Part (13)

2.7K 109 0
                                    

ကျောမခိုင်းပါနဲ့

🌸pann

Part (13)

" အမလေး... "

ဒီဒီ ကြေးအိုး ဝင်စားပြီး ပြန်ဖို့ ကားတံခါး ဖွင့်နေတုန်း အနောက်ကနေ အားပြင်းပြင်းနဲ့ လက်ကို ဆွဲခြင်း ခံလိုက်ရတော့ လူက လန့်သွားရသည်..။

လူက အသိစိတ် လွတ်နေတုန်းမို့ အားပြင်းတဲ့ လက်တစ်စုံ နောက် ယက်ကန်ယက်ကန် ပါနေရသည်..။

ဘယ်အရာက ဆွဲခေါ်နေလည်း မော့ကြည့်တော့...ဝသန်

တောက်...

အသိစိတ် ဝင်လာတာနဲ့ ဒေါသကပါ အတူ ကပ်ပါလာသည်..။

လက်ကို အတင်းရုန်းဖယ်နေလည်း မရ..

" ဝသန်..လွှတ်စမ်း "

" ..... "

" ဝသန်..ငါ ပြောနေတယ် ..လွှတ် "

" .... "

" လွှတ်စမ်း... "

" ... "

" ဝသန့်..လွှတ်လို့ ပြောနေတယ်.. "

" .... "

" လွှတ်.. "

ဒီလောက် အော်ပြော ရုန်းကန်နေလည်း ဒီဒီ့လို မိန်းကလေး အားလောက်ကတော့ သူ ဖြုံတောင်ဖြုံ ပုံမရ...

ဒီဒီ အခုမှ ကြောက်တတ်လာသည်..။

အခုမှ လန့်တတ်လာသည်..။

တစ်ခုခုဆို ဒီဒီမှာ ခုခံဖို့ အားဆိုတာ မရှိဘူးလေ..

ဒီဒီ ငိုချင်လာပြီ..။

ဒါပေမယ့် ဒီကောင့်ရှေ့ မျက်ရည် မကျမိအောင်
..ဒီဒီ ကြိုးစားမည်..

ဒီကောင် ဒီဒီ့ကို မနိုင်စေရဘူး..။

မနိုင်စေ..

ဟုတ်တယ်..ငါ ဘာကိစ္စ လွယ်လွယ် လေး အလျှော့ပေးနေရတာလဲ...

ဟုတ်တယ်..ငါ အလျှော့မပေးဘူး ။

" လွှတ်စမ်း..."

ဒီဒီ့လက်ကို လွှတ်ပေးမှာ မဟုတ်တာ သိနေတဲ့ အတွက် သူ့လက်ကို ဒီဒီ အားပြင်းပြင်းနဲ့ ကုန်းကိုက်လိုက်သည်..။

" အား.."

ဒီဒီ့လက် လွတ်ထွက်သွားသည်..။

သူက လွတ်ထွက် သွားတဲ့ ဒီဒီ့လက်ကို ထပ်ဆွဲဖို့ လုပ်နေတာကြောင့် ဒီဒီ စီးထားတဲ့ ဒေါက်ချွန်ချွန် နဲ့ ဖိနင်းလိုက်သည်...။

ကျောမခိုင်းပါနဲ့   (Unicode)Onde histórias criam vida. Descubra agora