Daisy 35

120 19 7
                                    

Zawgyi #

ဖုန်းမြည်သံ

Hanbyul မျက်လုံးမဖွင့် လက်ဖြင့် အသံကြားရာလိုက်စမ်းပြီး ...ဖုန်းကိုင်လိုက်သည်။

Baekhyung >> hyung ချစ်သူရပြီး သိပ်သတ္တိတွေကောင်းနေတယ်ပေါ့ ဖုန်းတစ်ခါတောင်မဆက်ဘူး ပျောက်သွားလိုက်တာ ဒီနေ့ရော ပြန်လာဖို့အစီစဉ်ရှိသေးလား

တစ်ဖက်မှ အသံကို ကြားလိုက်ရသဖြင့် Hanbyul မျက်လုံးကျယ်သွားပြီး အိပ်ချင်စိတ်တို့က ကြက်ပျောက်ငှက်ပျောက် ။ မျက်လုံးသေချာပွတ်ပြီး ကြည့်လိုက်သော် Baekhyung ရဲ့ ဖုန်းဖြစ်နေလေသည်။

Hanbyul >> အဲဒါကလေ ...ဟို ...ဟို

ဖုန်း ကို ဖြတ်ကနဲ ဆွဲလုခံလိုက်ရကာ ...

Sehun >>.. ညီလေး

Baekhyung >> hyung ကို ဖုန်းပြန်ပေးလိုက် ခင်ဗျားနဲ့မပြောဘူး...

Sehun >>.. ဟာ ညီလေးရယ် သဘောထားကြီးကြီးထား ညီလေးလည်းချစ်သူရရင် ဒီလိုခရီးသွားချင်နေမှာဘဲ Hanပင်ပန်းနေတယ် နောက်မှ ပြန်ဆက် ကိုယ်တို့နားလိုက်ဦးမယ် .....

ပြောပြီး ဖုန်းကိုပါစက်ပိတ်လိုက်သည်။

ပြီးနောက် မျက်လုံးမှိတ်ထားရင်း

Sehun >>..Han အိပ်လိုက်ဦး မနေ့ကပင်ပန်းသွားတယ်မလား

Sehun သည် Hanbyul ကို တင်းကြပ်စွာရစ်သိုင်းထားပြီး ခြေတစ်ဖက်ဖြင့် လည်းအခွခံထားရသောကြောင့် လှုပ်လို့မရ။ ထို့ပြင် မနေ့ညကအကြောင့်အရာတွေက ခေါင်းထဲရောက်လာတော့ Hanbyul မျက်နှာမှာနွေးကနဲ။ နီးကပ်လွန်းနေသော မျက်နှာ ၊ အကျီမပါသော အပေါ်ပိုင်းရင်ခွင်.. Sehun ကိုကြည့်ရင်း Hanbyul မျက်နှာတစ်ဖန်ပြန်နီလာပြန်သည်။ အကျီအ၀တ်အစားကမရှိ စောင်ထူထူဖြင့်လွှမ်းထားသော သူတို့၂ယောက်ပူးကပ်နေခြင်းက အနည်းငယ်လေးတောင်မှ ရွှေ့မရသော စောင်အောက်မှ အခြေအနေတစ်ခုက Hanbyul ကိုအနေရခက်စေသည်။

Sehun လက်ဖြင့် ဖက်ထားသည်ကို Hanbyul ဆွဲဖယ်သော်လည်း နည်းနည်းလေးတောင် မရွှေ့။

Hanbyul >> ဖယ်တော့ မနက်မိုးလင်းနေပြီ ထရအောင်...နော် ..

Hanbyul လည်တိုင်ကြားနေရာလေးကို Sehun ခေါင်းဝင်တိုးပြီး

Dear DaisyDonde viven las historias. Descúbrelo ahora