Part 5

529 50 11
                                    

Zawgyi font

အပိုင်း ၅

နောက်ဆုံးတော့ လိပ်ပြာတောင်ကြားဂူမှ ကူစူးမြို့တော်
လန်အိမ်တော်သို့ ခရီးဆက်ခဲ့ကြသည်..
အမှန်ဆို သူ မပြန်ချင်ပေ..
ဒါပေမဲ့ လန်သခင်ကြီးမျှော်နေတာမို့. သူသွားတွေ့ရ
မည်လေ.. ငယ်ကတည်းက မိစ္ဆာမျိုးနွယ်တစုရဲ့ 
ခန္ဓာတောင်အစရှာမရဖျက်စီးခံရတဲ့မိဘတွေကို
ညီအကိုနှစ်ယောက် ပုန်းနေရာကတဆင့်
မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်.အဲ့ကတည်းက
သူအေးစက်သွားခဲ့တာ.သူတို့ညီအကိုနှစ်ယောက်ကို..
ပါးပါးရဲ့အကိုတော်က မွေးစားခဲ့တယ်. တူဝရီးတွေ
ဖြစ်ပေမဲ့ သားအရင်းနဲ့မခြားပညာသင်စောင့်
ရှောက်ပေးခဲ့တဲ့ကျေးဇူးလဲရှိသေးတယ်လေ ...

ကူးစူးမြို့ ရောက်တာနဲ့ အတိတိကအရိပ်အငွေ့တွေက လေအေးတချို့ နဲ့အတူသူ့ပါးပြင်ကို ရိုက်ခတ်သွားတယ်
ဝေ့ရင်းရဲ့ခြေရာတွေလဲ ထပ်ခဲ့တယ်လေ.

လန်အိမ်တော်ကတော့ မပြောင်းလဲ အစေအပါးတွေနဲ့ အနယ်နယ်အရပ်ရပ်မျိုးနွယ်စုလောင်းလျာလေးတွေက လန်အိမ်တော်မှာ ကျင့်စဉ်ဖလှယ်ပညာသင်ဖို့ ရောက်ရှိနေကြတယ်..
သူနဲ့ဝေ့ရင်းလဲ ခုလိုနွေရာသီတခုမှာ..ဒီလိုပုံစံမျိုးနဲ့စတွေ့ခဲ့တာပဲမဟုတ်လား..

သူဝင်လာတော့လူပ်ရှားနေတာတွေရပ်တန့်သွားပြီး
ခေါင်းငုံ့အရိုအသေပြုကြတယ်..အစေခံတချို့ကတော့
၃ပေကွာပြေးရပ်ကြပြီး.. အသက်ပင်ရဲရဲမရှူရဲ..ဘာလို့လဲ
မသိ ... ကျောက်စိမ်းကိုယ်တော်လေးရဲ့အေးစက်စက်
အကြည့်တွေကိုရင်မဆိုင်ရဲကြ...

ပညာဖလှယ်ကျောင်းသား တချို့ကတော့ ပါးစပ်အဟောင်းသားမျက်တောင်မခတ်ကြည့်နေကြသည်.

အဖြူရောငိဝတ်ရုံကိုဝတ်ဆင်ထားပြီး ခြေတလှမ်းတလှမ်းက ညင်သာပေမဲ့မာန်ပါလွန်းသည်..နှာတံစင်းစင်းနှင့်သေသပ်တဲ့မေးရိုးတို့က ချောမောလှတဲ့မျက်နှာကို ပိုထည်ဝါစေတယ်.. ထိုမျက်နှာလေးနဲ့မှ မလိုက် အေးစက်နေတဲ့တည်ငြိမ်နေတဲ့
မျက်ဝန်းတွေ....ဒါကျင့်ကြံသူလောကမှာ နာမည်ကြီး
ကျောက်စိမ်းသခင်ကိုယ်တော်လေးရဲ့ဂုဏ်သတင်းက
မျိုးနွယ်စုတွေကြား ကြားဖူးတာ သူတို့မမြင်ဖူးကြ
ခုလိုအရှင်လတ်လတ်တွေ့ရတော့

အိမ်မက်သခင်၏ ဆင့်ခေါ်ရာحيث تعيش القصص. اكتشف الآن