Part 11

296 39 10
                                    


Zawgyi font

ကျန်းချန်တယောက် မျက်လုံးနှစ်လုံးပွင့်ကတည်းက
မျက်တောင်မခတ် ငေါင်နေတဲ့သကောင့်သားရဲ့
မျက်နှာရှေ့ကို လက်လေးကာကာပြလိုက်တော့တယ်
ထိုအခါမှသကောင့်သားက အဲ...အင်း..နဲ့
ပစ္စည်းတွေထစစ်တော့တယ်..

ညကလဲမှောင်တဲ့ဘက်သို့တဖြေးဖြေးကူးပြောင်း
လာတယ်..
express ကားကလဲ ညအမှောင်အတိုင်း
ဖြည်းဖြည်းမှန်မှန်မောင်းနှင်နေဆဲ..
ကားလေးထဲလဲ လူတဝက်ပဲကျန်တော့တယ်..

ကောင်လေးတယောက်ကတော့ လမ်းထိပ်ရောက်တိုင်း
ဆင်းသွားတဲ့ကျောင်းသားတွေရဲ့ ရုတ်ရုတ်ရုတ်..
ဆူဆူညံညံတွေလဲမသိ..သူတယောက်တည်း
တိတ်ဆိတ်နေလေရဲ့...

"ကျန်းချန်.. ငါလေစောနကအိမ်မက်မက်တာ တမျိုးကြီးပဲ.. ငါမင်းကို ယီလင်မှာ အသံကြားတယ်လို့ပြောတာမှတ်မိလား ခုအိမ်မက်ထဲမှာလဲ..xxxxxxxx''
ကျနိးချနိကိုအသေးစိတ်ပြောပြမိလိုက်တယ်..

ကျန်းချနိကထုံးစံအတိုင်းနားထောင်မြဲပဲ..
ပြောချင်ရာပြောပါစေ အရူးစိတ်ချမ်းသာတိုင်းပြည်
အေးချမ်းတယ်ဆိုတဲ့မျက်နှာဘေးနဲ့ပဲပေါ့...
သူကလဲနားထောင်ချင်ချင်မချင်ချင်
မျက်နှာပြောင်တိုက်ပြီးပြောပြနေကျ..
ဒီတခါတော့ အဲ့လူဘယ်လိုချောကြောင်းမျက်နှာလေးကအစအသေးစိတ်ပြောပြနေမိတော့တယ်..
ကျန်းချနိကတော့ မနိုင်ဘူးဆိုတဲ့မျက်နှာဘေးနှင့်သာ
နားထာငိရှာပါတယ် ...

ပြီးတော့ ကျန်းချန်းကပြောသေး

မင်းကို ငါနိုးတုန်းက လွှတ်လွှတ် ဆိုပြီးအော်နေတာတဲ့...
မသိရင်ရုပ်ရှင်ထဲက မင်းသားကမင်းသမီးကိုမတရား
အနိုင်ကျင့်လို့အော်နေတာကြလို့တဲ့..
အဲ့လိုပြောတော့ ရှောင်ကျန့်တယောက်
မျက်နှာလေးရဲခနဲနဲ့ ရှက်ရသေးတယ်.
ရှက်ရှက်နဲ့ ဂုတ်ကိုပွတ်လိုက်တော့ စိုစိုစိစိအထိအတွေ့ 
တခု ပခုံးထက်မှာခံစားမိတယ်. ဖုန်းကင်မရာနဲ့ ထုတ်ကြည့်မိတော့.. ရှပ်အင်္ကျီပေါ်မှာစိုနေတဲ့အကွက်လေး
ရေကျတာလား..ရှောင်းကျန်တွေးနေစဉ်..
ရုတ်တရတ် ဖြတ်ခနဲအသိတခုက ဝင်လာတယ်..
အိမ်မက်ထဲကထိုလူစိမ်းခေါင်းအပ်ရာနေရာလေး
သူ့ဆီပြေးလာဖက်တော့မျက်ရည်စတွေနဲ့..

အိမ်မက်သခင်၏ ဆင့်ခေါ်ရာWhere stories live. Discover now