"My Love is You"[Ep.16]

359 17 0
                                    

Seungyeon:Jeongyeonငါနဲ့ဒီညစာအတူလိုက်စားပါလားငါဝယ်ကျွေးမယ်လေနင်ပြန်ရောက်လာပြီဆိုတော့
🐊:Aniမစားတော့ဘူးနောက်မှပဲဒီနေ့ကျွန်တော်လူတစ်ယောက်ကိုသွားတွေ့ရအုံးမယ်
Seungyeon:အိမ်ကိုအရင်မပြန်ဘူးလားရောက်တာနဲ့အိမ်အရင်မပြန်ပဲဘယ်သွားမလို့လဲ
🐊:Noonaကလည်းရောက်တာနဲ့အိမ်ကိုတောင်မပြန်ပဲနဲ့လေယာဉ်ဆင်းတာနဲ့တန်းပြီးNoonaအလုပ်ကိစ္စကိုလာလုပ်ပေးတာလေအဲ့တော့အိမ်မပြန်ခင်တွေ့စရာရှိတဲ့သူကိုလည်းတစ်ခါတည်းတွေ့သွားလိုက်အုံးမယ်
Seungyeon:သဘောပဲပြန်ရောက်တာနဲ့ကိုအိမ်အရင်မပြန်ဘူးနင်ကလေတကယ်ပါဘာပဲပြောပြောဒီနေ့ရောက်ရောက်ချင်းငါ့ကိုကူညီလို့ကျေးဇူးပဲ
🐊:ရပါတယ်ဒါနဲ့Noonaတို့ရုံးဘယ်အချိန်ဆင်းတာလဲ
Seungyeon:6:00လေဘာဖြစ်လို့လဲ
[Jeongyeonနာရီကိုကြည့်လိုက်တယ်]
🐊:အခုက6:00ထိုးတော့မှာဆိုတော့ရုံးဆင်းရတော့မှာပေါ့
Seungyeon:အေးလေငါကတော့ကြိုဆင်းထားတာလေ
🐊:Noonaကျွန်တော်သွားတော့မယ်နော်(ပြောပြီးဆိုင်ထဲကထသွားလိုက်လေတယ်)
Seungyeon:Awwတော်တော်ကိုပြာယာခပ်နေအောင်ကိုပြေးသွားပြန်ပြီကျောင်းတုန်းကအတိုင်းပဲမပြောင်းသေးဘူး။(ပြောရင်းနဲ့တာကျန်ခဲ့လေတယ်)
ရုံးဆင်းတော့Nayeonတစ်ယောက်ထဲအိမ်ပြန်ဖို့လမ်းလျှောက်လာခဲ့တယ်။လမ်းလျှောက်လာရင်းNayeonကိုတစ်ယောက်ယောက်ကအနောက်ကပြေးလာပြီးသိုင်းဖက်လိုက်လေတယ်Nayeonလည်းလျှောက်နေတဲ့ခြေလှမ်းတွေရပ်တန့်သွားပြီးလှည့်ကြည့်လိုက်တော့Jeongyeonဖြစ်နေတယ်။
🐰:Jeong...Jeongyeon??
(Jeongyeonလည်းဖက်ထားရာကနေလွှတ်လိုက်ပြီး)
🐊:အရမ်းလွမ်းနေခဲ့တာ
🐰:သွားပါလျှောက်ပြောမနေနဲ့(Nayeonစိတ်ကောက်နေတယ်)
🐊:ဘာလို့စိတ်ကောက်နေတာလဲကိုယ်ကအခုပြန်ရောက်တာလေအိမ်တောင်မပြန်သေးပဲမင်းကိုအရင်လာတွေ့တာလေ
🐰:နေ့လည်ကကျတော့မသိချင်ယောင်ဆောင်ပြီးငါမဟုတ်တဲ့အဖွဲ့မှူးunnieနဲ့ပျော်ပါးနေတာလေ
🐊:လာပါညစာသွားစားရအောင်Noonaနဲ့ကအထင်မလွှဲပါနဲ့သူကအရမ်းရင်းနှီးတဲ့သူဖြစ်ပြီးဆွေမျိုးလည်းတော်တယ်
🐰:ခေါ်နေတဲ့ပုံကNoona noonaနဲ့ငါ့ကိုကျမသိချင်ယောင် ဆောင်နေတယ်😡😡
🐊:လာပါစိတ်မဆိုးတော့နဲ့မသိချင်ယောင်ဆောင်တာကအလုပ်ထဲမှာမို့လို့လေ
#Nayeonနဲ့Jeongyeonညစာစားပြီးတော့JeongyeonကNayeonတိုက်ခန်းရှေ့အထိလိုက်ပို့ပေးတယ်။#
🐰:ရောက်ပြီရှင်လည်းကောင်းကောင်းပြန်နော်
🐊:အထဲကိုပေးမဝင်တော့ဘူးလား
🐰:Wae??
🐊:မပေးဝင်ချင်တာလား
🐰:ဒါဆိုလည်းတစ်ခုခုသောက်ပြီးမှပြန်ပေါ့
#တိုက်အခန်းထဲရောက်တော့#
🐰:Jeongyeonရှင်ဧည့်ခန်းကSofarမှာထိုင်အုံးကျွန်မသောက်စရာတစ်ခုခုသွားယူပေးမယ်
#Jeongyeonကတော့Nayeonကိုအနောက်ကနေခါးလေးကိုသိုင်းဖက်လိုက်တယ်#
🐰:လွှတ်ပါသောက်စရာတစ်ခုခုသွားယူပေးမယ်လေ
🐊:ဒီအတိုင်းလေးခဏနေပေးပါလားအစောနကအပြင်မှာလူတွေလည်းရှိနေတော့ကောင်းကောင်းမဖက်ထားလိုက်ရဘူးပြီးတော့ကိုယ်သုံးနှစ်တောင်မှလွမ်းနေခဲ့တာ
(Nayeonလည်းဘာမှပြန်မပြောတော့ပဲငြိမ်နေလိုက်တော့တယ်Jeongyeonလည်းNayeonခါးလေးကိုသိုင်းဖက်ထားရင်းNayeonပုခုံးပေါ်မေးလေးတင်ကာခဏကြာဖက်ထားလိုက်တယ်)
🐰:ရော့ကော်ဖီ(sofarမှာထိုင်နေတဲ့Jeongyeonကိုလှမ်းပေးလိုက်ပြီးသူလဲဝင်ထိုင်လိုက်တယ်)
🐊:နေ့လည်ကမသိချင်ဟန်ဆောင်ခဲ့တာတောင်းပန်ပါတယ်
🐰:ရပါတယ်ဒါနဲ့အဖွဲ့မှူးနဲ့ဘယ်လိုသိတာလဲပြန်ရောက်ရောက်ချင်းကိုလာကူညီတဲ့အထိဆိုတော့
🐊:ငါငယ်ငယ်လေးကတည်းကရင်းနှီတာငါနိုင်ငံ့ခြားသွားတော့လည်းသူကငါတက်တဲ့ကျောင်းမှာတက်နေတာလေဒါပေမဲ့သူကတစ်နှစ်ပဲကျန်တော့တာလေသူKoreaကိုပြန်သွားပေမဲ့အဆက်အသွယ်တော့နည်းနည်းရှိတယ်ငါပြန်လာမယ့်ရက်ဒီမနက်မှာသူ့စီကMailရောက်လာတယ်ဒီနေ့ပဲရောက်မှာလို့ပြောတော့သူကအကူအညီတစ်ခုလောက်ပေးပါဆိုလို့ပါ
🐰:ပြန်ရောက်တာကိုငါတို့ကိုကြတော့အသိမပေးဘူးငါ့ကိုကြတော့လည်းအဆက်အသွယ်တောင်မလုပ်ဘူး
🐊:တောင်းပန်တယ်နော်အလုပ်တွေရှုပ်နေခဲ့လို့ပါ(ပြောရင်းNayeonရဲ့ပေါင်ပေါ်ကိုခေါင်းလေးတင်ပြီးလှည်းအိပ်လိုက်တယ်)
🐰:ရှင်အိမ်ပြန်ရတော့မယ်လေမိုးချုပ်နေပြီ
🐊:မိုးချုပ်နေပြီဟုတ်လားကိုယ်ဒီမှာအိပ်လိုက်တော့မယ်နော်(သူကလဲဇွတ်ပဲ)
🐰:ရှင်ဒီမှာအိပ်လို့မရဘူး
🐊:ဘာလို့လဲ
🐰:ကျွန်မခုတင်ကတစ်ယောက်အိပ်ခုတင်ကြီး
🐊:ငါကလည်းမင်းအိပ်ခန်းမှာလိုက်အိပ်မယ်လို့မပြောပါဘူးနော်(ရီကာပြောလိုက်တယ်)
🐰:ရှင်အခုကျွန်မကိုလှောင်နေတာလား
🐊:မဟုတ်ပါဘူးမိုးချုပ်နေပြီပဲမင်းလဲအခန်းပြန်ပြီးအိပ်တော့နော်.အော်.လော့ချထားလိုက်အုံးနော်ကိုယ်ဝင်လာမှာကြောက်ရင်(ပြုံးကာပြောလိုက်တယ်)
🐰:ရှင်ကကောဘယ်မှာအိပ်ဖို့စဉ်းစားနေတာလဲ
🐊:ကိုယ်ကဒီမှာဒီဆိုဖာပေါ်မှာပဲအိပ်မှာပါစိတ်ချ
#Nayeonလည်းသူ့အိပ်ခန်းပြန်ပြီးအိပ်တယ်ခနကြာတော့သူJeongyeonကိုထွက်ကြည့်လိုက်တယ်Jeongyeonကတော့ပြောတဲ့အတိုင်းပဲဆိုဖာပေါ်မှာအိပ်ပျော်နေတယ်Nayeonလည်းစောင်လေးကိုသာသာလေးခြုံခဲ့ပေးပြီးသူ့အခန်းသူပြန်အိပ်တယ်။#
🌞🌞Next morning🌞🌞
Jeongyeonနှိုးလာတော့စားပွဲပေါ်မှာSandwichပေါင်မုန့်လေးနဲ့အတူစာလေးတစ်ဆောင်လည်းထားခဲ့သေးတယ်Jeongyeonလည်းယူပြီးဖတ်လိုက်တော့စာထဲမှာ"sandwichလုပ်ထားပေးတယ်စားပြီးတော့အိမ်ပြန်အုံးနော်"Jeongyeonလည်းရေးပြီးချန်ခဲ့တဲ့စာကိုကြည့်ပြီးတစ်ချက်ပြုံးလိုက်တယ်။ Jeongyeonလည်းNayeonလုပ်ပေးခဲ့တဲ့Sandwichစားပြီးသူ့အိမ်သူပြန်သွားတယ်။
~~At home~~
တီးတောင်း~တီးတောင်~(ဘလ်မြည်သံ)
🐧:Jeongyeon...ပြန်လာပြီလား
🐊:Innဒါနဲ့Chaeyoungရော
🐧:ရှိတယ်လေခေါ်ပေးမယ်အရင်ပစ္စည်းသယ်ပြီးအခန်းထဲသွားထားလိုက်ပါအုံးလား
🐊:ဟုတ်ပါပြီChaeyoungကိုဧည့်ခန်းမှာခနစောင့်ခိုင်းထားလိုက်ကျွန်တော်ပစ္စည်းထားပြီးဆင်းလာခဲ့လိုက်မယ်
#Jeongyeonလည်းသူ့အခန်းမှာပစ္စည်းအိပ်ထားပြီးအောက်ဆင်းလာခဲ့လိုက်တယ်#
🐯:Hyungပြန်လာတာကျွန်တော်အရမ်းဝမ်းသာတယ်သိလား
🐊:မင်းကတော့ငါ့ကိုကျော်ပြီးအရင်လက်ထပ်သွားတာတောင်မျက်နှာပြောင်တိုက်ပြီးပြန်လာတာဝမ်းသာတယ်လို့ပြောရဲသေးတယ်နော်(ပြုံးကာပြောလိုက်တယ်)
🐯:Hyungကလည်းစိးတ်မဆိုးနေပါနဲ့ဗျာ။
🐊:ရော့ဒီမှာမင်းအတွက၊်ဒါကငါ့ခယ်မလေးအတွက်။(လက်ထဲကယူလာတဲ့အိတ်ကိုလှန်ပေးလိုက်တယ်)
🐯:ဘာတွေလဲ
🐊:လက်ဆောင်လေMinaကိုလည်းခေါ်ပေးလိုက်ပါအုံး
🐯:Noona~Noonaဘာလုပ်နေတာလဲHyungကလာအုံးတဲ့ခယ်မချောချောလေးကိုတွေ့ချင်လို့တဲ့
🐊:မင်းကတော့ကွာကြွားနေတာလား
#Minaကကော်ဖီခွက်ယူပြီးထွက်လာခဲ့တယ်#
🐧:Jeongyeonကော်ဖီ(ခွက်လေးကိုလှန်းပေးလိုက်တယ်)
🐊:ကျေးဇူးပဲMina
🐯:NoonaဒါကHyungကသူ့ခယ်မလေးကိုပေးတဲ့လက်ဆောင်တဲ့ရော့(လက်ဆောင်ထုတ်လေးကိုလှန်းပေးလိုက်တယ်)
🐧:ကျေးဇူးပါမဝယ်လာလည်းရတာကို
🐯:ဘာလေးလဲမသိဘူးNoonaအတူတူဖောက်ကြည့်ကြမလား
🐧:Jeongyeonဒါဆိုဖွင့်ကြည့်လိုက်တော့မယ်နော်။
#သူတို့နှစ်ယောက်ဖွင့်ကြည့်လိုက်တော့နှစ်ယောက်လုံးကိုမာဖာလာတစ်ယောက်တစ်ထည်စီလေးပေးတာပါ#
🐯:မာဖလာပဲHyungကလဲအတွေးအခေါ်ကိုမရှိဘူး
🐧:လှပါတယ်ဝယ်လာပေးတာကိုကျေးဇူးမတင်ပဲဘာတွေပြောနေတာလဲ(Chaeyoungကိုဗိုက်ခေါက်ဆွဲလိမ်လိုက်တယ်)
🐯:Ah~နာတယ်လေNoona
🐊:ဟားဟားဟားနဲတောင်နဲသေးတယ်မင်းခံရပြီမလားအခုတော့😂
🐯:ကျွန်တော်ကHyungကိုဒီအတိုင်းစလိုက်တာပါ
🐊:လက်ဆောင်ကမာဖလာဆိုတာအဆင်ပြေရဲ့လားငါလည်းဘာပေးရမှန်းမသိတာနဲ့ဝယ်ခဲ့လိုက်တာ
🐯:တစ်ခြားလူတွေအတွက်ကောဒါပဲဝယ်ခဲ့တာမလား
🐊:မင်းဘယ်လိုသိလဲဟုတ်တယ်ငါဒါပဲဝယ်ခဲ့တာTzuyuတို့သတင်းလည်းငါကြားတယ်သူတို့အတွက်လည်းဆင်တူဝယ်လာခဲ့တယ်
🐯:Dahyun,Momo,Jihyoနဲ့Nayeonအတွက်လည်းဒါပဲမလား
🐊:အေဟုတ်တယ်လေဆောင်းတွင်းအေးတယ်လေမာဖလာဆင်တူပတ်ကြပေါ့
🐯:ဒါနဲ့Nayeon noonaကိုသွားမတွေ့ဘူးလား
🐊:တွေ့ပြီးပြီလက်ဆောင်ပေးဖို့မေ့သွားတယ်
🐯:ဒီနေ့ပြန်ရောက်တာနဲ့တန်းတွေ့ခဲ့တာလားအိမ်ကိုအရင်မပြန်လာပဲနဲ့လေ😨😨
🐊:ငါမနေ့နေ့လည်ကတည်းကပြန်ရောက်တာပါ😂
🐯:ဒါဆိုဘာလို့ဒီမနက်မှအိမ်ပြန်လာတာလဲ
🐊:Seungyeon noonaလေပြန်ရောက်ရောက်ချင်းအကူအညီတောင်းတာနဲ့သွားကူညီလိုက်တာမိုးချုပ်သွားတယ်
🐯:မိုးချုပ်တာနဲ့အိမ်မပြန်လာတော့တာတဲ့လား
🐊:အမှန်တော့...Seungyeon noonaတို့ရဲ့Magazinတိုက်မှာNayeonအလုပ်လုပ်နေတာငါလည်းညစာအတူတူနဲ့စားခဲ့ပြီးသူ့ကိုအိမ်ပြန်ပို့ပေးပြီးတော့....
🐯:Nayeon noonaရဲ့တိုက်ခန်းမှာပဲအိပ်ခဲ့တာလား။ 😨😨
🐊:ဟုတ်တယ်ဒါပေမဲ့ငါကဧည့်ခန်းရဲ့ဆိုဖာပေါ်မှာပဲအိပ်ခဲ့တာပါ
🐯:Naueon noonaကခေါ်မအိပ်ဘူးလား
🐊:မင်းစကားကိုဆင်ခြေပြောစမ်းပါ
🐧:ဟုတ်ပရှင့်စကားကိုဘယ်လိုပြောနေတာလဲကျွန်မသူငယ်ချင်းဖက်ကထိခိုက်တယ်နော်ရှင့်စကားက
🐊:ဟုတ်တယ်မင်းစကားကမိန်းကလေးတွေသိက္ခာကျအောင်လို့ပြောလိုက်သလိုဖြစ်နေပြီ
🐯:တောင်းပန်ပါတယ်ကျွန်တော်မှားတာပါ
🐊:ဒါနဲ့ငါတို့တွေပြန်လည်တွေ့ဆုံပွဲလုပ်ရမယ်
🐯:အခုတော့မလုပ်သေးနဲ့အုံးဘယ်သူမှမအားကြသေးဘူး
🐊:ငါလည်းပြန်ရောက်တော့နားလိုက်အုံးမယ်
🐯:ဟုတ်သွားနားလိုက်အုံးပေါ့
#Jeongyeonလည်းသူ့အခန်းပြန်နားလိုက်တယ်ညနေရောက်မှအပြင်သွားဖို့ထွက်လာတယ်#
🐧:Jeongyeonဘယ်သွားမလို့လဲ(အိမ်ပေါ်ထပ်ကဆင်းလာတဲ့Jeongyeonကိုလှန်းမေးလိုက်တယ်)
🐊:Nayeonကိုသွားတွေ့မလို့လေလက်ဆောင်ပေးဖို့မေ့နေတာလဲသွားပေးရင်းနဲ့(ပြုံးကာပြောလိုက်တယ်)
🐧:ကောင်းတာပေါ့(ပြန်ပြုံးရင်းပြောလိုက်တယ်)
🐊:Minaဘာလို့အိမ်အလုပ်တွေကိုတစ်ယောက်တည်းလုပ်နေတာလဲအိမ်အကူအလုပ်သမားတွေကိုလုပ်ခိုင်းလဲဖြစ်တာကို
🐧:ရပါတယ်ကျွန်မလည်းလုပ်စရာမရှိရင်ပျင်းနေလို့ပါ
🐊:ဒါဆိုကျွန်တော်သွားတော့မယ်နော်
🐧:Nayeonနဲ့ကောင်းကောင်းDateခဲ့နော်
#Jeongyeonလည်းပြုံးကာခေါင်းလေးညိမ့်ကာထွက်သွားတယ်#
(JeongyeonကNayeonရဲ့ရုံးအရှေ့မှာသွားရပ်စောင့်နေခဲ့တယ်Nayeonရုံးဆင်းလာတော့)
🐊:Nayeon~(အော်ခေါ်ရင်းပြုံးကာလက်ယမ်းပြလိုက်တယ်)🐰:Jeongyeon😱(Jeongyeonရှိရာသို့ပြေးလာခဲ့လိုက်တယ်)
🐊:ရုံးဆင်းပြီဆိုတော့လာကြိုတာDateလုပ်ကြမလား
🐰:Inn Dateကြတာပေါ့(သူ့ယုန်သွားပေါ်အောင်ပြုံးရင်းပြောလိုက်တယ်)
🐊:သွားကြမယ်လေ
#ထိုအချိန်Seungyeonလည်းရုံးဆင်းလာရင်းသူတို့ကိုတွေ့တာနဲ့လှမ်းခေါ်လိုက်တယ်#
Seungyeon:Jeongyeonနင်ဒီကိုဘာလာလုပ်တာလဲ
🐊:noona
Seungyeon:Nayeonလည်းရှိနေတာပဲ
🐰:ဟုတ်ကဲ့အဖွဲ့မှူး(မျက်နှာအနည်းငယ်ပျက်သွားပေမဲ့နှုတ်ဆက်လိုက်တယ်)
Seungyeon:Jeongyeonငါမနေ့ကပြောထားတာလေညစာဒီနေ့ ငါနဲ့လိုက်စားပါလားငါဝယ်ကျွေးမယ်လေNayeonလည်းလိုက်ခဲ့လေငါတို့သုံးယောက်အတူသွားစားတာပေါ့မငြင်းကြနဲ့နော်ငါညစာစားဖို့အဖော်မရှိလို့
🐊:Nae noonaသွားစားတာပေါ့
#သူတို့သုံးယောက်လည်းရုံးနဲ့နီးတဲ့စားသောက်ဆိုင်မှာအတူသွားစားကြတယ်။#
Seungyeon:JeongyeonသူကNayeonတဲ့ငါတို့ရုံးကပဲလေ။
🐊:Nae noonaကျွန်တော်Noonaကိုမိတ်ဆက်ပေးစရာရှိတယ်
Seungyeon:ဘာလဲဘယ်သူ့ကိုလဲ
🐊:Noonaသူကကျွန်တော်ပြောပြထားတဲ့ကျွန်တော့ကောင်မလေးပါSeungyeon:ဟုတ်လားမင်းပြောပြတဲ့တစ်ယောက်ကသူလား
🐊:Naeသူပါ
Seungyeon:ငါဝမ်းသာပါတယ်နော်နင်တို့နှစ်ယောက်ကတကယ်ကိုလိုက်ဖက်ပါတယ်
🐊:ကျွန့်တော့်ကောင်မလေးကိုNoonaဂရုစိုက်ပေးအုံးနော်
Seungyeon:Aaငါဂရုစိုက်ပေးပေါ့မယ်နင့်နောက်ကွယ်မှာလည်းတစ်ခြားတစ်ယောက်မထားအောင်စောင့်ကြည့်ထားပေးမယ်သိလား။
🐊:ကျေးဇူးနော်ကျွန်တော့်ကောင်မလေးကအရမ်းချစ်ဖို့ကောင်းတော့စိတ်မချဘူးလေ(ပြုံးကာပြေလိုက်ပေမဲ့Nayeonကတော့ရှက်လို့အျက်နှာတွေနီလာပြီးခေါင်းကိုအောက်တာစိုက်ထားလိုက်တော့တယ်)
Seungyeon:နင်ပြောတာဆင်ယှဉ်အုံးသူရှက်နေပြီ
#သူတို့လည်းစားသောက်ပြီးအိမ်ပြန်ကြတယ်Nayeonကိုတော့Jeongyeonကတိုက်ခန်းအထိလိုက်ပို့သေးတယ်#
🐰:အထဲဝင်ထိုင်သွားအုံးလေ
🐊:သေချာပေါက်ဝင်ထိုင်ပြီးခနလောက်နေပြီးမှပြန်မှာပါ။
#Jeongyeonလည်းNayeonတိုက်ခန်းမှာခနနေတယ်#
🐰:Jeongyeonရှင့်ကိုမေးစရာရှိတယ်
🐊:မေးလေ
🐰:ရှင်ကျွန်မကိုလွန်ခဲ့တဲ့သုံးနှစ်လောက်ကမဟုတ်ပဲလွန်ခဲ့တဲ့ငါးနှစ်လောက်ကသိတယ်လို့ရှင့်စာအုပ်မှာရေးထားတယ်နော်
🐊:မင်း..မင်းကဘယ်လိုအဲ့အခန်းကိုရောက်သွားတာလဲ
🐰:Chaeyoungကရှင့်အခန်းကိုဝင်ကြည့်သွားပါအုံးဆိုပြီးလွန်ခဲ့တဲ့တစ်နှစ်ကအိမ်သွားလည်တုန်းကပြောလို့ဝင်ကြည့်ရင်းနဲ့ရှာတွေ့ခဲ့တာ
🐊:ဒီကောင်တော့ကွာ
🐰:ဖြေပါဘယ်လိုသိတာလဲ
🐊:ငါစိတ်ညစ်နေတဲ့နေ့လေးလေလမ်းလျှောက်နေပေမဲ့ဦးတည်ရာမဲ့နေခဲ့တယ်ငါအော်သံကြားလို့ငါရဲ့ငိုက်စိုက်ကျနေတဲ့ခေါင်းကိုထောင်ကြည့်လိုက်ချိန်မှာမင်းပြေးလွှားနေတာကိုတွေ့တာပဲကျန်တာတွေကတော့စာအုပ်မှာရေးထားတဲ့အတိုင်းပဲ
🐰:ရှင်ကျွန်မကိုအဲ့ကတည်းကစကြိုက်ခဲ့တယ်ဆိုပါတော့
🐊:ဟုတ်မလားတော့မသိဘူးဒါနဲ့အဲ့တုန်းကမင်းနောက်ကိုလူတွေပြေးလိုက်ပြီးမင်းကိုလိုက်ဖမ်းနေတာကဘာလို့လဲ
🐰:အဲ့တုန်းကအိမ်ကထွက်လာတာလေAppaကသူ့လူတွေလွှတ်ပြီးအိမ်ကိုပြန်ခေါ်လာခိုင်းတာကျွန်မလည်းမပြန်ချင်တာနဲ့ထွက်ပြေးတော့သူတို့ကလိုက်ဖမ်းရတာပေါ့
🐊:ဘယ်လိုဖြစ်လို့အိမ်ကထွက်ပြေးရတာလဲ
-
-
-
Reader အားလုံးကျေးဇူးပါ
နောက်ပိုင်းကျွန်တော်ချန်ထားတဲ့အကြွေးကိစ္စလေးရှင်းဆက်ရအောင် မေ့များမေ့ကုန်ကြပြီလား

#My_Love_is_You
#YooJonger
#TLMfics
#TwicelandMyanmar

My Love is You [Full episodes]Where stories live. Discover now