#unicode
#zawgyi"ဝက်ပုတ်လေးက ဘာလာလုပ်တာလဲကွ..."
ဂေဟာကလေးတွေနဲ့ အတူ ဥယျာဉ် စိုက်နေရင်း
ကူးကူးကိုတွေ့တော့ ဉာဏ်ဝမ်းသာသွားသည်။
သူ ဝက်ပုတ်လေးကိုသတိရနေတာ...သူလေးကတော့ကြောင်စီစီလေးကြည့်နေသေးပြီး
စဉ်စားခန်းဖွင့်နေတဲ့ပုံ...
အသည်းယားလာတာမို့ ခေါင်လုံးလုံးလေးကို
ပွတ်ပေးဖို့လုပ်လိုက်တော့ ရှောင်သွားပြီး
နှုတ်ခမ်းလေးဆူပြီးကြည့်နေသည်။"ဟောဗျာ ဘာဖြစ်လို့လဲဝက်ပေါက်လေးရ"
"ဝက်ပေါက်လို့မခေါ်ပါနဲ့ ကြိုက်ဘူးနော် ဒါနဲ့မြန်မြန်က ဘာလို့ဒီကိုလာတာလည်း"
"ကိုကြီး သူငယ်ချင်းက ဒီမှာရှိလို့လေ..."
ကိုကြီး.... မြန်မြန်က ကိုကြီးလို့ပြောလိုက်တာလား...
ကူးကူးပြောပါတယ် မြန်မြန် ကူးကူးကိုမရိုးပါဘူး ဆို....
ကူးကူး မသိချင်ယောင်ဆောင်နေပါမယ်လေ.....
ဝိုင်းချစ်ခံရတဲ့ခံစားချက်က သိပ်သိပ်ကောင်းတယ်...
ကူးကူးပြန်မချစ်မှန်းသာသိရင် ကူးကူး ကို
ကိုကိုပြန်မချစ်သေးလို့ ကူးကူးရင်ဘတ်ကြီးနာရသလို
မြန်မြန်လည်းနာနေမှာ မသိချင်ယောင်ဆောင်နေရမယ်လေ...ခေါင်းလေးကို ဟိုဘတ်စောင်းလိုက်ဒီဘတ်စောင်းလိုက်
နဲ့စဉ်စား ခန်း ဖွင့်နေတဲ့ ကောင်ပေါက်လေးကို
မြန်မြန်သဘောတကျကြည့်နေမိသည်။"ဘာတွေ စဉ်စားနေတာတုန်း ဗျ..."
"မြန်မြန်"
"ပြောလေ"
"အရမ်း သဘောမကျနဲ့နော်..ကူးကူးက
ပြန်သဘောမကျရင်မြန်မြန် ရင်ဘတ်ကြီးက နာလိမ့်မယ်"ပြောလည်းပြော ပြေးထွတ်သွားသည့်မျတ်နှာလေးရဲပီး
ကောင်ပေါက်လေးကို
ကြည့်ပြီး ဉာဏ်ကြောင်သွားမိသည်။
ငါဘာကိုသဘောကျမိလို့ ရင်ဘတ်က နာမှာပါလိမ့်....._______________________
ဂေဟာ က ကလေးတွေနဲ့အတူတူ ဝိုင်းဖွဲ့ပြီး ထမင်း စားနေတဲ့ ကူးကူးပုံလေးက မြတ်နိုးဖွယ်အတိမို့
ဒေါ်ခင်မေသက်ထားပြုံးကြည့်မိသည်။
BẠN ĐANG ĐỌC
အခ်စ္ဦးမို႔...ခ်စ္ပါသည္[ အချစ်ဦးမို့...ချစ်ပါသည် ]
Lãng mạnကိုကိုကဘုရင်ကြီးလုပ်မှာဆိုတော့ ကူးကူးက ဘုရင်ကြီးရဲ့ သက်တော်စောင့်လုပ်မှာပေါ့လို့... ကိုကိုရဲ့ အခက်အခဲတွေဖြေရှင်းမယ်..ကိုကိုအရေးလိုရင်ကူးကူးကရှိနေမယ် ကိုကိုကတော့ကူးကူးကိုပဲချစ်နော်... ကူးကူးရည်စားစကားပြောနေတယ်လေ အဖြေပြန်ပေးတော့လို့.... အလင်းကူး ဒီက...