Part-1

2.2K 110 8
                                    

........
အချစ်ဟာ မှိုတက်နေတဲ့ပေါင်မုန့်တစ်လုံးနှင့်တူ၏။
အောင့်သိုးသိုး စိမ်းသပ်သပ်နိုင်ပြီး တစ်ချိန်တည်းမှာပဲ နူးညံ့နေတာမျိုး။
ရံဖန်ရံခါမှာ နူးအိချိုမြတဲ့cotton candyနွေးနွေးလို။
တစ်ခါ အေးစက်မှောင်မိုက်တဲ့ အသုရာချောက်နက်ထဲပြုတ်ကျရသလို မောဟိုက်ကာ ရင်တစ်လှပ်လှပ်ဖြစ်ရ၏။

အချစ်ဟာ လူကိုမျက်ကန်းစေ၏။
စွဲလမ်းစိတ်နှင့်ဆက်နွယ်ကာ မှားမိုက်ရူးသွပ်စေ၏။
အချစ်သည် အမှောင်ဖြစ်၏
အဆိပ်အတောက်ဖြစ်၏။

အချစ်ကြောင့် ကိုယ်ဟာ မျက်ကန်းတစ်ယောက်၏ မှားမိုက်ရူးသွပ်ခြင်းမျိုးကဲ့သို့
စွဲလမ်းရသော မင်းလေးအပေါ်
မိုက်မိုက်ကန်းကန်းရူးသွပ်လိုက်ဖို့ အသင့်ဖြစ်နေခဲ့၏။


.................

အဝတ်လဲခန်း မှန်ရှည်ထဲမှာပေါ်နေတဲ့ လက်တစ်လုံးကြိုးcrop top အနီလေးနှင့် အနက်ရောင်စကက်ပေါင်တိုဝတ်ထားတဲ့ မိမိပုံစံကိုSeulgiသေဘာမက်လွဘူး ၊ အလှတရားအစုံကသိပ်ကိုပေါ်လွင်နေကြောင်းတွေ့ရပေမယ့် ထိုသို့ဝတ်လေ့မရှိသည့် သူမအဖို့ မလိုက်ဖက်ဘူးလို့ ခံစားရတာမဆန်းဘူး။

"ဟေး ပြီးပြီလား ''

အခန်းတံခါးကိုပွင့်တယ်ဆိုရုံလေးဟ၍ ခေါင်းတိုးကာချောင်းသည့် Park Chaeyoung။
ဒီအဝတ်တွေက Chaeyoungပဲစီစဉ်ပေးထားတာ။

"အင်း ပြီးပါပြီ''

မှန်ထဲက ကိုယ်ဟာတစ်ခြားတစ်ယောက်လိုဖြစ်နေတာမို့ စိတ်တိုင်းမကျလှဘူး။ သို့ပေမယ့် အဆင်ပြေလောက်ပြီထင်တဲ့အတွက် အခန်းထဲကထွက်လိုက်သည်။

"ဝါး.....Kaung Seulgi!''

မမြင်ဖူးမတွေ့ဖူးထားတဲ့ပုံစံမို့ Chaeyoungက သူမအားရှေ့မှနောက်မှလှည့်ပတ်ကာ တအံ့တသြလုပ်၍ ကြည့်သည်။ မလုံမလဲ ရှက်စိတ်ကလေးနဲ့မို့ ချယ်သထားခြင်းဘာမျှမရှိသေးသော သူမပါးမို့မို့ကလေးမှာတောင်ပန်းနုရောင်ရဲရဲ။

"ငါ..ကြည့်ရဆိုးနေလို့လား Chae''

မိမိကိုယ်ကိုယ်ပြန်ငုံ့ကြည့်မိသည်။ ပေါ်နေသည့်ဗိုက်သားနှင့် အဝတ်မကပ်သည့်ခြေသလုံးတို့ဟာ အဲကွန်းလေကြောင့် ချမ်းစိမ့်စိမ့်

PrettiestWhere stories live. Discover now