Part 39

681 44 2
                                    


မြူခိုးမှိုင်းဝေ

အပိုင်း (၃၉)

04030732

#မြူခိုးမှိုင်းဝေ

"မောင်  ပြန်ရောက်ပြီလား..."

"အင်း...."

စိုးစိုး ကိုယ်လေးကို ဆွဲပွေ့ထူလိုက်တော့ ပြုံးရင်း ထိုင်လိုက်သည်..။

မောင့် လည်ပင်းကို သိုင်းဖက်ထားရင်း ခဏ ငြိမ်သက်နေမိသည်..။

စိုးစိုး ကျောပြင်ကို ပွတ်ပေးနေတော့ မောင့် ဆံပင်တွေကို ပြန်ဖွ ပစ်လိုက်သည်..။

"ကျောင်းဆင်းတာ နောက်ကျတာလား.....မိုးတောင် ချုပ်နေပြီနော်..."

"အင်း...စာလုပ်နေလို့ နောက်ကျသွားတယ်....ပီပီ ဗိုက်ဆာပြီလား..."

"ဟင့်အင်း.."

စိုးစိုး ခေါင်းရမ်းလိုက်ပြီး မောင့် လက်မောင်းကို ကိုင်၍ ဖြည်းဖြည်း ထ လိုက်သည်..။

မီးဖိုခန်း ထဲကို ရောက်တော့ မိဝိုင်းက အလုပ်ရှုပ်နေသည်..။

စိုးစိုး မျက်နှာ သစ်ပြီး အိမ်ရှေ့ခန်းကို ရောက်လာတော့ မောင်က တံမြတ်စည်း လှည်း နေပြန်ပြီ..။

"မောင်ကလည်း ...ကျောင်းက ပြန်ရောက်တာပဲ...နားပါဦးလား..."

"ကျောင်းမှာက ခေါင်းပဲ အလုပ်လုပ်ရတာလေ...နားစရာမလိုပါဘူး..."

"ဟွန့်.."

ထိုင်ခုံကို ရွေ့ပေးတော့ စိုးစိုး နှာခေါင်းရှုံ့ပြရင်း ထိုင်လိုက်သည်..။

"မောင် စားပြီးပြီလား..."

"ဟင့်အင်း....ပီပီ ဗိုက်ဆာရင် စားကြမယ်လေ...."

"မိဝိုင်းရေ..."

"နေ...နေ...မောင် သွားယူခဲ့မယ်...ဒီမှာပဲ စားကြမယ်လေ..."

"အင်း...."

စိုးစိုး ခေါင်းညိတ်လိုက်ပြီး ထိုင်ခုံမှာ ထိုင်စောင့်နေရသည်..။

မောင့်ရဲ့ သိတက် ဂရုစိုက်မှုတွေက ကိုယ့်ဘ၀ ကိုတောင် ကိုယ်မေ့သွားစေသည်..။

ပန်းကန် ယူပြီး ထွက်လာတဲ့ မောင့်ကို ပြုံးရင်း ငေးကြည့်နေမိတော့ မျက်ခုံးတွန့်ပြသည်.။

မြူခိုးမှိုင်းဝေWhere stories live. Discover now