Part 6

406 45 2
                                    

Zawgyi font

Xiao Zhan Part of View..

ကလင် ကလင် ကလင်....📱📱📱📱

နားထဲကိုအဆက်မပြတ်တိုးဝင်လာတဲ့ ဖုန်းသံကြောင့်
ရှောင်းကျန့်တယောက်... လန့်နိုးလာခဲ့သည်...
အိပ်မူံစုံဖွားဖြင့် မျက်လုံးတို့ချက်ချင်းမဖွင့်နိုင်..
လက်က ဖုန်းသံလာရာ lamp table ထက်သို့ 
ဟိုစမ်းဒီစမ်းလုပ်ရင်း ဖုန်းကို ကောက်ကိုင်လိုက်သည်...
ဖုန်းကိုကိုင်ကာ နား နားကပ်လိုက်တယ်ဆိုရင်ပဲ..

"ဟေ့ကောင် ရှောင်းကျန့်ထတော့ မင်းအကြောင်းသိလို့
ငါစောစောနိုးတာ..ဒီနေ့လေ့လာရေးခရီးသွားရမှာလေ...
ကြိုမဲ့ကားက 53း0AM မင်းတို့လမ်းထိပ်ရောက်မှာ..မင်းအသင့်ပြင်ထားတော့ ပြန်မအိပ်နဲ့နော်..ဟေ့ကောင်
ငါပြောတာကြားလား.. အသက်ကောရှိသေးလား..
ဟေ့ကောင်....''
ကျန်းချန်တယောက်အဆက်မပြတ်ပြောနေတော့သည်..

"အေး ကြားတယ်.. စကိုင်ကတည်း မင်းချည်းပြောနေတာ
လေ.. ရပ်မှမရပ်သေးတာ စိတ်ချ...မင်းအသံဆိုးကြောင့်
မျက်လုံးလဲပြူးကျယ်နေပြီ ဒါပဲမလား..."

"မင်းပဲ မနက်ကျ ငါ့ကိုနိုးပါဆို ဖုန်းအသံဖွင့်ထားမယ်ဆို
နိုးစက်ထက် ငါ့အသံက ပိုသေချာလို့ဆို...
ဒါပဲ ပြန်မအိပ်နဲ့နေိာ''

"အေးပါကွာ မင်းသြဇာသီးရောင်းလဲနောက်မှရောင်း.
အဲ့ဒါနဲ့ 5နာရီခွဲတော့မယ်... ဒါပဲ..''

ဖုန်းချပြီးတော့လူကငေါင်တောင်တောင်ရယ်
နာရီကြည့်လိုက်တော့ 4း00AM
ကျန်းချန်ဒါမျိုးတော့အားကိုးရတယ်. ဟီးဟီး..
ဒါပေမဲ့ 43း0AM လောက်မှနိုးသင့်တယ်မလား..

ရှောင်းကျန့်တယောက် အိပ်ယာမှထလိုက်ကာ
ရေချိုးခန်းဆီသို့.....

အမှန်ဆို မနက်စောစောဆောင်းအကုန်နွေကူးစမို့
ဆောင်းလေ လက်ကျန်ကစိမ့်ခနဲ ကျောက်သားရေကန်ထဲက ရေတွေကို လက်နဲ့ထိကြည့်တော့အေးစိမ့်နေတာပဲ
ရေချိုးရမှာသူနဲနဲတော့တွေဝေမိသည်. မချိုးတော့ရင်ကောင်း
မလားစဉ်းစားမိလိုက်သေးပေမဲ့..တနေ့ကုန်လန်းဆန်းဖို့
မျက်စိမှိတ်ကာလောင်းချရတော့မည်..
"ဟူး.. .........''သက်ပြင်းရှည်ရှည်တစ်ချက်ချကာ
ရေတခွက်ကို အသက်အောင့်ကာ လောင်းချလိုက်တော့
သည်....ရှောင်းကျန့်တယောက်ရေချိုးအပြီး..
ဟိုစွတ်ဒီစွတ်.....လုပ်နေစဉ်...

အိမ်မက်သခင်၏ ဆင့်ခေါ်ရာWhere stories live. Discover now