Part (20)

3.1K 89 0
                                    

ကျောမခိုင်းပါနဲ့.

🌸pann

Part (20)

"  မင်း ယောကျာ်း ဖြစ်နေတယ် ဆိုတာလည်း မင်း သိရဲ့လား.."

" သိပ်သိ..ကျွန်မ ရှင့်ကို အနိုင်ရလိုက်ပြီလေ "

" ဘာ.. "

" ဟင်းဟင်း.. "

ဘုန်းခန့် စိတ်ထဲ ယောက်ယတ်ခတ် နေပြီ..။

ဒီဒီ မင်း ဘာလုပ်လိုက်တာလဲ..။

" ဒီဒီ့လို မယဉ်ကျေးတဲ့ မိန်းကလေး ကို ရှင် လက်ထပ်လိုက်ရပြီမလား.. မြန်မာ မဆန်တဲ့ ကောင်မလေးကို ရှင် ဇနီးတော်လိုက်ရတာပဲ မဟုတ်ဘူးလား အကြီးကို အကြီးမှန်းမသိတဲ့ ကောင်မလေးကို ခင်ဗျား ဇနီး တော်လိုက်ရတာပဲလေ ခင်ဗျား ဘာတတ်နိုင်သေးလဲ "

ဒီဒီ့ ရဲ့ မျက်ဝန်းတွေ က ကျွန်တော့်ကို လှောင်ပြောင်နေ သယောင်ယောင်..။

" ဒီဒီ မင်း ဘာလုပ်လိုက်တာလဲ.."

" မြင်တဲ့အတိုင်း ပဲလေ..သိပ် အံ့သြ သွားလား "

ခပ်ထေ့ထေ့ ကြည့်နေတဲ့ သူမမျက်ဝန်းတွေက ရင်ကို အစိတ်လိုက် ခွဲလိုက်တာ..

" ရှင် မချစ်တဲ့ မိန်းမ ကို ရှင့်ဘဝတလျှောက်လုံး ပေါင်းသင်းရတော့မယ်.."

" မင်း အဲ့အတွက် နဲ့ ငါ့ကို လက်ထပ်ခဲ့တာပေါ့.."

" အင်း..မသိဘူးလား ကျွတ် ကျွတ် သနားလိုက်တာ "

သူမလေးက လက်ပိုက်ပြီး ကျွန်တော့်ကို လှောင်ပြောင်နေပြီ ။

" မင်းဘဝကိုတောင် စတေးရဲပြီး ငါ့ကို မင်းနှောင့်ယှက်နိုင်တာ မင်း တော်ပါတယ်..ဒီဒီ.. မင်း သိပ်တော်လွန်းပါတယ် "

" ကျေးဇူးပါ ချီးကျူ းပေးတဲ့ အတွက်..."

" မင်း ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်ချင်လို့ အခုလို အကွက်ကျကျ စီစဉ်ခဲ့တာပေါ့..ဒီအိမ် ဒီခြံ ဝယ်ပြီး မင်း အစကတည်းက အကွက်ကျကျ စီစဉ်နေခဲ့တာ ငါ့မှာတော့ မသိဘဲ..တောက် "

ဘုန်းခန့် တောက် တစ်ချက်ခေါက်ပြီး သူမကို ကျောခိုင်းကာ ခါးထောက်နေမိသည်..။

မကြည့်ပါရစေနဲ့.. မမြင်ပါရစေနဲ့ ဒီဒီ..။

ဒီဒီ့ မျက်နှာကို မကြည့်နေပါရစေနဲ့..

ကျောမခိုင်းပါနဲ့   (Unicode)Kde žijí příběhy. Začni objevovat