Part-3

968 112 6
                                    

ပန်းကလေးမို့ မနမ်းရက်ပါကွယ်

မင်းအနားဝဲတဲ့ လိပ်ပြာတွေကိုတော့
ကိုယ် တိတ်တိတ်ကြိတ်မုန်းမိပါရဲ့....

မင်းတစ်ယောက် ဝေဝေဆာဆာပွင့်လန်းပါ
ကိုယ်က စိတ်နဲ့ပဲခူးဆွတ်ပါမယ်...။

ကိုယ်ဟာ တွေးကြောက်တတ်သူမို့
ချစ်ဖို့ကိုတော့ သတ္တိလည်းမရှိပါဘူးတဲ့...

..................

လူခေါ် Bellတီးကိုလိုက်ပေမယ့် တံခါးဟာပွင့်၍မလာပါ။
ထို့ကြောင့် သိနေသောPinနံပါတ်ကိုရိုက်ထည့်ကာ ဖွင့်ပြီးHanNaအိမ်ထဲဝင်ခဲ့သည်။

ဧည့်ခန်းမှာညအိပ်ဝတ်စုံနဲ့ထိုင်နေဆဲဖြစ်တဲ့ Ireneကတော့ အိပ်ချင်မူးတူး၊ မျက်လုံးပွင့်သေးပုံမပေါ်သေး။
လက်ထဲမှာပါလာသော အရံဟင်းဘူးအထုပ်ကို မီးဖိုခန်းထဲသွားထားတင်လိုက်၏။
Ireneဟာ နောက်မှ လေးတိလေးကန်နှင့် လိုက်လာသည်။

"အရံဟင်းတွေပဲလား''

"အင်း..Mommyကပေးခိုင်းလိုက်တာ''

သူနဲ့ ကိုယ်ကြားမှာထွေထွေထူးထူးပြောစရာစကားများ ရှိ၍မနေပါ။

ရင်ထဲမှာတော့ ပြောလိုက်ချင်တာတွေ မေးလိုက်ချင်တဲ့မေးခွန်းတွေပြည့်နှက်နေပေမယ့် အာစေးမိနေသလို နှုတ်ဟာ စကားတစ်မျှမဟနိုင်ခဲ့။

Ireneကတော့ ဘာမှမထူးသလို ပုံမှန်ပါပဲ။

အထုပ်ထဲက ဟင်းဘူးတွေကိုထုတ်ပြီး သူကတစ်ဘူးချင်းဖွင့်ကာ လိုက်မြည်းကြည့်နေသည်။
သူကြိုက်တာတွေ့တဲ့အခါ ထူးထူးဆန်းဆန်းအသံတွေလုပ်ကာ၊ ခုန်ဆွခုန်ဆွလုပ်၍ပြုံးရွှင်နေပြန်၏။

သူပျော်နေတာတွေ့ရရင်၊ သူ့အပြုံးကလေးမြင်ရရင် စိတ်ဟာ ကြည်နူးရပါ၏။ ချမ်းမြေ့ရပါ၏။

သူသာ စာအုပ်တစ်အုပ်ဆိုပါက
စာမျက်နှာတိုင်းကို အကြိမ်ကြိမ်ဖတ်ကြည့်မယ်
ဝမ်းနည်းစရာအကြောင်းတွေမှာအတူတူငိုပေးပြီး
ပျော်ရတဲ့အခါ ကိုယ်ပါရယ်ကာမောကာ ပေးမည်။
သူမသိအောင် တိတ်တိတ်ကလေးခိုး၍ ချစ်မည်။

"ငါ့မျက်နှာက ညစ်ပတ်နေလို့လားဟင်''

HanNa သူ့ကိုငေးနေတာကိုIreneကမိသွားသည်။
ရှက်ကိုးရှက်ကန်းတွေလုပ်မနေပဲ HanNaက ခပ်တည်တည်ပင်အကြည့်လွှဲပြီး..

PrettiestWhere stories live. Discover now