Daisy 30

140 21 11
                                    

Zawgyi #

...

ကော်ဖီဆိုင်ထဲရှိအတွင်းဘက်ထောင့်ကျကျနေရာတွင်ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားသောအနက်ရောင်ဝတ်အမျိုးသားတစ်ဦးထိုင်နေလေသည်။ဆိုင်တံခါးတွင်ချိတ်ထားသောခေါင်းလောင်းမှတချွင်ချွင်မြည်လာပြီး အရပ်ရှည်သွယ်ပြီးလှပခေတ်မှီစွာဝတ်စားထားသောအမျိုးသမီးတစ်ယောက်ဝင်လာလေသည်။ကောင်တာနားသို့သွားကာကော်ဖီတစ်ခွက်မှာလိုက်ပြီးထိုအမျိုးသားထိုင်နေရာသို့ခုံသို့ဦးတည်လာပြီး မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်လေသည်။

ထိုအမျိုးသမီးသည်သူမ၏အဖိုးတန်ပိုက်ဆံအိတ်ထဲမှစာအိတ်တအိတ်ကိုဆွဲထုတ်လိုက်ပြီးထိုအမျိုးသားကိုကမ်းပေးလိုက်လေသည်။အမျိုးသားသည်စာအိတ်ကိုဖွင့်ကြည့်ပြီးအထဲမှစာရွက်ပေါ်မှဂဏန်းအရေအတွက်ကြောင့်ပြုံးသွားပြီးသူ၏ကျောပိုးအိတ်ထဲမှခပ်ကြီးကြီးအရွယ်ရှိသောအညိုရောင်စာအိတ်ထုပ်ကြီးကို သူမအားပြန်လည်ပေးလိုက်သည်။

အမျိုးသမီးမှာထိုစာအိတ်အညိုရောင်ထဲမှဓာတ်ပုံများကိုကြည့်ပြီး မျက်ခုံးများမြင့်တက်သွားပြီး

Shin He >> ဒါတွေကတကယ်လား

အမျိုးသားမှာဟန်ပါပါပြုံးလိုက်ပြီး

Man >> မင်းကဘယ်လိုထင်လို့လဲ Shin He ငါကမင်းကိုလိမ်နေတယ်ထင်လို့လားမင်းမယုံရင်လည်းအဲ့ကောင်လေးရဲ့ဆိုင်လိပ်စာအိတ်ထဲမှာရှိတယ်မင်းကိုယ်တိုင်သွားကြည့်ပေါ့

Shin He သူမပုံတွေကိုကြည့်ပြီးထိုအဖြစ်သည်အမှန်ဟုသူမလက်မခံနိုင်သေး

သူမနှစ်သက်သဘောကျသည့်ကုမ္ပဏီသူဌေးလောင်းလျာOh Sehun ကလိင်တူကြိုက်နှစ်တတ်သူလား

Man >> မင်းကဒီအဖြစ်ကိုလက်မခံနိုင်တာလားဒါမှမဟုတ်လွတ်မယ့်ငါးကြီးတယ်ထင်နေတာလားအင်း. .. ခက်တာကမင်းအကောင်ကဒီလိုဖြစ်နေတော့လဲဘယ်တတ်နိုင်မလဲ

ထိုလူသည်သူ၏အရှေ့မှ Shin He ၏အလှအပကို အကဲခတ်ရင်း သူမတစ်ကိုယ်လုံးကိုစူးစူးရဲရဲသိမ်းကြုံးကြည့်ပြီးပြောလိုက်လေသည်။

Dear DaisyDonde viven las historias. Descúbrelo ahora