Daisy 48

101 21 7
                                    

Zawgyi #

Nam Saung Suu >> Mee Sul လား ကောင်လေးက ဒီကိုရောက်နေပြီ ခေါင်းကြောမာတယ် ဘယ်လိုလဲ အဆုံးထိလုပ်ရမှာလား အင်း ကိုယ်သူ့ဆီက သော့မရသေးဘူး အင်း........ ကောင်းပြီလေ ......... မင်းဘက်ကလည်းကိုယ့်ကိုပေးထားတဲ့ကတိတည်ပါစေ ... ကိုယ်ပြောထားတဲ့အတိုင်းလုပ်ပြီးရင် .. မင်းလိုချင်တဲ့သေတ္တာကို ကိုယ်လာပို့မယ် ..........

Nam Saung Suu သည် Saung Mee Sul နှင့် စကားပြောပြီးနောက် ဖုန်းချလိုက်လေသည်။ မကြာခင် Nam Saung Suu လိုချင်သည့် ပစ်မှုကင်းရှင်းကြောင်းသက်သေ ၊ K group မှ ရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးဆိုသည့်ရာထူးတစ်ခုကိုရပေတော့မည်။ Saung Mee Sul လည်း Nam Saung Suu ကိုလွန်ဆန်ရဲမည်မဟုတ် ၊ Nam Saung Suu နှုတ်မှထွက်ဆိုချက်သည် သူမအတွက်ဘယ်လောက်အရေးပါမှန်း သူသိလေသည်။ ဆိုဖာပေါ်မှကောင်လေးကို ငဲ့စောင်းကြည့်ရင်း Nam Saung Suu နှုတ်ခမ်းတို့တွန့်ကွေးရင်း ဂိုဒေါင်တစ်နေရာရှိရပ်ထားသော ကားအတွင်းမှ ဆေးဘူးကိုသွားယူလေသည်။ ထိုဆေးမှာထိုးပြီးမိနစ်ပိုင်းအတွင်းတွင် အကြောတို့တုန့်ဆိုင်းကာ ဆေးသုံးများလျှင် အကြောများပေါက်ကွဲပြီးသေဆုံးနိုင်သော မူးယစ်ဆေးတစ်မျိုးဖြစ်လေသည်။

Sehun ဖုန်းအကြိမ်ကြိမ်ခေါ်သော်လည်း Luhan ဖုန်းမကိုင်သဖြင့် သူ၏ရင်မှာ ဗလောင်ဆူလှပြီ။ အစည်းဝေးပြီးပြီးချင်း Luhan ဆီမှမက်ဆေ့ခ်ျနှင့် အ၀င်ဖုန်းများကိုတွေ့ပြီး Chayeol နှင့် Baekhyung ကိုခေါ်ကာ လိပ်စာအတိုင်းလိုက်လာသော်လည်း များပြားလှသော စက်မှုဇုန်အဆောက်အအုံများကြောင့် လူခွဲကာ ရှာနေသည်မှာကြာပြီဖြစ်သော်လည်း ယခုထိမတွေ့သေးပေ။ Luhan ထွက်သွားသည့်အချိန်ကိုခန့်မှန်းလျှင် ၄ ၊ ၅ နာရီခန့်ပင်ရှိပြီ။ စိတ်လောကြီးနေသဖြင့် Sehun မေ့နေသောအရာတစ်ခုမှာ Luhan ဖုန်းကိုခြေရာခံခြင်း ၊ ပထမအခေါက် Luhan ထွက်သွားပြီးကတည်းက ခြေရာခံသည့်application ကို ဖုန်းထဲထည့်ထားပေးခဲ့သည်ကိုမေ့နေခဲ့ပြီး သတိရရခြင်းဖွင့်ကြည့်သော် Sehun ရောက်နေသည့်နေရာနှင့် မလှမ်းမကမ်းတွင်ရှိနေသော ဂိုဒေါင်တစ်လုံးကိုညွှန်ပြနေလေသည်။ ချက်ချင်းပင် Chayeol နှင့် Baekhyung ကိုဖုန်းလှမ်းခေါ်ပြီး ထိုနေရာသို့လာရန်ခေါ်လိုက်သည်။ Sehun ဂိုဒေါင်ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာပြီး သတိထားကာ အထဲသို့ဝင်လာလေသည်။ ဂိုဒေါင်အတွင်းတွင် မှောင်မိုက်နေပြီး အောက်သိုးသိုးအနံ့များက လှိုင်နေလေသည်။ ခပ်လှမ်းလှမ်းတစ်နေရာတွင် မှုန်ပြနေသော မီးလင်းတိုင်တစ်ခုနှင့် လူတစ်ယောက်၏နောက်ကျောကို မြင်တွေ့ရလေသည်။ Sehun ထိုနေရာသို့အသံတိတ်ချဉ်းကပ်လာပြီးနောက် တွေ့လိုက်ရသော မြင်ကွင်းကြောင့် အလွန်ပင်ဒေါသထွက်ကာ ထိုလူရှိရာနေရာဆီသို့တဟုန်ထိုးပြေးသွားလေသည်။

Dear DaisyWhere stories live. Discover now