"အွန်း......"
"မင်းနိုးလာပြီလား....."
ခွေခေါက်ပြီး အိပ်နေလို့ထင်ပါ့ရဲ့ နာနေတဲ့ဇက်ကိုတောင် သတိမထားနိုင်တဲ့အထိ.... အနီးနားက သူစိမ်းတယောက်အသံကို ကြားလိုက်ရတာကြောင့် Baekhyunအတော်ပင် လန့်သွားရသည်.....
"ခများဘယ်သူလဲ....ပြီးတော့ ဒါကျွန်တော့်ကားမလား....ဘယ်လိုလုပ် ကျွန်တော့်ကားပေါ်ရောက်နေရတာလဲ....."
*ကျစ်.....*
ထိုသူက Baekhyunအပြောကိုပင် ဂရုမစိုက် စိတ်ပျက်တဲ့ပုံစံဖြင့် ကျစ်တစ်ချက်စုတ်ကာ ကားပေါ်က ဆင်းရန်ပြင်နေလေပြီ....
Baekhyunလဲ ကြောက်ပေမယ့် ကိုယ့်ကားထဲ ပိုင်ဆိုး ပိုင်နင်းရောက်နေတဲ့ထိုလူကို ဒီတိုင်းပြီးစလွယ်တော့ လွှတ်မပေးလိုက်နိုင်ပါ အလျင်မြန်ပင် လက်ကိုအတင်းဆွဲထားမိသည်...."ဘယ်သူလဲလို့မေးနေတယ်လေ....."
Baekhyunကြောက်စိတ်ကနေ တဖြေးဖြေး ဒေါသလေးနည်းနည်းထွက်လာသည်ထိ အနှီလူသားရဲ့ပုံစံက အချိုးမပြေပါ....
"ဟက်....မင်းတို့သူဌေးတွေကလေ လူတွေကိုဆို မတူသလို မတန်သလို သိပ်ဆက်ဆံကြတာဘဲ..... အဲ့တာကြောင့် မကူညီချင်တာ....."
Chanyeolလက်ကောက်ဝတ်ကို ကိုင်ထားတဲ့ လက်သေးသေးလေးကို ခါချပြီး ကားပေါ်ကဆင်းသွားလေပြီ.....
Baekhyunလဲ ထိုနေရာတွင် ကြောင်အစွာထိုင်နေရင်း ထွက်သွားတဲ့ ကျောပြင်ကျယ်ကို လိုက်ကြည့်နေမိသည်....သူဒီတိုင်းလေးမေးလိုက်တာကို ထိုသူ ဘာကြောင့် ဒီလောက်တောင် စိတ်တိုသွားရသည်ကိုတော့ အဖြေဖော်လို့မရတော့ပါ.....
.............
"အဲ့တော့ မင်းပြောချင်တာက အဲ့လူက မင်းကို သူ့ပေါင်ပေါ်မှာအိပ်ခိုင်းထားတယ်....အဲ့လိုလား..."Sehunအမေးကို ခေါင်းသာ အသာငြိမ့်ပြမိသည်.... ကိုယ်တိုင်လဲ မည်သူ မည်ဝါဆိုတာကိုမသိသည့်အပြင်.... ထိုသူပြောသွားတဲ့ ကူညီတယ်ဆိုတဲ့စကားအသွား အလာကိုလဲ နားမလည်နိုင်......
"Sehun ငါ့ကို တစ်ခုလောက်ကူညီပါလား...."
"WooBin Hyungကို ပြန်ခေါ်ပေးရမှာလား..."
မှိုင်ကျသွားတဲ့ Baekhyunရဲ့ မျက်နှာလေးကို မြင်မှ Sehunစကားပြောမှားသွားမှန်း သိလိုက်ရသည်....