Part-5

1.5K 117 8
                                    

............

Ruby Janeဆိုတဲ့မိန်းကလေးနဲ့ သွားပက်သတ်ပြီးတိုင်း ရလိုက်တာဆိုလို့ ခံပြင်းခြင်းနဲ့ခါးသီးမှုတွေပါပဲ။

သူကတော်လွန်းတယ် ကိုယ်ဟာသူ့အတွက်သိပ်လွယ်တဲ့ သားကောင်တစ်ကောင်ပါ။
ကိုယ်ဘယ်လိုခံစားသွားရမယ်ဆိုတဲ့အကျိုးဆက်တွေကိုသိသိရက်နဲ့ သူ့ကိုမှမငြင်းဆန်နိုင်ရက်တဲ့ ကိုယ်ဟာ ငပျော့ပဲ၊ လူပျော့လူညံ့ပဲ။
Irene Baeဆိုတဲ့ နာမည်တစ်လုံးနဲ့စောင့်ထိန်းလာသမျှဂုဏ်သိက္ခာတွေဟာ Ruby Janeရှေ့မှာဆို ပြားပြားဝပ် အညွန့်ကျိုးရတာပဲ။
ဒါကိုသိလို့ သူဆိုတာကလည်းကိုယ့်အပေါ် ခူးချင်သလိုခူး၊ ချိုးချင်သလိုချိုးနေခဲ့တာလေ။

နောက်တစ်ခါ မရတော့ဘူး၊ နောက်တစ်ခါတော့ မင်းကိုယ့်ကိုမရစေရဘူးRuby Janeရယ်လို့ မာန်တင်းထားပေမယ့်၊ နောက်တစ်ခါကျရင်လည်း သူ့ကိုလွန်ဆန်နိုင်မှာမဟုတ်မှန်းကိုယ်သိပါတယ်၊
သူက တော်လွန်းတယ်
သူက သိပ်လွန်လွန်းတယ်။
ကိုယ်ဆိုတာဟာလည်း မကောင်းမှန်းသိလျှက်နဲ့ မူးရစ်ဆေးဝါးစွဲသလိုမျိုး Ruby Janeဆိုတဲ့မိန်းကလေးကိုမှ အစွဲကြီးစွဲနေမိတဲ့ အတ္တခပ်ကြီးကြီးလူ ပဲလေ...။

အမှတ်မရှိလိုက်တဲ့ Irene Bae...'

ဒီလိုမျိုး ကြိတ်၍ကျိန်ဆဲကာ ကားမှန်ပြတင်းပေါက်ကိုလက်စပြင်းပြင်းဖြင့်ထုလိုက်သည်။
ဒေါသကြောင့်လျှံကျလာတဲ့မျက်ရည်တွေကိုတော့ Driverမြင်မှာစိုး၍ ခပ်မြန်မြန်ပဲသုတ်ပစ်လိုက်ရ၏။

''Ms.Bae အိမ်ကိုသွားမှာလားခင်ဗျာ''

''မသွားဘူး အရက်Barကိုမောင်း''

စိတ်ကို လွှတ်ပေးလိုက်ဖို့လိုနေသည်။
ဒေါသကို အရက်နဲ့ဖြေပြီး ပြီးပျောက်ပစ်လိုက်ဖို့လိုနေသည်။

ဒီလိုအချိန်မှာ စိတ်ရှိတိုင်းလွှတ်ပြီး တစ်ယောက်​ယောက်နဲ့အိပ်လိုက်ပြီးရင်တော့ နေရာထိုင်ရတာပေါ့ပါးသွားမှာပဲဆိုတဲ့အတွေးကလွဲလျှင်ဘာမှ ခေါင်းထဲရှိ၍မနေနေတော့ပါ။
Ruby Janeဆီမှာမပြီးပြတ်ခဲ့သောဇာတ်လမ်းကို အခြားတစ်ယောက်ယောက်နှင့်အဆုံးသတ်ရန်သာရှိနေပါတော့သည်...။
..................

PrettiestWhere stories live. Discover now