"My Love is You"[Ep.13]

358 19 0
                                    

Boys:Jeongyeon(🐊),Chaeyoung(🐯),Dahyun(📹),Tzuyu(🐶)
Girls:Nayeon(🐰),Momo(🐥),Sana(🐍),Jihyo(🦄),Mina(🐧)
---------------------------------
<<2yeonတို့ကတော့ကြည်နူးနေတာပေါ့နော်>>
တစ်ဖက်မှာတော့Sanaတစ်ယောက်Shoppingထွက်ပြီးပြန်လာခဲ့တယ် လမ်းကူးရင်းကားတိုက်မိမလိုဖြစ်တော့မလို့အနောက်ကတစ်ယောက်ယောက်အချိန်မှီလှမ်းဆွဲလိုက်တယ်
🐍:အားးးး ဘာလို့လာဆွဲနေတာလဲ(လူကိုမကြည့်နဲ့အော်လိုက်တယ်)
Boy:ငါမဆွဲရင်မင်းကားတိုက်မိတော့မယ်
🐍:Tzuyuပဲ(ကောင်လေးကိုကြည့်ကာပြောလိုက်တယ်)
🐶:ဟုတ်တယ်ဒီတခါလည်းကျွန်တော်ပဲ
🐍:နင်ဘာလာလုပ်ပြန်ပြီလဲဒါမှမဟုတ်ငါ့နောက်ကိုနောက်ယောင်ခံလိုက်နေတာလား
🐶:🙄🙄နောက်ယောင်ခံလိုက်တယ်??ဘယ်သူကလဲကျွန်တော်လား??ဟုတ်တာကိုပဲပြောပါNoonaရယ်
🐍:မဟုတ်ဘူးလားနင်ငါ့နောက်ကအမြဲပါလာနေကျလေ
🐶:ရူးနေတာလားဘယ်သူကမင်းနောက်ကိုအချိန်ကုန်ခံပြီးလိုက်မှာလဲ
🐍:မလိုက်ဘူးဆိုရင်လည်းပြီးတာပဲငါသွားပြီး
🐶:နေအုံး(Sanaလက်ကိုလှန်းဆွဲလိုက်တယ်)
🐍:ဘာဖြစ်ရပြန်ပြီလဲ
🐶:မီးနီနေသေးတယ်ကူးလို့မရသေးဘူးလို့ပြောမလို့မင်းကနမောနမဲ့နိုင်လိုက်တာ
🐍: ......
🐶:လာကူးလို့ရပြီ(ပြောပြီးSanaလက်ကိုဆွဲကာလမ်းကူးလိုက်တယ)်Sanaလည်းကြောင်တောင်တောင်နဲ့ပါသွားလေတယ်လမ်းတစ်ဖက်ရောက်တော့
🐶:ရောက်ပြီ (ပြောပြီးလက်ကိုလွှတ်လိုက်တယ်)
🐍:ရှင်အခုကျွန်မကိုလမ်းကူးပေးနေတာလား
🐶:ဟုတ်တယ်ငါနဲ့လည်းလမ်းကြုံလို့မင်းကောင်းကောင်းမကူးတတ်မှာစိုးလို့
🐍:ရူးနေလားငါကလမ်းတောင်မကူးတတ်ရအောင်ကလေးမဟုတ်ဘူး။
🐶:ဟုတ်လား...ကလေးတွေကသေချာလမ်းကူးတတ်ပါတယ်မင်းပဲလမ်းကိုသေချာမကူးတတ်တာ
🐍:ဘာလို့ငါကဒီလမ်းလေးတောင်မကူးတတ်ရမှာလဲကူးတတ်တယ်
🐶:ကူးတတ်လို့ကားတိုက်မိတော့မလိုဖြစ်သွားတာလေ
🐍:ဒီမှာရှင်...
🐶:မပြောနဲ့တော့နမောနမဲ့နဲ့ငါသွားပြီ(ပြောပြီးထွက်သွားပေမဲ့Sanaကတော့ဒေါသတွေနဲ့ကျန်ခဲ့လေတယ်)
ဘာလိုလိုနဲ့အချိန်ကတစ်လကုန်တော့မယ်
🐊:Nayeon မင်းဘယ်နေ့ပြန်ရမှာလဲ
🐰:နောက်နှစ်ရက်နေမှပြန်ရမှာပါဘာလဲသိပ်ပြန်စေချင်နေတာလား
🐊:Aniyaမင်းဒီနှစ်ရက်ကိုလည်းကိုယ့်အခန်းမှာလာအိပ်အုံးမှာလား
🐰:အင်းလာအိပ်မှာပါ(ဒီနေ့လည်းအရင်လိုအတူတူအိပ်ကြတယ်)
🐊:Ommaမလုပ်ပါနဲ့Omma~~
🐰:Jeongyeon Jeongyeon ဘာဖြစ်တာလဲ
#Nayeonလည်းခုတင်ဘေးကမီးကိုထဖွင့်လိုက်ပြီးနှိုးလိုက်တော့Jeongyeonချွေးတွေစိုရွှဲစွာနဲ့ထထိုင်လိုက်တယ်အသက်ရှူသံကလည်းအရမ်းမြန်နေတယ်#
🐊:မင်းဘာဖြစ်သွားသေးလဲထိခိုက်မိတာတွေရှိလားဘယ်နားထိခိုက်သွားသေးလဲ(Nayeonကိုသေချာထိခိုက်မှုရှိမရှိသေချာလိုက်ကြည့်တယ်)
🐰:ကျွန်မဘာမှမဖြစ်ပါဘူးJeongyeonရှင်အိပ်မက်ဆိုးမက်နေတာလား(Nayeonစကားလည်းဆုံးရောရုတ်တရက်NayeonကိုJeongyeonတင်းကြပ်စွာပဲဖက်လိုက်တယ်)
🐊:Nayeonမင်းကိုကိုယ်ချစ်တယ်နော်(ဖက်ထားရာကနေပြောလိုက်တယ်)
🐰:ကျွန်မလည်းရှင့်ကိုချစ်ပါတယ်(ပြန်ဖက်ထားပေးလိုက်တယ်)
🐊:ကိုယ့်ကိုထားမသွားပါနဲ့နော်ကျေးဇူးပြုပြီးကိုယ့်ကိုထားမသွားပါနဲ့ (မျက်ရည်များစီးကာပြောလိုက်တယ်)
🐰:ကျွန်မရှင့်ကိုထားမသွားပါဘူး..ရှင်ငိုနေတာလား
🐊:Aniyaမငိုပါဘူး
**Nayeonဖက်ထားရာကနေလွှတ်လိုက်ပြီးကြည့်လိုက်တော့Jeongyeonကမျက်ရည်တွေနဲ့**
🐰:ပြောတော့မငိုဘူးဆိုမျက်ရည်ကဘာလို့ကျနေတာလဲအိပ်မက်ကကြောက်စရာအရမ်းကောင်းလို့လားအငိုတိတ်တော့နော်ဘာမှမဖြစ်ဘူးငါဘေးမှာရှိနေတာပဲ
🐊:Nayeonကိုယ်အိပ်မက်ထဲမှာမင်းကိုနာကျင်အောင်လုပ်နေတယ်
🐰:Jeongyeonဒါကအိပ်မက်ပါဘာမှမဖြစ်ဘူးနော်
🐊:မဟုတ်ဘူးမင်းကိုလည်းတစ်ခုခုဒုက္ခလာပေးရင်ရော....ကိုယ်..
🐰:ဘာမှမဖြစ်ပါဘူးနော်အိပ်မက်ပါမကြောက်နဲ့တော့လာဖက်ထားပေမယ်(စကားကိုဖြတ်ပြောလိုက်ပြီးJeongyeonကိုဖက်ထားလိုက်တယ်)
🐊:ဒါကကိုယ်မက်နေကျအိပ်မက်ဆိုးဖြစ်နေပေမဲ့ဒီတခါအရမ်းထူးဆန်းနေတယ်ကိုယ့်ရဲ့အိပ်မက်ဆိုးမှာမင်းပါဝင်လာတယ်။
==Nayeonကတော့မက်နေကျအိပ်မက်ဆိုးဆိုတော့Jeongyeonငယ်ငယ်ကဘာတွေဖြစ်ခဲ့လည်းဆိုတာသိချင်လာတယ်။==
🐰's mind:အိပ်မက်ဆိုးသပ်သပ်ပဲမလားJeongyeon တကယ်ရင်ဆိုင်ခဲ့ရတာလားဘာလို့လဲရှင့်ကိုတစ်ခုခုလုပ်ခဲ့တာလားဘာကြောင့်လဲရှင်တော်တော်ကြောက်နေခဲ့မှာပဲJeongyeonရှင်ငယ်ငယ်တုန်းကဘာတွေဖြစ်ခဲ့တာလဲ
Jeongyeonကတော့Nayeonရဲ့ဖက်ထားပေးမှုကြောင့်နှစ်ခြိုက်စွာပြန်အိပ်ပျော်သွားခဲ့ပါတယ်
နောက်နေ့တော့သူတို့နှစ်ယောက်Cafe Dateလုပ်ကြတယ်
🐰:Jeongyeonငါ့ကိုပြောစရာမရှိဘူးလား
-Jeongyeonမျက်နှာမကောင်းဖြစ်နေတာကြောင့်မေးလိုက်တယ်။-🐊:ဘာကိုလဲ(Nayeonပြောတာကိုသဘောမပေါက်ပုံနဲ့)
🐰:မနေ့ညကရှင်အိပ်မက်ဆိုးမက်တယ်မဟုတ်လားအခုအဆင်ပြေရဲ့လား
🐊:ငါအဆင်ပြေပါတယ်ဒါပေမဲ့မင်းကိုစိတ်ပူနေတုန်းပဲ
🐰:ရှင်ကဒီလိုအိပ်မက်ဆိုးခဏခဏမက်တာပဲလား
🐊:Inn (ခေါင်ညိမ့်ပြလိုက်တယ်)
🐊:ဒါပေမဲ့မင်းနဲ့အတူရှိနေခဲ့တဲ့အချိန်တွေတုန်းကငါအိပ်မက်ဆိုးမမက်တော့ပဲငါကောင်းကောင်းအိပ်ပျော်ခဲ့တယ်
🐰:အရမ်းကြောက်ဖို့ကောင်းတဲ့အိပ်မက်လား
🐊:Inn အရမ်းကြောက်ဖို့ကောင်းတာ
🐰:ဘယ်ကတည်းဒီလိုအိပ်မက်ဆိုးတွေမက်လာခဲ့တာလဲ
🐊:ငယ်ငယ်ကတည်းကပါငါဆေးမသောက်ပဲအိပ်ရင်အမြဲမက်တယ်လေ
🐰:ရှင့်ခုတင်ဘေးမှာရှိနေတဲ့ဆေးဘူးလား
🐊:Innဒါပေမဲ့မနေ့ညကအိပ်မက်ထဲမှာမင်းပါဝင်လာခဲ့တယ်ငါဘယ်လောက်တောင်ကြောက်ခဲ့ရလဲမင်းသိရဲ့လားငါမင်းကိုမနာကျင်စေချင်ဘူး
🐰:အိပ်မက်ကအိပ်မက်သပ်သပ်ပါပဲငါဘာမှမဖြစ်ပါဘူး
🐊:မဟုတ်ဘူးးးး အိပ်မက်ဆိုပေမဲ့လည်းအိပ်မက်မဟုတ်ခဲ့ရင်ကော
🐰:ရှင်ငယ်ငယ်ကဘာဖြစ်ခဲ့ဖူးလို့လဲတစ်ခုခုဖြစ်ခဲ့ဖူးလို့လား
🐊:မဟုတ်ပါဘူးထားပါတော့ဒါပေမဲ့ကိုယ်မရှိတဲ့အချိန်တွေမှာကိုယ့်ကိုဂရုစိုက်ရမယ်နော်
🐰:စိတ်ချပါ
#ဒီလိုနဲ့အချိန်တွေကုန်ခဲ့ပြီးနောက်နေ့ဆိုJeongyeonနိုင်ငံ့ခြားသွားတော့မဲ့ရက်ကိုရောက်လာခဲ့ပြီမသွားခင်မှာသူတို့ကိုးယောက်နှုတ်ဆက်ပွဲလေးလုပ်ကြတယ်။#
📹:ကဲကဲအားလုံးပဲဒီညစားပွဲလေးမှာပျော်ရွှင်စွာဖြတ်သန်းကြပါ
🐯:Hyungကိုနှုတ်ဆက်တဲ့ပွဲလုပ်ပါတယ်ဆိုပျော်နေရမှာလား
🐶:အေးလေးဘယ်သူကပျော်နိုင်မှာလဲ
🦄:ဟုတ်သားပဲဝမ်းနည်းစရာကိစ္စကိုဘယ်လိုလုပ်ပြီးပျော်နိုင်ကြမှာလဲ
🐊:ထားလိုက်ပါတော့Dahyunပြောသလိုပဲပျော်ပျော်ပါးပါးနဲ့ပွဲလုပ်ရအောင်
🐶:Hyungကသုံးနှစ်တောင်သွားရမှာနော်ကျွန်တော်တို့ကဘယ်လိုပျော်နိုင်မှာလဲ
📹:ဟုတ်တယ်ကျွန်တော်တို့ကHyungကိုသုံးနှစ်လုံးတောင်လွမ်းနေရမှာ
🐊:မင်းကလည်းငါ့ကောင်မလေးကငါ့ကိုလွမ်းဖို့လည်းချန်လိုက်ပါအုံးပိုကိုပိုလွန်တယ်
🐥:ဟုတ်ပတော်တော်ပိုနေတာ
🦄:ဒါနဲ့ငါ့သူငယ်ချင်းလေးအဆင်ပြေရဲ့လားသုံးနှစ်ကြီးတောင်စောင့်ပြီးလွမ်းနေရမှာနော်(Nayeonဘက်လှည့်ပြီးမေးလိုက်တယ်)
🐰:ငါ....ငါ...ငါအဆင်ပြေပါတယ်(ပြောသာပြောသာမျက်နှာကတော့မကောင်းပေ)
🐍:မစောင့်နိုင်လည်းကိစ္စမရှိပါဘူးလေနောက်တစ်ယောက်တာပြောင်းရှာလိုက်
🐧:SANA!!!
🦄:SANA!!!
#Jihyoနဲ့Minaအပြိုင်အော်လိုက်လေတယ်#
🐶:ဒီမှာမင်းသူများတွေရဲ့ခံစားချက်ကိုမသိဘဲနဲ့လျှောက်မပြောပါနဲ့
🐍:ကျွန်မပြောတာမှားနေလို့လားကျွန်မသူငယ်ချင်းအတွက်ပြောတာလေ
🐶:မင်းကသိပ်လျှာရှည်တာပဲသူများကိစ္စထဲလိုက်ဝင်ပါချင်နေတယ်
🐯:ကဲပါတော်ကြပါတော့မင်းတို့ကလည်းမတည့်ကြဘူး။
📹:မတည့်တဲ့သူနှစ်ယောက်ကညှားတတ်တယ်နော်🤔
🐍:ရူးနေလို့ငါကသူ့ကိုယူရမှာလားတို့ဖူးကောင်ရဲ့
🐶:ကျွန်တော်လည်းNoonaလိုမိန်းကလေးမျိုးကိုစိတ်ကိုမဝင်စားတာ
🐍:ငါလည်းနင့်လိုလူကိုစိတ်မဝင်စားပါဘူးနော်
🐧:တော်ကြပါတော့ဟာဒါရန်ဖြစ်ပွဲမဟုတ်ဘူးနော်
🐥:ဟုတ်ပဟာဘာမဟုတ်တာလေးနဲ့
စားရင်းသောက်ရင်းနဲ့အချိန်ကပြီးဆုံးသွားခဲ့တယ်နောက်နေ့တော့ Jeongyeonလည်းနိုင်ငံ့ခြားသွားခဲ့တယ်အဆက်အသွယ်ဆိုတာကလည်းတစ်လလုံးမှာတစ်ကြိမ်နှစ်ကြိမ်လောက်ပဲရတယ်နှစ်နှစ်လောက်ကြားတော့Chaeyoungနဲ့Minaတို့လက်ထပ်ခဲ့ကြတယ်နောက်သိပ်မကြာပါဘူးTzuyuနဲ့Sanaတို့ရုတ်တရက်လက်ထပ်သွားကြတယ်။
တစ်နေ့မှာNayeon,Shoppingထွက်ရင်းနဲ့Minaတို့နဲ့ဆုံခဲ့တယ်
🐧:Nayeon မတွေ့ရတာတော်တော်ကြာပြီးနော်
🐰:အင်းနင်တို့နှစ်ယောက်သတင်းကိုငါကြားပါတယ်ငါဝမ်းသာတယ်နော်
🐯:ကျွန်တော်ကတော့တောင်းပန်ပါတယ်နော်မရီး
🐰:မရီးဟုတ်လား
🐯:ဟုတ်တယ်လေအကို့ကိုကျော်ပြီးကျွန်တော်ကအရင်ဆောင်ခဲ့တော့မရီးကိုအားနာရတာပေါ့
🐰:မဟုတ်တာပဲChaeyoungရယ်အပိုပြောမနေပါနဲ့
🐧:ငါလည်းနင့်ကိုအားနာပါတယ်နင်လည်းJeongyeonနဲ့အဆက်အသွယ်မရဘူးမလား
🐰:မရဘူးလေနင်တို့ကောသတင်းကြားသေးလား
🐯:Hyungကအခုသလောအလုပ်ရှုပ်နေတယ်ထင်တယ်ကျွန်တော်တို့စီလည်းမဆက်သွယ်ဘူးလေ
🐧:ဟုတ်တယ်Tzuyuတို့မင်္ဂလာဆောင်တာတောင်မသိဘူးထင်ပါတယ်
🐯:Noonaဒါနဲ့အားရင်အိမ်ကိုလာခဲ့ပါအုံး
🐰:Aaအခုတလောငါအားနေတယ်ဆိုတော့မနက်ဖြန်လာခဲ့မယ်လေနင်တို့နဲ့မတွေ့ရတာလည်းတော်တော်ကြာသွားပြီဆိုတော့
🐯:သေချာပေါက်လာခဲ့ပါကျွန်တော်ဆက်ဆက်စောင့်နေမှာမို့လို့
🐰:အေးပါလာခဲ့မယ်
======================================
ဖြတ်ချခဲ့လိုက်ပါပြီ
နောက်တစ်ပိုင်းမှာစာများများဖတ်ရအောင်ပြီးတော့ဇာတ်ကြောင်းလေးပြန်လှည့်ကြည့်ရအောင်လား
အားလုံးကိုအထူးကျေးဇူးပါ

#My_Love_is_You
#YooJonger
#TLMfics
#TwicelandMyanmar

My Love is You [Full episodes]Where stories live. Discover now