ အဖြေပြန်ပေးတော့လို့.... အလင်းကူး ဒီက...