Part-9

677 88 19
                                    

အချစ်သည် လွန်ဆန်၍မရ။

............

ထိုရက်များတွင်Miss Baeဟာ စကားတည်သူမှန်းSeulgiသိလိုက်ရ၏။
သူမတို့မျက်နှာချင်းဆိုင်ဆုံကြဖို့မဆိုထားနှင့် အရေးအကြောင်းစည်းဝေးများ၌ပင် Miss Baeသည် Seulgiကိုစေ့စေ့တောင်မကြည့်ခဲ့။

နေနိုင်ရက်ပါသည်ဟု အပြစ်ကလေးတင်ချင်ပါသော်လည်း၊ ထိုသို့နေနိုင်ရက်စေချင်သူမှာမိမိပင်ဖြစ်ပါသည်။
Seulgiမှာ ကိုယ့်အတက်ကိုယ်ဆူးမိကာ ကြိတ်၍မှိတ်၍နာနေရ၏။

Company၏ နှစ်ကုန် Year Endပွဲတော်သည်ထိုသို့ပဲယောင်လည်လည်နှင့်ပြီးဆုံးခဲ့၏။
မမSunminသည်လည်း ထုံးစံအတိုင်း နှစ်ကုန်ပိတ်ရက်များတွင်ပြန်မလာခဲ့ပါ။

နှစ်ကုန်ပိတ်ရက်များ၌ Seulgiမှာ အိမ်တွင်Chaeyoungတို့နှင့်အချိန်ဖြုန်းလိုက် ရံဖန်ရံခါWendyနှင့်အပြင်ထွက်လိုက်ဖြင့်သာ ယောင်လည်လည်ကုန်ဆုံးခဲ့ရပါသည်။

ထို လေးလံနေသော နေ့ရက်များတွင်Seulgiသိလိုက်ရသည်က၊ Seulgi၏နှလုံးသားဟာတစ်စုံတစ်ယောက်ကိုလိုအပ်နေခဲ့ပြီး၊ ထိုလိုအပ်နေသောသူမှာMs.Baeဖြစ်နေပါ၏။

Ms.Baeထံမှ စာဖြင့်သော်လည်းကောင်း၊စကားဖြင့်သော်လည်းကောင်းတစ်နည်းမဟုတ်တစ်နည်းဖြင့်အကြောင်းဖန်ကာ ဆက်သွယ်လာမည်ကို တိုးတိုးတိတ်တိတ်မျှော်ခိုး၍စောင့်ငင့်နေမိသည်။

သို့ပေမယ့် မိမိသည်စကားကျွံမိသူဖြစ်၏။
Ms.Baeနှင့် သူမတို့ဇာတ်လမ်းမှာ ဤဘဝ ဤမျှနှင့်သာ တစ်ခန်းရပ်တော့မည်ထင်ပါသည်။

.................

ယခုကဲ့သို့ နှင်းမှုန်တွေတဖွဲဖွဲကျနေပါသော ညနေခင်း၌ Seulgiသည် ပြတင်းပေါက်နံဘေးကစာကြည့်စားပွဲလေးမှာ ထိုင်ကာ ဝတ္ထုတစ်အုပ်ကိုဖတ်နေခဲ့သည်။

''........''

ဖုန်းသံသည် Seulgi၏ စာအုပ်၌အာရုံဝင်စားနေခြင်းကိုဖျက်စီးလိုက်၏။
Caller idမှာLisaဖြစ်နေသည်။ Lisaသည် Seulgiကို တိုက်ရိုက်ဆက်သွယ်ခဲသူမို့ အရေးအကြောင်းထူးမည်အထင်နှင့် ဖုန်း ချက်ချင်းကိုင်လိုက်သည်။

''ဟယ်လို...''

''Seulgi အားလားမသိဘူး''

''အင်း အားပါတယ် ဘာလို့လဲ''

You've reached the end of published parts.

⏰ Last updated: Feb 25, 2022 ⏰

Add this story to your Library to get notified about new parts!

PrettiestWhere stories live. Discover now