Part 7

356 39 4
                                    

Zawgyi font

အပိုင်း (၇)

Lan Wang ji part of View.

ကျောက်စိမ်းကိုယ်တော်လေး ညကအိပ်ကောအိပ်ရဲ့
လားမသိ အာရုဏ်မတက်ခင် ရှီးချန်ကိုယ်တော်အဆောင်
ကိုရောက်နေပြီ...

(ဟုတ်ပါတယ် ခင်ဗျားတို့ တွေးတိုင်းအတိုင်း ကျွန်တော်
ညကအိပ်မရခဲ့ဘူး စိတ်အစုံကလဲ အာရုဏ်တက်ရင်သွားရမဲ့ ဝေ့ရင်းကိုပြန်ရဖို့ မသေချာတဲ့မျော်လင့်ချက်တစုံတရာဆီကို
ရောပေါ့ .. ပြတင်းပေါက်ကနေတဆင့် ထိန်ထိန်သာနေတဲ့ လဝန်းကြီးကို ကြည့်ပြီး ဘ၀မှာတခါမှ မတောင်းဖူးတဲ့
ဆုတွေတောင်းနေခဲ့တာ ...)

ရှီးချန်ကိုယ်တော်နှင့် ကျောက်စိမ်းသခင်လေးတို့
ကိုယ်တော်နှစ်ပါးနတ်ဆရာရှင်းဆီသို့
ခရီးဆက်ခဲ့ကြတယ်....

နတ်ဆရာရှင်းအိမ်တော်ရောက်တော့ နတ်ဆရာရှင်း
တပည့်လေး ယိုယိုကထွက်လာသည်..

"လန်သခင်လေးတို့ပါလား ထိုင်ပါဦး''

ရှီးချန်ကိုယ်တော်တော်က

"နတ်ဆရာရှင်းနဲ့ တွေချင့်လို့ပါ''

"ဆရာကြီးက ကျင့်စဉ်ကျင့်နေလို့ ခဏစောင့်ပါဦးနော်
ကျွန်တော်အကြောင်းသွားကြားလိုက်ပါဦးမယ်''

ယိုယိုထွက်သွားပြီး
အစေခံတယောက်ရောက်လာပြီး
ပန်းပေါင်းစုံရေနွေးဖြင့် ဧည့်ဝတ်ပြုသည်
ရှိးချန်ကိုယ်တော်တယောက် တုန်ယင်နေတဲ့လက်တွေနဲ့
ရေနွေးခွက်ကိုကိုင်နေတဲ့ ညီငယ်ရဲ့ စိတ်လှုပ်ရှား
နေမှုကို ရိပ်မိတာကြောင့်ပခုံးကိုအသာဖွဖွကိုင်ကာ
စိတ်မလှုပ်ရှားဖို့အားပေးလိုက်သည်..

မကြာခင် ယိုယိုတယောက်ပြန်ရောက်လာသည်
ဆရာကြီးအဆောင်ကိုလိုက်ခဲ့ပါ ဆရာကြီးစောင့်နေပါ
တယ်....ရှီးချန်ကိုယ်တော်နှင့် ကျောင်စိမ်းသခင်လေးလဲ
ယိုယိုနောက်လိုက်ခဲ့တော့သည်...

နတ်ဆရာရှင်းအဆောင်ရောက်တော့

"လန်အိမ်တော်ကသခင်လေးတို့ပါလား ကိုယ်တိုင်ကိုယ်ကျလာတယ်ဆိုတော့ သာမာန်ကိစ္စတော့မဟုတ်လောက်ဘူးထင်တယ်...'''

ရှိးချန်ကိုယ်တော်..ကျောက်စိမ်းသခင်လေးနှင့်
ဆရာရှင်းတို့အပြန်အလှန် အရိုအသေပေးလိုက်ကြပြီးနောက်

အိမ်မက်သခင်၏ ဆင့်ခေါ်ရာWhere stories live. Discover now