Part-8

404 55 3
                                    


ဆောင်းတွင်းသည် Seulgi၏လက်ဖဝါးများကိုအေးစက်နေစေ၏။
ခရစ်စမတ်အားလပ်ရက်များအတွင်း၌ Seulgiသည်နှင်းမှုန်များထက်ပိုအေးစက်၍နေခဲ့ပြီဖြစ်သည်။
ရင်ထဲက ပူလောင်မှုများဟာတော့ အသားကင်မီးဖိုကမီးခဲရဲရဲများကဲ့သို့ ပူလောင်ပြင်းရှစွာ တငွေ့ငွေ့နှင့်ငြိမ်ငြိမ်သက်သက်ကလေးတောက်လောင်နေခဲ့၏။

''Seulgiရယ် ဘာတွေဖြစ်နေတာလဲ..၊
နယ်ပြန်မယ်ပြောပြီးတော့ ပြန်လည်းမပြန်ဘူး
ဆက်တိုက်ကိုမှိုင်တွေနေပြီး ဘာဖြစ်နေတာလဲ​ ပြောပါ ဆိုတော့လည်းဘာမှမပြောဘူး...ကဲ ငါဘယ်လိုလုပ်ရမလဲ..''

အသားကင်မီးဖိုမှရနံ့များဟာ မွှေးအီနေ၏။ Chaeyoungသည် အသားကင်ဖိုမှအသားဖက်တွေကိုတစ်ဖက်လှန်နေရင်း ညည်းတွားနေ၏။

''ငါ ဘာမှမဖြစ်ပါဘူးဟာ ဒီလိုပါပဲ''

Seulgi၏ ချိနဲ့နေသောလေသံအဆုံး၌ Chaeyoung၏သက်ပျင်းချသံဖွဖွဟာပါလာတော့သည်။

''ဘာမှမဖြစ်ဘူး ဆိုတာကိုက ဖြစ်နေတာလေဟယ်''

Seulgiမှာ Chaeyoungကိုသာ အားနာနေရသည်။
မိမိ၏ပြသနာမှာ ပြောပြ၍လည်းကြားမကောင်း လူသိပါလျှင်ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလိုသာဖြစ်ရမည်ဖြစ်၍၊ တစ်ယောက်တည်းကြိတ်ကာမှိတ်ကာ မြိုသိပ်ထားရခြင်းဖြစ်ပါသည်။
ဒါကို Chaeyoungသည်မိမိအပေါ်အစိုးရိမ်လွန်နေပြန်သည်။

''အို Chaeရယ် သူမပြောချင်တာကိုဇွတ်အတင်းမမေးပါနဲ့လား၊ Seulgiမှာနေရခက်တာပေါ့..
Seulgiကလည်း ပြသနာဆိုတာ တစ်ယောက်တည်းကြိတ်ခံနေလို့ပြီးမသွားဘူးလေ...ဘာတွေဖြစ်နေတယ်ဆိုတာငါတို့ကိုပြောပြမှ အတူတူတိုင်ပင်ပြီးဘယ်လိုဖြေရှင်းရမလဲဆိုတာ အကြံလေးဘာလေးရမှာပေါ့ မဟုတ်ဘူးလား..''

ပုံမှန်ဆို ဘာမှသိပ်ဝင်မပြောတတ်တဲ့Lisaကပါ သူမတို့သူငယ်ချင်းနှစ်ယောက်ကြားတရားချနေ၏။

Lisaစကားကို Seulgiလက်ခံပါသည်။
ဟုတ်၏၊ ပြသနာဆိုတာတစ်ယောက်တည်းကြိတ်ခံနေလို့ပြီးသွားမည့်အရာမဟုတ်...ဒါပေမယ့် Seulgiမှာလည်း မိမိ၏အရှက်ရစရာ လူမှုရေးဖောက်ပြန်သည့်ပြသနာကို သူငယ်ချင်းများထံဖွင့်ပြောပြဖို့ရာ သတ္တိမရှိ။

PrettiestWhere stories live. Discover now