မြူခိုးမှိုင်းဝေ
အပိုင်း (၂၇)
1102-0216
#မြူခိုးမှိုင်းဝေ
"ဖယ်ဦး....ဖယ်ဦး..."
"ဟေ့ကောင်...အိုး..."
"..........."
"ဟီး...."
ရေချိုးခန်းထဲ ရောက်တော့မှ နေရှင်းသန့် ရယ်ပြလိုက်တော့ ပီပီ က နှာခေါင်းရှုံ့သည်...။
"တော်ပြီနော်....ဖုန်းချလိုက်တော့မယ်..."
"သွားတိုက်မလို့....မချရဘူးနော်..."
ဖုန်းကို ထောင်ပြီး သွားမြန်မြန် တိုက်တော့ ပီပီကလည်း ဖုန်းထောင်ထားပြီး အိပ်ရာ သိမ်းနေသည်..။
ပြတင်းပေါက် ဖွင့်ထားတော့ အိပ်ရာနိုးတာ ကြာပြီမှန်း သိလိုက်သည်..။
"ပီပီ....ဟ.....ပီပီး..."
ဖုန်းကြီး ထောင်ပြီးလုပ်ချင်တာ လုပ်နေတာ နားကြပ်လည်း တပ်မထားပါပဲ..။
နေရှင်းသန့် အော်နေတာလည်း မကြား..။
သွားတိုက် မျက်နှာသစ်ပြီး အခန်းထဲ ပြန်ရောက်လာတဲ့အထိ ဖုန်းအနားကို ပြန်ရောက်မလာသေး..။
အဘွားကြီးနဲ့ ရည်းစားလုပ်ရတာတောင် တစ်လွဲတွေ ဖြစ်နေတာ..။
ခုတော့ တစ်ယောက်တစ်နေရာ မှာ ဖုန်းနဲ့ ချစ်ရတော့ ပိုခက်ကုန်ပြီ..။
အပြန်လိုက်ပို့တုန်းက မန္တလေး အထိပဲ လိုက်ပို့ပေးနိုင်လို့ စိတ်မကောင်းပေမဲ့ သူကတော့ ရပါသည်ပဲ..။
ရတာ သိတာပေါ့...ခင်ဗျားက ဘယ်သူ့ကိုများ အားကိုးဖူးလို့လဲ..။
နေရှင်းသန့် မှုန်ကြုတ်ကြုတ် ဖြစ်နေပေမဲ့ သူကတော့ အေးဆေး..။
နေရှင်းသန့် အ၀တ်အစားလဲ ခေါင်းဖြီးတော့မှ ဖုန်းအနားကို ပြန်ရောက်လာတော့သည်..။
"ဘာမှ လည်း မပြောဘူး...ချလိုက်တော့နော်.."
"အိုး...ပီပီရယ်...ဒီမှာ လည်ချောင်းကွဲအောင် အော်နေတာ သေတော့မယ်....ဖုန်းကို အဝေးကြီး ထားခဲ့တော့ ဘယ်လို လုပ်မှာလဲ..."
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...