"My Love is You"[Ep.7]

431 21 0
                                    

Boys:Jeongyeon(🐊),Chaeyoung(🐯),Dahyun(📹),Tzuyu(🐶)
Girls:Nayeon(🐰),Momo(🐥),Sana(🐍),Jihyo(🦄),Mina(🐧)
---------------------------------
🐍:Tzu...Tzyuy. 😲😲
🐶:ဟုတ်တယ်ကျွန်တော်ဘာလို့Noonaကအရင်လာဝင်တိုက်ပြီးလျှောက်အော်နေတာလဲ။
🐍:တောင်းပန်ပါတယ်ဟာငါမှားတာငါမသိလိုက်လို့
🐶:ဝယ်လာတာကလဲများလှကြီလားမုန့်တွေကလည်းလချုပ်စားဖို့လားနည်းတာမဟုတ်ဘူး။
🐍:ထားပါတော့လောလောဆယ်တော့အားရင်ငါ့ကိုဒါလေးကို Car parking အထိကူသယ်ပေးပါလား။
🐶:ဒီမှာကျွန်တော်ကNoonaရဲ့အလုပ်သမားမဟုတ်ဘူးနော်။
🐍:ငါကလည်းနင့်ကိုအကူအညီလိုလို့တောင်းတာကိုနင်ကမကူညီချင်တာလား။
🐶:လမ်းကြုံလားမလမ်းကြုံလာလည်းနည်းနည်းပါးပါးမေးပါအုံးလား
🐍:နင်လမ်းမကြုံမြန်းငါသိနေလို့ပေါ့ဒါကြောင့်တစ်ခါတည်းအကူအညီတောင်းလိုက်တာ
🐶:ပေးပေးကူသယ်ပေးမယ်
🐍:စောစောကတည်းကဒီလိုပြောပါလားလူကိုလာချေနေသေးတယ်။
🐶:မင်းလည်းအကူအညီလိုရင်စကားကိုကောင်းကောင်းပြောပေါ့ပြောတဲ့စကားကိုကကူညီချင်စရာကိုမရှိဘူး။
TzuyuလဲCar.parkingအထိလိုက်ပို့ပေးခဲ့တယ်။
🐍:Tzuyu yaကျေးဇူးပဲရော့(ပြောရင်းမုန့်တစ်ထုပ်ကိုTzuyuလက်ထဲထည့်ပေးလိုက်တယ်)
🐶:ဒါကဘာလဲ
🐍:မုန့်လေ..ရိုးရိုးမှန့်တော့မဟုတ်ဘူးနော်ဒါကငါအကြိုက်ဆုံးမုန့်နော် ငါဝယ်တိုင်းဘယ်သူ့ကိုမှကျွေးတာမဟုတ်ဘူးနင့်မို့လို့ငါ့ကိုကူညီပေးခဲ့လို့နော်ငါသွားပြီနော်(ကားပေါ်တက်ပြီးပြန်သွားခဲ့တယ်)
🐶:Aww..ဒီလိုကျတော့လည်းကျေးဇူးတရားတော့သိသားပဲ(ပြုံးရင်းတာကျန်ခဲ့လေတယ်)
<<2yeonတို့ဖက်မှာတော့>>
🐊:နေ့လယ်စာစားပြီးခဏနားကြတာပေါ့ပြီးမှဆက်စာလုပ်မယ်လေ။
🐰:ကောင်းပါတယ်ငါလဲဗိုက်နဲနဲဆာနေပြီ😁😁
🐊:ဗိုက်ဆာရင်လဲခဏလောက်တော့စောင့်မှရမယ်ဟင်းတွေကနွှေးရအုံးမှာမို့လို့။
🐰:ရပါတယ်အဲ့လောက်တော့စောင့်နိုင်ပါတယ်။
Jeongyeon မီးဖိုခန်းထဲဝင်သွားပြီးဟင်းနွှေးနေတယ။်Nayeon ကိုတော့ထမင်းစားခန်းမှာပဲစောင့်ခိုင်းထားတယ်။
🐰:'s mind:ရှင်ကဒီလိုမီးဖိုထဲကကိစ္စတွေကောလုပ်တတ်တာပဲလား
ဘာလို့အရာရာတိုင်းကိုလုပ်တတ်နေရတာလဲဒီလိုပြီးပြည့်စုံတဲ့သူဆိုတာလောကမှာရှိလို့လားနင့်ကြောင့်ငါ့စိတ်တွေတဖြေးဖြေးယိုင်လာတာကောနင်သိရဲ့လားအရူးကောင်(Nayeonတစ်ယောက်အတွေးပေါင်းများစွာနဲ့)
🐊:ဒီမှာစားလို့ရပြီနော်ဟင်းကိုသေချာနွှေးထားပေးတယ်.ပြီးတော့ကြက်ဥလိပ်ကြော်ထားပေးတယ်။
(Nayeon ကြက်ဥလိပ်ကြော်စားကြည့်လိုက်တော့)
🐰:တော်တော်အရသာရှိတာပဲလုံးဝနာမည်ကျော်စာဖိုမှူးတွေချက်ထားတဲ့အစားအစာတွေလိုပဲ။
🐊:မင်ကြိုက်ရင်များများစားပါဒါပေမဲ့အဲ့လောက်အထိတော့ချီးကျူးစရာမလိုပါဘူးနော်ဒါကဘာမဟုတ်တဲ့ကြက်ဥလိပ်လေးပါပဲ။
🐰:မဟုတ်ဘူးငါစားဖူးတဲ့ထဲမှာတော့ဒါကအကောင်းဆုံးပဲ။(လက်မထောင်ကာပြောလိုက်တယ်)
🐊:ကဲပါစကားမများနဲ့စားတော့။(Jeongyeonမျက်လုံးထဲမှာတော့Nayeonရဲ့အမူအယာလေးကသိပ်ချစ်ဖို့ကောင်းနေတယ်)
<<ထမင်းစားပြီးသွားတော့>>
🐊:ကောဖီသောက်မလား
🐰:မသောက်တော့ပါဘူးအပြင်မသွားချင်ဘူးလေ။
🐊:အပြင်မထွက်ရပါဘူး။
🐰:သွားဝယ်ပေးမလို့လားမလုပ်ပါနဲ့ရတယ်။
🐊:သွားမဝယ်ပါဘူး။ဘာသောက်ချင်လဲတာပြော။
🐰:အမျိုးအစားအစုံရှိတာလား
🐊:သောက်ချင်တာကိုသာပြောလိုက်ပါ။
🐰:Cappuccino ဆိုရင်ကော။
🐊Ok,wait a minute.
ခဏကြာတော့တော့Jeongyeon Coffeeခွက်နှစ်ခွက်ကိုင်ပြီး မီးဖိုခန်းကနေထွက်လာတယ်။☕☕
🐊:ရော့(ခွက်တစ်ခွက်ကိုလှမ်းပေးလိုက်တယ်။)
🐰:Cappuccino ပဲ။
🐊:အင်းဆိုင်မသွားလဲသောက်လို့ရတယ်။
🐰:ရှင်ကိုယ်တိုင်လုပ်တာပေါ့လေ။
🐊:အင်း။
🐰:ဘယ်လိုများလုပ်တတ်တာလဲအရသာကလဲဆိုင်တွေကရောင်းသလိုပဲကောင်းတယ်။
🐊:Coffeeဆိုင်မှာလုပ်ဖူးလို့ဖျော်တတ်တာပါ။
🐰:ရှင့်လိုသူဌေးသားကCoffeeဆိုင်မှာအလုပ်လုပ်ဖူးတယ်ပေါ့။
🐊:အင်းဟုတ်တယ်အခုငါတို့ကျောင်းပြန်တိုင်းထိုင်နေကြCafeမှာလေ။
🐰:ဘာလို့သွားလုပ်ခဲ့တာလဲ။
🐊: ........
🐰:ရှင်မဖြေချင်လဲရပါတယ်။
🐊:မဟုတ်ပါဘူးရုတ်တရက်ဆိုတော့....
🐊:လွန်ခဲ့တဲ့တစ်နှစ်ကပါDahyun,Chaeyoung,Tzuyuတို့နဲ့အတူလည်ရင်းညသန်ခေါင်ကျော်မှအိမ်ပြန်ရောက်လို့ငါတို့ညီအကိုနှစ်ယောက်လုံးကိုအပြစ်ပေးတဲ့အနေနဲ့Appaကမုန့်ဖိုးဖြတ်ခဲ့တာ။ငါတို့နှစ်ယောက်ပဲမဟုတ်ဘူးTzuyuတို့လဲအဖြတ်ခံခဲ့ရတယ်။
🐰:ဒါကြောင့်ကိုး။
🐊:အဲ့တာနဲ့မုန့်ဖိုးရအောင်လို့ဆိုပြီးCafeမှာအချိန်ပိုင်းအလုပ်ဝင်လိုက်တာလေရတဲ့ပိုက်ဆံနဲ့ငါတို့လေးယောက်မုန့်ဝယ်စားကြတယ်.နောက်တော့Appaသူငယ်ချင်းတွေကမြင်ပြီAppaကိုပြောပြတော့မှ Appa လဲမကြည့်ရက်လို့မုန့်ဖိုးပြန်ပေးပြီးအလုပ်ထွက်ခိုင်းတာ။
🐰:ရှင်Cafeမှာဒုက္ခရောက်ခဲ့မှာပေါ့နော်။
🐊:အမှန်ကစစချင်းကတော့နဲနဲအခက်တွေ့တာပေါ့နောက်တော့Coffeeအမျိုးအစားအစုံကိုဖျော်တတ်တော့အချိန်ပိုင်းအလုပ်မှာပျော်ခဲ့တယ်။(မသိဘူးသူ့အကြောင်းလဲထည့်ရေးမယ်😁😁)
🐰:အတွေ့အကြုံကောင်းတွေရခဲ့မှာပဲဘယ်သူဌေးသားသမီးမျိုးကမှဒီလိုအချိန်ပိုင်းအလုပ်လုပ်ဖူးမှာမဟုတ်လောက်ဘူးကျွန်မအပါအဝင်လေ။
🐊:စာဆက်လုပ်ကြမလား။
🐰:ကောင်းပြီလေဆက်လုပ်တာပေါ့။
ဧည့်ခန်းထဲတွင်စာလုပ်နေရင်းခဏကြာတော့
🐊:Nayeonကြည့်ရတာစာထဲစိတ်ရောက်နေပုံမရဘူးနော်။
🐰:စာလုပ်နေရတာမနက်ကတည်းကလေပြီးတော့ထမင်းစားပြီးတော့လဲခဏလေးပဲနားရတယ်လေ။အခုကနေ့လယ်နှစ်နာရီတောင်ရှိနေပြီ။
🐊:စိတ်မလန်းတော့ဘူးဆိုပါတော့။
🐰:ဟုတ်တယ်နားချင်နေပြီ။😥😥
🐊:နားလိုက်ပါညမှဆက်လုပ်ကြတာပေါ့။
---------------------------------------------------
At 4:30 pm
🐯:Hyung ကျွန်တော်ပြန်ရောက်ပြီနော်။
🐊:အေး မင်းနောက်ကျတယ်နော်ဘယ်တွေလျှောက်သွားနေတာလဲ။
🐯:ဒီလိုပါပဲအခန်းပြန်ပြီးရေချိုးအနားယူလိုက်အုံးမယ်Hyungအရသာရှိတာလေးချက်ထားပေးနော်။
🐊:အေသိပြီမို့လို့သွားအနားယူလိုက်အုံး။
🐯:Hyungကကျွန်တော့်Hyungဖြစ်နေတာကိုကျွန်တော်အပျော်ဆုံးပဲ။(ပြောပြီးသူ့အခန်းထဲဝင်သွားတယ်)
🐊:ဒီကောင်တော့အိမ်ပြန်လာကတည်းကအူမြူးနေတဲ့ပုံပဲ။
Jeongyeonတို့ညီအကိုနှစ်ယောက်ပြောတာကိုရေသောက်မလို့အောက်ဆင်းလာတဲ့Nayeonကြားလိုက်တယ်။
🐰's mind:Jeongyeon ရှင့်သရုပ်မှန်ကဘာလဲ။ဘာလို့လူကိုစိတ်ဝင်စားစရာတွေပေးနေရတာလဲသိချင်မိတယ်ရှင်ကသိပ်ထူးခြားတဲ့သူပဲ။(Nayeonတွေးရင်းရေဆင်းမသောက်တော့ပဲအပေါ်ပြန်တက်သွားတယ်)
-----------------------------------------------------------------------
Chaeyoung ကတော့အခန်းထဲရောက်တော့ရေချိုးပြီးအိပ်ယာထဲ ဝင်လှဲလိုက်တယ် ဖုန်းကိုထုတ်ပြီးသူနဲ့Minaတို့Dateလုပ်ရင်းရိုက်ခဲ့ တဲ့ဓာတ်ပုံတွေကိုကြည့်နေတယ်။
🚪🚪Knock knock (တံခါးခေါက်သံ)
🐊:Chaeyoung ya ငါဝင်ခဲ့ပြီနော်(ပြောပြီးတာနဲ့ဝင်ခဲ့လိုက်တယ်)
🐯:Hyung
🐊:ထမင်းစားမယ်လေလာငါအကုန်ပြင်ပြီးပြီ
🐯:Hyungကိုပြောစရာရှိတယ်။
🐊:ပြောလေChaeyoung ya
🐯:ကျွန်တော်Minaနဲ့တွဲနေတာပါ။
🐊:တကယ်ကြီးလား။အေးပါငါဝမ်းသာတယ်နော်။
🐯:Hyungလဲကြိုးစားကြည့်လေ။
🐊ဘာကိုလဲ။
🐯:Nayeon noonaကိုလေ။
🐊:ငါ..ငါ..ငါမသိသေးဘူး။
🐯:ဘာကိုမသိသေးတာလဲ။
🐊:ငါသူ့ကိုသဘောကျရဲ့လားဆိုတာမသေချာသေးဘူး။
🐯:Hyungအနေနဲ့မသေချာသေးရင်လဲပြီးတာပဲသေချာရင်တော့နှောင့်နှေးနေတာမျိုးမလုပ်နဲ့Hyungပိုခံစားရလိမ့်မယ်။
🐊:အေးပါကွာချစ်သူရသွားတာနဲ့ပဲငါ့ကိုဆရာလာလုပ်နေတယ်။
🐯:Hyungမဖွင့်ပြောပဲခံစားနေရမှာစိုးလို့ပြောတာပါ။
🐊:အေးပါလာထမင်းစားရအောင်။
🐯:အင်း။
🐊:ငါNayeonကိုထမင်စားဖို့သွားခေါ်လိုက်အုံးမယ်ထမင်းစားခန်းကနေစောင့်နေအုံး။
🐯:အင်း
🐯's mind:Hyungကြောက်နေတာတွေကိုဖယ်ထုတ်လိုက်ပြီး တစ်ခါလောက်အရဲစွန့်ကြည့်စေချင်တယ်ရင်ဆိုင်ကြည့်လိုက်ပါHyung
🚪🚪Knock Knock
🐊:Nayeon
(Nayeon အခန်းပြင်ထွက်လာတယ်)
🐊:ထမင်းစားဖို့လာခေါ်တာလာ။
---တို့သုံးယောက်ထမင်းစားခန်းမှာထမင်းစာကြတယ်။---
🐯:Hyungလက်ရာကအကောင်းဆုံးပဲ👍👍
🐊:အပိုတွေပြောမနေနဲ့စားပြီးရင်လဲသွားတော့။
🐯:ဒါဆိုသွားပြီနော်စာလုပ်လိုက်အုံးမယ်(ပြောပြီးအခန်းပြန်သွားတယ်)
🐊:Nayeonလည်းစားပြီးပြီဆိုတော့အခန်းပြန်နားလိုက်ပါအုံးနောက်နာရီဝက်နေရင်ကျွန်တော်စာလုပ်ဖို့လာခေါ်မယ်။
🐰:ဟုတ်ပါပြီဒါနဲ့Jeongyeonကဘာလုပ်အုံးမှာမို့လို့လဲ။
🐊:ဟင်းတွေသိမ်းပြီးပန်းကန်တွေဆေးအုံးမှာမို့လို့သွားနားလိုက်ပါအုံး။
🐰:ကျွန်မလုပ်ကူရမလား။
🐊:ရပါတယ်သွားနားနေလိုက်ပါ။စာလုပ်ရင်စိတ်မပါမှာစိုးလို့။
🐰:ကောင်းပါပြီ(ထမင်းစားခန်းကထွက်သွားလေတယ်)
**Jeongyeonကတော့ထမင်းစားခန်းထဲမှာပန်းကန်တွေဆေးရင်းနဲ့တစ်ခန်းလုံးသန့်ရှင်းအောင်ပြန်လုပ်နေတယ်ပြီးသွားတော့မှNayeonကိုစာလုပ်ဖို့လာခေါ်တယ်။**
🚪🚪:Knock knock
🐊:Nayeon စာလုပ်ဖို့လာခေါ်တာ။
🐰:ဟုတ် ကောင်းပြီလေ။
🐊:ကျွန်တော့်အခန်းမှာပဲစာလုပ်ကြတာပေါ့။
🐰:ရှင်....
🐊:ဒါဆိုကျွန်တော်မင်းအခန်းမှာလာလုပ်ပေးရမလား။
(Nayeonသူ့အခန်းကိုကြည့်လိုက်တော့ရှုပ်ပွနေတယ်)
🐰:ရပါတယ်Jeongyeonအခန်းမှာလာလုပ်ပါမယ်။
🐊:ဒါဆိုလာလေ။
---Jeongyeonအခန်းရောက်တော့ ---
🐰:အိုးးးအရင်တစ်ခေါက်ကအိပ်ဖို့ပဲလာတော့သေချာသတိမထားမိလိုက်ဘူးguitarနဲ့Saxophoneလည်းရှိနေတာပဲ
🐊:အင်းးး စာလုပ်ကြတာပေါ့
(စာလုပ်နေရင်းJeongyeonမျက်လုံးအားနည်းလာလို့မျက်မှန်တပ်လိုက်တယ်။)
🐰's mind:ဒီလိုမျက်မှန်တက်လိုက်လဲကြည့်ကောင်းနေလိုက်တာ။ ဘာငါကသူ့ကိုအခုအာရုံသွားစိုက်နေတာလားNayeonနင်တော့နော်ရူးသွားတာလား။(Nayeonကိုယ့်ကိုသာအပြစ်တင်နေတယ်)
🐊:Nayeon
🐰: .......
🐊:Nayeon
🐰:ဘာ...ဘာလဲ(အတွေးတွေရပ်လိုက်ပြီး)
🐊:ခေါ်နေတာကိုမကြားတော့လောက်အောင်ဖြစ်နေတာစာကိုစိတ်မဝင်စားတော့ဘူးလား။
🐰:အဲ့လိုမဟုတ်ပါဘူး။
🐊:ထားပါခေါက်ဆွဲစားမလား။
🐰: ခေါက်ဆွဲလား
🐊:ဟုတ်တယ်ခေါက်ဆွဲကြိုက်တယ်မလားခဏနားတဲ့အနေနဲ့စားတာပေါ့။
🐰:ကောင်းတယ်ကောင်းတယ်။
(Jeongyeon သူ့အခန်းထဲမှာရှိတဲ့ခေါက်ဆွဲဘူးကိုယူလိုက်တယ်။)
🐰:Wow..ရှင့်စီမှာခေါက်ဆွဲဘူးတွေကိုဖာလိုက်ဝယ်ထားတာပဲ။
🐊:အင်းဟုတ်တယ်။
🐰:ဒါကြောင့်ခေါက်ဆွဲစားချင်ရင်အချိန်မရွေးJeongyeonအခန်းကိုလာခဲ့ဖို့ပြောတာပေါ့။
🐊:သေချာတာပေါ့။ဒီမှာခေါက်ဆွဲရပြီ။
🐰:ကျေးဇူးပဲနော်။(Nayeonစာဖို့လုပ်တော့)
🐊:ခဏလေးတစ်ခုကျန်သေးတယ်။
🐰:ဘာကျန်သေးလို့လဲအကုန်ထဲပြီးသားမဟုတ်လား။
🐊:ဒီမီနူးကဘယ်သူမှသိပ်မသိကြဘူးငါကမင်းကိုSpecial အနေနဲ့ကျွေးတာငါ့ညီတောင်ငါကျွေးဖူးတာမဟုတ်ဘူးနော်။
🐰:ဟုတ်ပါပြီ
🐊:ခဏစောင့်(Jeongyeon,Creamတွေကိုခေါက်ဆွဲဘူးထဲညစ်ထည့်လိုက်တယ်။)
🐰:ဒါထည့်လိုက်တော့စားလို့ရောဖြစ်ပေါ့မလား။
🐊:စားကြည့်လိုက်ပြီးမှပြောတော့။
(Nayeonစားကြည့်လိုက်တယ်။)
🐰:Wow....တကယ်ကိုကောင်းတာပဲ။👍👍
🐊:ပြောခဲ့တယ်မလား။
🐰:ရှင်ဒီနည်းလမ်းကိုဘယ်ကရခဲ့တာလဲ။
🐊:ဒီလိုပါပဲငါခေါက်ဆွဲကိုအမျိုးမျိုးလုပ်ရင်းနဲ့ဒီအရသာကိုတွေ့သွားတာ။
🐰:ရှင်တော်တော်တော်တာပဲနောက်တစ်ဘူးလောက်ထပ်စားလို့ရအုံးမလား။
🐊:ရပါတယ်။
(Nayeonကတော့စားပြီးတာနဲ့သိပ်မကြာလိုက်ပါဘူးစာလုပ်ရင်းအိပ်ပျော်သွားတယ်)
🐊Nayeon~Nayeon~
🐰:💤💤💤
🐊:အိပ်ပျော်သွားပြီပဲ။
(အိပ်ပျော်နေတဲ့NayeonကိုJeongyeonထိုင်ကြည့်နေတယ်။)
🐊's mind:ဘာလို့အိပ်ပျော်နေတာတောင်ချစ်ဖို့ကောင်းနေရတာလဲ ငါ့စိတ်တွေကိုပြု့စားနိုင်တဲ့သူကမင်းတစ်ယောက်ပဲရှိတာကိုကောမင်းသိရဲ့လားငါ့ရဲ့Bannyလေးမင်းတစ်ချက်ပြုံးလိုက်တိုင်းငါစိတ်တွေကမင်းအပြုံးအောက်မှာဘယ်နခါလှဲကျနေလဲဆိုတာကောမင်းသိရဲ့လားငါ့ကိုယ်ငါမနည်းထိန်းထားပြီးဘာမှမဖြစ်သလိုနေလဲပဲငါ့စိတ်ထဲမှာတော့တော့ထိန်းမရလောက်အောင်ကိုဖြစ်နေပြီးငါကြောက်နေမိတယ်မင်းကိုချစ်မိသွားမှာကိုလေ။
<<<မနက်မိုးလင်းတော့>>>
🐰:အားးး ငါတော့သေပါပြီမနေ့ကစာလုပ်ရင်းအိပ်ပျော်သွားတာပဲ။
🐊:နိုးပြီလား။(အခန်းထဲဝင်လာရင်းမေးလိုက်တယ်။)
🐰:မနေ့ညကအိပ်ပျော်သွားတာကိုဘာလို့မနိုးလိုက်တာလဲ။
🐊:ကျွန်တော်နိုးပါတယ်ဒါပေမဲ့Nayeonကအိပ်မောကျနေခဲ့တာလေ
🐰:ဟုတ်လားကျွန်မဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက်ဘူး။ကျွန်မကြောင့်Jeongyeonဘယ်မှာအိပ်လဲ။
🐊:ဆိုဖာပေါ်မှာအိပ်တာပါမင်းကိုငါမင်းအခန်းအထိပို့ပေးမလို့ပါပဲဒါပေမဲ့မင်းကတအားလေးလို့မင်းအခန်းအထိငါမမှသွားနိုင်ဘူးလေဒါကြောင့်ငါ့အိပ်ယာပေါ်မှာပဲအိပ်ခိုင်းလိုက်ရတာ။(ပြုံးကာ)
🐰:တောင်းပန်ပါတယ်နော်ရှင့်ကိုဒုက္ခပေးမိသလိုဖြစ်သွားလို့။
🐊:ရပါတယ်။(ပြုံးကာ)
🐰's mind: Sana ကိုကျတော့ကားထဲကနေအိပ်ယာထဲအထိပွေ့ ခေါ်လာတုန်းကတော့ဘာမှမဖြစ်ပဲငါ့ကိုကျတော့လေးတယ်တဲ့လားရှင်တော့နော်။
🐊:မနက်စာစားကြမယ်လေ။
🐰:ဟုတ်ကျွန်မရေချိုးပြီးဆင်းလာခဲ့လိုက်မယ်။
🐊:ကောင်းပြီလေသိပ်မကြာနဲ့စောင့်နေမှာမို့လို့။
🐰:အင်းး။
======================================
Jeongyeonကဘာလို့Nayeonကိုချစ်မိသွားမှာကိုကြောက်နေလဲ
ကျွန်တော်ရေးတဲ့Creamခေါက်ဆွဲကပေါက်ကရတွေကိုထည့်ရေးထားတာတော့မဟုတ်ပါဘူးရုပ်ရှင်ကားတစ်ကားထဲမှာပါလို့ထည့်ရေးလိုက်တာ

#My_Love_is_You
#YooJonger
#TLMfics
#TwicelandMyanmar

My Love is You [Full episodes]Where stories live. Discover now