"My Love is You" [Ep.5]

460 22 0
                                    

Boys:Jeongyeon(🐊),Chaeyoung(🐯),Dahyun(📹),Tzuyu(🐶)
Girls:Nayeon(🐰),Momo(🐥),Sana(🐍),Jihyo(🦄),Mina(🐧)
-----------------------------------
Chaeyoungအိမ်ပြန်ရောက်တော့
🐯:Hyung ဒီမှာဘာလုပ်နေတာလဲ။
🐊:ငါ့အခန်းမှာNayeonကိုဒီညပေးအိပ်လိုက်လို့အဲ့ဒါကြောင့်မင်းနားလာအိပ်တာ။
🐯:Hyungကခေါ်ပြီပေးအိပ်တာလား။
🐊:အေလေ။ငါကခေါ်ပြီးပေးအိပ်လိုက်တာလေ။
🐯:Hyung ကအထူးအဆန်းတွေလုပ်လို့ပါလား။
🐊:ငါလား??ငါဘာထူးဆန်းလို့လဲ။
🐯:အရင်ဆိုHyungကဘယ်သူကို့မှအခန်းထဲပေးဝင်တာမဟုတ်ဘူးလေကျွန်တော်ကလွှဲလို့ပေါ့Dahyunတို့Tzuyuတို့ကိုတောင်ပေးမဝင်တာလေ။
🐊:အဲ့ဒါကDahyunတို့ကငါ့အခန်းကိုမွှေမှာဆိုးလို့လေလျှောက်ဖွခဲ့ရင်ဘယ်လိုလုပ်မလဲငါကအသန့်ကြိုက်တာမင်းလဲသိသားပဲကို။
🐯:ဟုတ်ရဲ့လား။
🐊:တော်ပြီကွာငါအိပ်ချင်နေပြီ(Chaeyoungရဲ့ခုတင်ပေါ်ပြေးတက်ပြီးအိပ်လိုက်တယ်)
🐯:Hyungမဖြေချင်လဲရတယ်နော်ကျွန်တော်သိနေတယ်😂😂
🌞🌞<<Next morning>>🌞🌞
Sanaနိုးလာတော့
🐍:ငါဘယ်လိုဖြစ်လို့ဒီမှာလာအိပ်နေရတာလဲ။
🦄:နိုးပြီလားမအမတော်။ဘယ်လိုနေသေးလဲခေါင်းမူးနေလား။
🐍:ကောင်းပါတယ်မနေ့ညကငါဒီမှာလိုက်အိပ်တာပေါ့။
🦄:အေနင်မူးပြီအိပ်ပျော်သွားလို့ခေါ်လာခဲ့တာ။
🐍:တကယ်လား?? ငါ့မိဘတွေကိုကောဘယ်လိုပြောထားလဲသေပါပြီငါတော့အသတ်ခံရတော့မယ်ထင်တယ်။
🦄:မပူနဲ့ငါတို့လိမ်ထားပေးတယ်။ဒါနဲ့နင်မနေ့ကမူးတာတော့တော်တော်ဆိုးတာပဲ။
🐍:ငါလား?? ငါဘာဖြစ်လို့လဲ။
🦄:နင်မမှတ်မိဘူးလား။🙄🙄
🐍:ငါ....ငါ.. မမှတ်မိဘူးဘာဖြစ်လို့လဲ။ (ခေါင်းကုပ်ရင်းပြန်မေးလိုက်တယ်။)
🦄:ဘာမှမဟုတ်တော့ဘူးထားလိုက်တော့။ကျောင်းသွားဖို့လုပ်တော့။ငါ့အင်္ကျီပဲယူဝတ်လိုက်တော့။
<<တစ်ဖက်မှာလဲ>>
Chaeyoungတစ်ယောက်မနက်စောစောထပြီးကတည်းကအမျိုးမျိုးကိုပြင်လို့မပြီးမဖြစ်တယ်။
🐊:မင်းဘာဖြစ်နေတာလဲမနက်ခင်းတစ်ခင်းလုံးကိုပြင်လို့မပြီးဖြစ်နေတာကျောင်းသွားရတော့မှာနော်။
🐯:Hyungကျွန်တော်ဘယ်လိုနေလဲ။ကြည့်ကောင်းနေရဲ့လား။
🐊:မင်းဘာတွေဖြစ်နေတာလဲ။ကြည့်ကောင်းပါတယ်။ဘာလို့အဲ့လောက်ပြင်ဆင်နေရတာလဲ။
🐯:တစ်ခါတလေလေးပြင်ဆင်ကြည့်တာပါ။အထူးအထွေမဟုတ်ပါဘူး
🐊:မင်းရူးနေတာလား။ထူးထူးဆန်းဆန်းတွေလာမေးပြီးတော့။
🐯:ထားပါကျောင်းသွားရအောင်လေ။နောက်ကျတော့မယ်။
<<At School>>
စာသင်ချိန်ကျော်မယ် Canteen တွင်သူတို့ကိုးယောက်ဆုံကြတယ်။
TzuyuကSanaကိုမနေ့ညကဖြစ်ခဲ့တဲ့ကိစ္စနဲ့မမျက်နှာလွှဲနေတယ်Sanaကတော့ဘာမှမမှတ်မိ
🐯:မင်းတို့ကိုပြောစရာရှိတယ်။
🐶:ငါတို့ကိုလား??
🐯:အင်း။
📹:ပြောလေဘာအကြောင်းမို့လို့လဲ။
🦄:စိတ်ဝင်စားစရာလား??
🐯:သေချာပေါက်စိတ်ဝင်စားစရာပဲ။😁
📹:ပြောလေအချိန်ဆွဲမနေနဲ့တော့။
(Chaeyoung,Jeongyeonဘက်ကိုတစ်ချက်ကြည့်လိုက်တယ်။)
🐯:မင်းတို့တွေHyungရဲ့အခန်းကိုရောက်ဖူးလား။
(Jeongyeonရဲ့စူးရှတဲ့မျက်လုံးများChaeyoungဘက်တို့ရောက်လာ။)
📹:တစ်ခါမှမရောက်ဖူးဘူးဆိုတာသိနေရက်နဲ့လာမမေးနဲ့လေကွာ။
🐥:ဒီလောက်ရင်းနှီးတာကိုမရောက်ဖူးကြဘူးလား 😨
📹:မရောက်ဖူးဘူးဘယ်လိုပုံရှိမှန်းတောင်မသိဘူး။Chaeyoungသူသိတယ်၊သူရောက်ဖူးတယ်ဆိုပြီကြွားလုံးထုတ်နေတဲ့ငပုကောင်
(Jihyoအကြည့်များသည်Nayeonစီသို့Nayeonကလဲကြောင်အန်းအန်း)
🐥:ဒီလောက်ရင်းနှီတာတောင်လား။ 😱😱
📹:ဒါနဲ့မင်းဒီအကြောင်းကိုဘာလို့လာပြောနေတာလဲ။
🐶:ငါတို့တွေအာရုံစိုက်တာကိုခံချင်လို့နေမှာပေါ့။
🐯:မဟုတ်ပါဘူးထူးဆန်းတဲ့သတင်းလေးပြောပြချင်လို့ပါကွာ။ <Chaeyoungကတော့ဖော်ကောင်လုပ်ဖို့ပြင်ဆင်နေ။ Jeongyeonရဲ့စူးရှတဲ့အကြည့်တွေကိုမြင်နေရက်နဲ့>
🐯:သိချင်ကြတယ်မလား။
🐥:သိချင်တယ်။
📹:ပြောမှာတာပြောစကားကြောမရှည်နဲ့။
🐯:သိချင်သမားများတယ်ပဲပြောပြမယ်။(ဖော်ကောင်လုပ်ပြီ😂)
🐯:မင်တို့လိုအရမ်းရင်းနှီးပါတယ်ဆိုတဲ့သူတွေတောင်မရောက်ဖူးတဲ့အခန်းကို....မိန်းကလေးတစ်ယောက်ကိုပေးသုံးတယ်ဆိုတော့...
📹:ဘာ မင်းလျှောက်ပြောမနေနဲ့Hyung ကလားမဖြစ်နိုင်တာ။
🐶:Hyung ကလား 😲 အခုတလောဆေးမှားသောက်မိလို့လား။ထူးဆန်းတာတွေခဏခဏလုပ်နေတယ်ဆိုတော့။
🐯:မင်းတို့မယုံလဲမတက်နိုင်ဘူးလေကွာဒါပေမဲ့အဲ့မိန်းကလေးကတော့ကံကောင်းတာပဲ။
🐥:တကယ်ပဲကံကောင်းတာလို့ခေါ်ရမယ်။
🐊's mind:မင်းတော့အိမ်ရောက်မှတွေ့မယ်။ 😡😡
ညနေကျောင်းဆင်းတော့Nayeon,Jihyo,Chaeyoung,Jeongyeonအိမ်ပြန်ကြတယ်၊အိမ်ပြန်ရောက်တော့။Jeongyeon Chaeyoungအခန်းထဲလိုက်ဝင်လာတယ်။
🐯:Hyungဒီနေ့ကောအခန်းပေးသုံးပြီးတော့ကျွန်တော့်စီလာအိပ်မလို့လား။😅(သိနေရက်နဲ့မေးလိုက်ပါလေရော)
🐊:မင်းငါ့ကိုဖော်ကောင်လုပ်တဲ့ကိစ္စကိုလာရှင်းတာလေမသိသလိုလျှောက်ပြောမနေနဲ့။
🐯:Hyungကလဲကူညီနေတာပါ။ကိုယ့်Hyung အတွက်ကိုအရှေ့ကနေလမ်းဖောက်ပေးနေတာပါ😁
🐊:မင်းတော့ကွာဘာကိုလမ်းဖောက်နေတာလဲမလိုဘူးငါတို့ကမင်းထင်သလိုမဟုတ်ဘူး။
🐯:ကျွန်တော်ထင်သလိုမဟုတ်ရင်ဘယ်လိုလဲ၊နှစ်ယောက်ကအခုတလောလည်းတတူးတူးတတွဲတွဲလုပ်နေတာလေ။🤔🤔🤔
🐊:Appaကမှာထားတယ်လေစာတွေရှင်းပြပေးဖို့ကို ဒါကြောင့်ပါကွာ
🐯:Appaမှာထားလို့ဆိုတာကောဟုတ်လို့လားHyungရာ။
🐊:ဟုတ်တယ်လေတော်ပြီငါငါ့အခန်းပြန်တော့မယ်နောက်ကိုဘာမှဆက်မကြိုးစားပါနဲ့ငါသွားပြီး။(Chaeyoung ကိုသတိပေးပြီးအခန်းပြန်သွားတယ်။Chaeyoungကတော့တပြုံးပြုံးနဲ့ကျန်ခဲ့တယ်)
Nayeon,Jihyoတို့အခန်းမှာလဲ
🦄:Jeongyeon အခန်းကဘယ်လိုလဲ။
🐰:ဘာကိုဘယ်လိုဖြစ်ရမှာလဲသာမာန်ပဲပေါ့။
🦄:ဟုတ်နိုင်ပေါ့မလားနော်ဘယ်သူ့ကိုမှပေးမဝင်တဲ့အခန်းကသာမာန်အခန်းဆိုတာက🤔🤔
🐰:သာမာန်ပါပဲပစ္စည်းတွေသေသေသပ်သပ်ရှိတယ်အခန်းကတော့အကျယ်ကြီးလို့ပြောလို့ရတယ်အိပ်ခန်းစာကြည့်စားပွဲစာအုပ်စင်တွေလည်းရှိတယ်ဒါပေမဲ့သာမာန်ပါပဲ
🦄:စိတ်ဝင်စားစရာတကယ်မရှိဘူးလားတကယ်သာမာန်ပဲလား(Nayeonမျက်နှာကိုတည့်တည့်ဆိုက်ကြည့်ရင်းပြောလိုက်တယ်)
🐰:Inn..တကယ်သာမာန်ပဲလေ
------------------------------------------------------------------------
<<တစ်ဖက်မှာကတော့>>
<ညနေကျောင်းဆင်းအိမ်ပြန်ချိန်ကျတော့MomoကိုDahyunလိုက်ပို့ပေးတယ်။>လမ်းတစ်ဝက်လောက်ရောက်တော့။
📹:ပဲခေါက်ဆွဲဝင်စားရအောင်လေ။ (အရှေ့မှာရှိနေတဲ့ဆိုင်ကိုညွှန်ပြရင်း)
🐥:စားကြတာပေါ့ငါဗိုက်စာနေတာနဲ့အတော်ပဲ။😁😁
<ခေါက်ဆွဲမှာထားတာရတာနဲ့Momoကတော့တန်းခေါင်းမထောင်တန်းကိုပလုပ်ပလောင်းစားပါလေရော။Dahyunကတော့Momoကိုတအံ့တဩကိုကြည့်နေမိတယ်။>
🐥:Dahyun စားလေဘာငေးနေတာလဲ။ငါတောင်စားပြီးနေပြီ။
📹:အားဟုတ်သားပဲ။ဒါနဲ့ဝပြီလား။(ငေးနေရင်းသတိရလာတော့မေးလိုက်တယ်။)
🐥:ငါလားနောက်တစ်ပွဲတောင်ထပ်မှာထားသေးတယ်။😊😊
Dahyunတို့စားပြီးသွားတော့
📹:Noona ဒီကိုအရှေ့နဲနဲတိုးလာခဲ့အုံး။(လက်ယက်ခေါ်ကာ)
🐥:ဘာလို့လဲ။
📹:တိုးလာခဲ့ပါ။
...MomoလဲDahyunတိုးလာခိုင်းတာနဲ့ဘဲဘာမှန်းမသိပေမဲ့တိုးခဲ့လိုက်တယ်။...
...DahyunကMomoရဲ့ပါးစပ်နားကပေနေတဲ့ပဲခေါက်ဆွဲအနှစ်လေးတွေကိုသုတ်ပေးလိုက်တယ်...
Momoတစ်ယောက်တော့ရှက်သွေးဖျာသွားတယ်။
📹:ဘယ်လိုမိန်းကလေးကများဒီလိုပေပွနေအောင်စားရတာပါလိမ့်။😊
🐥:အားကျေးဇူးပါငါကအစားစားရင်းသတိမထားလိုက်မိလို့။
📹:ဒီလိုတာဆိုရင်အစားစားရင်လိုက်ဂရုစိုက်ပေးဖို့လူလိုမှာပေါ့။
🐥:!!!!
📹:အဲ့လိုလိုက်ဂရုစိုက်ပေးခွင့်ရတဲ့သူနေရာမှာကျွန်တော့်ကိုဖြစ်ခွင့်ပေးပါလား။
🐥:ရှင် ဘာ..ဘာ..ဘာကိုပြောချင်တာလဲ။
📹:ဟုတ်တယ်။ကျွန်တော်ဒဲ့ပဲပြောတော့မယ်ကျွန်တော်Noona ကိုသဘောကျတယ၊်မဟုတ်ဘူးချစ်တယ်။
🐥: ........
📹:ကျွန်တော့ကိုပြန်ချစ်နိုင်မလား။မချစ်ဘူးလို့တော့အခုချက်ချင်မငြင်းလိုက်နဲ့အုံး။ကျွန်တော့်ကိုတွဲပြီးတော့...ကျွန်တော့်ကိုပြန်ချစ်ပေးပါနော်။"ချစ်တယ်"ဆိုတဲ့အဖြေကိုတော့နောက်မှပြန်အဖြေပေးလို့ရပါတယ်။ဒါပေမဲ့အခုတော့ကျွန်တော့ကိုတွဲပေးပါလား။
🐥:Imm
📹:Noona ဘာကိုပြောတာလဲ။
🐥:တွဲမယ်လို့ပြောတာလေ။တုံးလိုက်တာတကယ်ပဲ။
📹:တကယ် တကယ်ကျွန်တော့်ကိုတွဲမှာနော်။
🐥:တကယ် တွဲပေးမယ်။
📹:လက်ခံတယ်နော်ဒါဆိုမနက်ဖြန်ကစမယ်နော်။
🐥:ဒီနေ့ကနေစမှာမဟုတ်ဘူးလား??
📹:ဒီနေ့ကအချိန်ခဏလေးပဲကျန်တော့တာလေမနက်ဖြန်ကစရမှာပေါ့
🐥:အင်းပါ။
📹:လာပါအိမ်အထိလိုက်ပို့ပေးမယ်။
------------------------------------------------------------------------
{{Chaeyoungနဲ့Minaတို့ကတော့Silentတွဲနေကြတာပါ။}}
<<နောက်နေ့မနက်ရောက်တော့>>
Dahyunတစ်ယောက်ကျောင်းအပေါက်ဝမှာမဝင်သေးပဲရပ်စောင့်နေတယ်။လက်ထဲမှာကလဲပန်းလေးတစ်ပွင့်ကိုကိုင်ထားသေးတယ်။မျက်နှာကလည်းနဂိုကထက်ဆယ်ဆလောက်ပိုပြီးပြုံးဖြီးနေတာပဲ။ကျောင်းကိုလာကြတဲ့သူတွေကလဲသူ့ကိုအာရုံစိုက်မိနေကြတယ်အထူးသဖြင့်မိန်းကလေးတွေပေါ့။Dahyun လက်ထဲကပန်းကဘယ်သူ့အတွက်လဲဆိုတာသိချင်ကြတာပေါ့။
Momoလဲကျောင်းထဲဝင်လာကောDahyunစီကိုဦးတည်ပြီးသွားလိုက်တယ်။
📹:Annyeon ငါ့ရဲ့ကောင်မလေး။
🐥:😊😊😊
📹:ရော့(အနောက်မှာဝှက်ထားတဲ့ပန်းလေးကိုထုတ်ပေးလိုက်တယ်။)
🐥:ကျေးဇူးပဲနော်
📹:ပန်းတွေရဲ့အဓိပ္ပာယ်ကိုမသိလို့ဒီအတိုင်းနှင်းဆီအဖြူကိုပဲယူလာခဲ့တာ။
🐥:ပန်းတွေရဲ့အဓိပ္ပာယ်ကိုမသိလဲရတာပဲလေ။
📹:ဒါပေမဲ့ကိုယ့်ကိုယ်ကိုတော့အဓိပ္ပာယ်လေးထွင်ထားပါတယ်။😂
(မျက်နှာကတော့စပ်ဖြီးဖြီး)
🐥:မဟုတ်တာတွေလျှောက်ပြောမလို့လား။ရုပ်ကိုကစပ်ဖြီးဖြီးနဲ့။
📹:မဟုတ်ပါဘူးအတည်ပြောမှာပါ။နားထောင်ပေးမှာမလား။
🐥:အင်းပြော။
📹:ပန်းပွင့်ကိုဘာလို့သူများတွေလိုအစည်းလိုက်မပေးပဲဘာလို့တစ်ပွင့်ထဲပေးလဲဆိုတော့Noonaကကျွန်တော့်ရဲ့ပထမဆုံးနဲ့နောက်ဆုံးမိန်းကလေးဖြစ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုရည်ညွှန်းတာ။အဖြူရောင်ကိုရွေးပြီးပေးတာကတော့Noonaအပေါ်ကိုကျွန်တော်ရဲ့ဖြူစင်တဲ့အချစ်တွေကိုပေးတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။
🐥:လေးနက်လိုက်တာDahyunရယ်နင်သိပ်တွေးတတ်တာပဲ😢
DahyunလဲMomoလက်ကိုတွဲပြီးကျောင်းထဲကိုဝင်လာတယ်။
------------------------------------------------------------------------
အခန်းကောင်းမှာဖြတ်ထားခဲ့လိုက်မယ်နော် နောက်တစ်ပိုင်းမှပေါ့ 😁😁
Reader အားလုံးကျေးဇူးပါ။

#My_Love_is_You
#YooJonger
#TLMfics
#TwicelandMyanmar

My Love is You [Full episodes]Where stories live. Discover now