Daisy 52

105 20 5
                                    

Zawgyi #

Luhan အိမ်တော်ကြီးသို့ရောက်ပြီး ၂ရက်အကြာတွင်ဖြစ်လေသည်။

Luhan မျက်လုံးကိုအားယူပြီးဖွင့်ကြည့်လိုက်သော် အဖြူရောင်မျက်နှာကျက်တစ်ခုကိုမြင်ရသော်လည်း အခန်းပတ်ဝန်းကျင်မှာ ဆေးရုံခန်း၏ အပြင်အဆင်မဟုတ်ပေ။တတီတီမြည်နေသောစက်ကိရိယာများနှင့် ဆေးပုလင်းချိတ်ထားသောစတီးတိုင်ကိုကုတင်ဘေးတွင်တွေ့လိုက်ရသည်။ ခန္ဓာကိုယ်မှာအားနည်းနေပြီးလှဲနေရာမှ ထချင်သော်လည်းထနိုင်စွမ်းမရှိသေးပေ။ ပန်းရောင်ဝတ်သူနာပြုလေးမှာ Luhan သတိရလာသည်ကိုတွေ့ပြီးဆရာဝန်ကိုပြေးခေါ်လေသည်။

Nurse >> ဆရာဆရာ.... လူနာသတိရလာပြီ

အဖြူရောင် ဂျူတီကုတ်နှင့် ဆရာဝန်သည် သူနာပြုနှင့်အတူကုတင်ဘေးသို့ရောက်လာပြီးသွေးပေါင်ချိန်ခြင်းအဖျားတိုင်းခြင်းနှင့် စမ်းသပ်ခြင်းများကို ပြုလုပ်ပြီးနောက်

Doctor >> Mr. Xiao Luhan နေရတာအဆင်ပြေလား ခေါင်းမူးတာ ၊ အန်ချင်တာမျိုးရှိသေးလား

Luhan >> မရှိ .. မရှိပါဘူး ကျွန်တော်နေလို့အဆင်ပြေပါတယ် .... ဒါနဲ့... ကျွန်တော် ဘယ်ရောက်နေတာလဲ ...ပြီးတော့...

ဆရာဝန်သည် Luhan စကားကိုဆုံးအောင်နားမထောင် ....

Doctor >> အင်း ...ကျွန်တော်ကကျန်းမာရေးစောင့်ရှောက်တာကလွဲရင် ကျန်တဲ့အကြောင်းကိုပြောပိုင်ခွင့်မရှိပါဘူးအခုရောက်နေတာတော့ ဆေးရုံတစ်ခုတော့မဟုတ်ဘူးဆိုတာဘဲပြောပြနိုင်ပါတယ် ....အားပြည့်အောင် အရင်နားလိုက်ပါဦး သွေးထဲကိုရောက်နေတဲ့ဆေးပမာဏကမပြင်းပေမဲ့ အချိန်တစ်ခုအထိနဂိုမူလအခြေအနေရောက်အောင် အနားယူဖို့လိုပါတယ်

ဆရာဝန်ပုံကိုကြည့်ရသည်မှာ ကြင်နာပြီးသဘောကောင်းသလိုရှိသော်လည်း တာဝန်တစ်ခုကို ထမ်းဆောင်နေရသလိုပင် ၊ Luhan သိလိုသည်များကိုအပိုအလိုဘာမျှမပြောချေ။

အားဆေးတစ်လုံးကိုချိတ်ပေးပြီးနောက်တွင် အခန်းထဲမှ ပြန်ထွက်သွားလေသည်။အားဆေးဆိုသော်လည်း ခန္ဓာကိုယ်ကိုအနားရရန် အိပ်ဆေးပမာဏအနည်းငယ်ပါသည်မို့ သည် မကြာခင်ပင် Luhan မျက်လုံးများမှေးစင်းလာကာ အိပ်စက်ခြင်းဆီသို့ရောက်သွားပြန်လေသည်။

Dear DaisyWhere stories live. Discover now