Part 4

635 54 3
                                    


မြူခိုးမှိုင်းဝေ

အပိုင်း(၄)

01-24-11-30

#မြူခိုးမှိုင်းဝေ

"မအေး သမီးက ညက အိမ်သတိရလို့တဲ့...ငိုလိုက်တာလည်း မပြောပါနဲ့.."

"သြော်....စိုးစိုးရယ်..နင့်မှာလည်း လူတွေကို ဒုက္ခပေးတာပဲ..."

စိုးစိုး ကို အမေက အပြစ်တင်ပေမဲ့ အမေ့ကို ပြေးဖက်ပြီး ငိုလိုက်သည်..။

အမေသိလား...သားကို သူတို့ ဝိုင်းအနိုင်ကျင့်တယ်..။

သားကို အရမ်းနာအောင် လုပ်တယ်..။

သား နေလို့မကောင်းတော့ဘူး..။

"ဟဲ့...ဟဲ့...ဘာဖြစ်တာလဲ...သြော်...ကဲ...မလွမ်းပိုရေ..."

"ထိုင်လေ.....မမလေး..."

"ဖေဖေ့ကားယူလာခဲ့လို့...ပြန်ရမယ်...မအေးရယ်...ပိတ်ရက်ကျ လာခဲ့ပါဦးမယ်..."

"အင်း...ကျေးဇူးတင်ပါတယ်..မမလေးရယ်..."

"........."

စိုးစိုး အိမ်ပေါ်ရောက်တော့ ဝါးတိုင်မှာ ကြိုးချည်ထားတဲ့ ညီမလေးကို ကောက်ချီပြီး ဖက်ကာ ငိုပြန်ပါပြီ..။

မသိဘူး...ငိုပဲ ငိုချင်နေသည်..။

"ဘယ်လိုလည်း တော်တော်မှ ပျော်ခဲ့ရဲ့လား.."

"အမေ...သားကို အဲဒီ့ကို မပို့ပါနဲ့တော့နော်..မပို့ပါနဲ့..."

"ဟဲ့.....ဟဲ့....ဘယ်လို ဖြစ်တာလဲ...ဘာဖြစ်လို့တုန်း..."

အမေ့ကို ဖက်ပြီး ငိုပြောတော့ အမေ က စိုးစိုး လက်ကို ကိုင်ပြီး သေချာကြည့်သည်..။

"............"

စိုးစိုး ပြောပြချင်သည်..။

အမေ့ကို တိုင်ချင်သည်..။

အရင်တုန်းက ခေါင်းမူး ဗိုက်နာရင် အမေ့ကို တိုင်သည်..။

ဆော့နေရင်း ရန်ဖြစ်ရင်  အမေ့ကို  တိုင်သည်..။

အခုလည်း ပြောပြချင်သည်.။

ကြောက်သည်..။

"နင့် အမေကို ပြန်ပြောရင် ငါတို့ လာသတ်မှာနော်.."

"ဟုတ်တယ်...ကားနဲ့ လာသတ်မယ်..."

မြူခိုးမှိုင်းဝေWhere stories live. Discover now