မြူခိုးမှိုင်းဝေ
အပိုင်း (၁၃)
01-29-11-30
မြူခိုးမှိုင်းဝေ
"လာ...နေရှင်းသန့်....သြော်...နေဦး..နေဦး..ဓာတ်ပုံ တစ်ပုံလောက် ရိုက်ထားဦးမယ်..."
စိုးစိုး ပြောလိုက်တော့ သွားကြဲပြီး လက်နှစ်ချောင်း ထောင်ပြသည်..။
ဒါ တမင်တကာ အရွဲ့တိုက်ခြင်းဆိုတာ သိပါသည်..။
ဓာတ်ပုံ ရိုက်ပြီးတော့အနားကို ပြန်ရောက်လာသည်..။
"လုပ်တဲ့ပုံက...လာ...ဒါနဲ့....သွားဖုံးက နာသေးလား.."
"အမ်း...ဆေးထိုးပြီး လုပ်မှာလား...ပုံစံယူတာတောင်...တော်တော်နာတယ်..."
"ခဏပါပဲ...နောက်ကျ တစ်သက်လုံး လှသွားမှာပါ..."
"ဆရာဝန်ပြောတော့ ခြောက်လ တကြိမ်ပြရမယ်တဲ့.."
"သြော်..ခြောက်လတကြိမ် စစ်ဆေးရမယ်ပြောတာပါ....လာ..လာ...မြန်မြန်..."
"ပီပီ....နင့်ဆိုင်က မိန်းမ ချည်းပဲငါ့ဆံပင်ကို ညှပ်တက်ပါ့မလား....."
"အောင်မယ်..လာစမ်းပါ...."
စိုးစိုး စိတ်မရှည်လို့ လက်ဆွဲပြီးသာ ခေါ်ခဲ့ရသည်..။
စိုးစိုးရဲ့ပုံတုံးကြီးကိုလည်း ဒီက အစ်မတွေပဲ ပြင်ပေးခဲ့တာလေ..။
စံချိန်မှီ အလှမျိုးမဟုတ်ပေမဲ့ ဆံပင်က ကြည့်ကောင်းအောင်တော့ ပြောင်းလဲသွားခဲ့ပါသည်..။
"ဟယ်..ပေါ့ပီ...တူလေးကို ခေါ်လာတာလား.."
"..........."
စိုးစိုး ဖြေရခက်လို့ ခေါင်းသာ ညိတ်ပြလိုက်သည်.။
"လာ..."
"ဆံပင်ညှပ်မှာမလား..."
"ဟုတ်...ဒါနဲ့....အစ်မရယ်..သူ့မျက်နှာကို လည်း တစ်ချက်ကြည့်ပေးပါ....၀က်ခြံတွေ ညစ်ပြီး ခုလို ဖြစ်ကုန်တာ..."
စိုးစိုး ပြောလိုက်တော့ အနားက သူ့မျက်နှာကို ကြည့်ရင်း ခေါင်းညိတ်သည်..။
"ဟုတ်ပါရဲ့...လက်နဲ့ မကိုင်ရဘူး သားရဲ့....ရပါတယ်....အစ်မ ပြီးရင် ဆေးပေးလိုက်မယ်လေ...တစ်နေ့ နှစ်ကြိမ် လိမ်းပေးရင် ပျောက်သွားမှာပါ....အသားပြန်ညီပြီး အမဲစက်တွေ ပျောက်အောင်တော့ သပ်သပ် တစ်မျိုး ထပ်လိမ်းရမယ်..."
YOU ARE READING
မြူခိုးမှိုင်းဝေ
Romance◇◆◇◆◇◆◇◆◇◆◇◇◆◇◆◇◆◇◆◇◆◇ "ဘာကို စိုးရိမ်နေတာလဲ... ငါ့ရဲ့ ခံစားချက်ကို သိအောင် မကြိုးစားစမ်းပါနဲ့...လူလောကမှာ နေတာ ကြာလေ....အမှား ပိုလုပ်မိလေပဲ..အဲတော့...နင့်ထက်ပိုများတဲ့ အမှားတွေလည်း လုပ်ခဲ့ဖူးပြီးပြီ......အမှားပေါင်းများစွာကို ဖြတ်ကျော် ဖြတ်လျှောက်ခ...