Part (29)

4K 98 0
                                    

ကျောမခိုင်းပါနဲ့

🌸pann

Part (29)

ဒီဒီ သူ့အခန်း ပြန်ပြေးဝင်ကြည့်တော့ သူ့ကုတင်ခေါင်းရင်းမှာ စာတစ်စောင်တွေ့တော့ ပြေးယူ ဖတ်ကြည့်လိုက်သည်..။

" ကိုယ့်ကို ထွက်သွား ခွင့်ပေးပါ..ဒီဒီ ကိုယ့်ကို သူရဲဘောကြောင်တယ် ပြောပြောပါ ကိုယ့်ကို ဒီဒီ့ဘေးကနေ ထွက်သွား ခွင့်လေးပေးပါ..ကျေးဇူးပြု ပြီး...  "

ဒီဒီ လက်ထဲက စာရွက်လေး လွှတ်ကျသွားပြီ..။

ဘယ်ကိုလဲ..ဘယ်ကို ထွက်သွား တာလဲ..

ဘယ်ကိုထွက်သွား တာလဲ..။

ဘယ်တုန်းက လဲ..မဖြစ်ဘူး..

ဒီဒီ ကိုယ့်အခန်းကိုယ် ပြန်ပြေးပြီး ကားသော့ယူကာ အောက်ထပ် ပြေးဆင်းခဲ့သည်..။

" ဟဲ့..သမီး ဘယ်သွားမ.."

ဟင့်အင်း..ကိုကို..ဟင့်အင်း

ကိုကို ထွက်သွား လို့ မရဘူး..ဘယ်သူ့သဘောနဲ့ ထွက်သွား ရတာလဲ..။

မရပါဘူး..

ဒီဒီ ကားပေါ်တက်ပြီး မောင်းထွက်ခဲ့ပြီးမှ ခြံတံခါးဝမှာ ပြန်ဘရိတ်အုပ်လိုက်သည်..။

ကျွီ......

သူက မေသဇင် ဆီ ထွက်သွား တာလား..။

တကယ်လို့ အဲ့လိုဆိုရင်ရော ငါ ဘယ်လိုလုပ်ရမလဲ..

ငါ..ငါ သွားခေါ်သင့်လား..။

ဟင့်အင်း.. ဘယ်လိုလုပ်ရမလဲ..

ဒီဒီ မထွက်သွားတော့ဘဲ ကားကိုအထဲပြန်ဝင်မောင်းခဲ့သည်..။

သူပြန်လာတာ ကို ဒီဒီ ဒီအိမ်မှာနေပြီး စောင့်နေမယ်..

တစ်လှမ်းမှ မရွေ့ဘဲ..။

နေက အနောက်ရပ်မှာပဲ နေဝင်တတ်တယ်..

ဟုတ်တယ်..နေက အနောက်ရပ်မှာပဲ နေဝင်ရမှာပဲ..။

ဒီဒီ အပေါ်ထပ် ပြန်တက်ပြီး ဝရံတာကနေ လမ်းကို ကြည့်နေမိသည်..။

.

ဒီနေ့ဆို သူ အိမ်ပြန်မလာတာ တစ်ပတ်ရှိပြီ..။

သူနဲ့ဝေးနေရတာ တစ်ပတ်ရှိနေပြီ..

အခုထိ သူပြန်မလာသေးဘူး..နေဝင်တာလည်း ကြာလိုက်တာ..။

ကျောမခိုင်းပါနဲ့   (Unicode)Hikayelerin yaşadığı yer. Şimdi keşfedin