Part (1)

15.1K 221 4
                                    

ကျောခိုင်းမပါနဲ့..

🌸pann

Part (1)

" နှင်းရေ..နှင်း "

" နှင်း ဒီမှာ "

" သမီးလေး အိပ်နေတာလား. "

" ဟုတ်တယ် အခုလေးတင် မှ အိပ်ပျော်သွားတာ "

" သားက သမီးလေးကို သွားကြည့်ရအောင် ဆိုလို့ လာတာ အခု သမီးလေးက အိပ်ပျော်နေတယ် သားရေ..နောက်မှ လာကြည့်ရအောင်နော် "

" ဒီဒီး.. "

" ဒီဒီး က အိပ်ပျော်နေတယ် သားရဲ့ "

" ဒီဒီးယေ တိုတို ရာဒယ်ယေ "

" သားက သမီးလေးကို အရမ်းသံယောဇဉ် ရှိနေတာ နှင်းရေ..နေ့တိုင်း သမီးလေးကို လာကြည့်ချင်နေတာ လာမတွေ့ရရင် အရမ်းဂျီ ကျ လွန်းတယ် "

" ဟုတ်လား သား..ဒီဒီးလေးကို ချစ်လား "

" အွင်း..ချစ်သယ် "

" ကြီးလာကျရင် ညီမလေးကို စောင့်ရှောက်ပေးရမယ်နော် "

" အွင်း အွင်း "

" သား မေမေ့ကိုပြော.. သမီးလေး ကို လက်ထပ်မယ် မလား "

" အွင်း အွင်း.. "

" ခ်ခ်..နှင်းရေ ပြောပြီးသားနော် အခုကတည်းက နှင်း သမီးလေးနဲ့ ပန်းဖြူ သား နားဖောက်ပြီးသားနော် နောက်မှ သမီးလေးကို တခြားသူနဲ့ မပေးပစ်နဲ့ ဒို့က ကြိုတင် ဘိုကင် ချိတ်ပြီးသား "

" နှင်းကလည်း သား ဘုန်းခန့် ကို သားအရင်းတစ်ယောက်လို ချစ်တာပါ သမီးလေး မမွေးခင်ကတည်းက သားကိုပဲ ထိန်းလာရတာကို ဒီသားလေးကို နှင်း အပိုင်ရအောင် သမီးလေးနဲ့ ပဲ ပေးစားမှာ "

" တကယ်နော်.. "

" တကယ် "

လူကြီးတွေရဲ့ နှုတ်ကတိ ကတော့ တစ်ယောက်နဲ့တစ်ယောက် ပေးကြပြီးပြီ ။

ဖြစ်လာ မဖြစ်လာဖို့က သားနဲ့ သမီး အပေါ်မှာပဲ မူတည်တယ်.. ။

" ဒီဒီးက တားတား နီမလေး နော် "

" ဟုတ်ပါတယ် ရှင်..သားသားရဲ့ ညီမလေးပါရှင့် "

" ဒီဒီးယေး အာပွား.."

ကျောမခိုင်းပါနဲ့   (Unicode)Where stories live. Discover now