ep-2

16.9K 1.7K 97
                                    

စား​သောက်​ဆိုင်​ကြီးရဲ့အ​ပေါ်ဆုံးအထပ်​....။

ငြိမ့်​ငြိမ့်​​ညောင်း​ညောင်းဖွင့်​ထား​သော classic ​တေးဂီတသံကစိတ်​ပသာဒဖြစ်​ဖွယ်​။

အပိုင်​တစ်​​ယောက်​နာရီတကြည့်​ကြည့်​နဲ့ ​လှေကားဖက်​သို့လဲလည်​ပင်းတရှည်​ရှည်​ဖြစ်​​နေသည်​။

"၅မိနစ်​"

ဒီလူချိန်းထားသည့်​အချိန်​ထက်​ ၅ မိနစ်​​နောက်​ကျ​နေသည်​။

ကိုယ်​ကသာသူများကို​စောင့်​ခိုင်း​နေကျ​ပေမဲ့ သူများကို​စောင့်​ရသည်​ကို​တော့အပိုင်​စိတ်​မရှည်​။

"Sorry ကျွန်​​တော်​​နောက်​ကျသွားတယ်​"

ရုတ်​တရက်​စကားသံ​ကြောင့်​အပိုင်​​မော့ကြည့်​လိုက်​မိသည်​။

"Wow"

အပိုင့်​ရဲ့အာ​မေဋိတ်​သံ။

"ဟင်??.."

မကြားလိုက်​သလို ထူးသံပြုရင်းထိုလူက အပိုင့်​​ရှေ့ကထိုင်​ခုံမှာဝင်​ထိုင်​လာသည်​။

Wow, ​တော်​​တော်​ကြိ​ကောင်းတဲ့လူ

အရပ်​ကြီးရှည်​​နေတာများ ထန်းပင်​ကြီးကျ​နေတာပဲ အသားဖြူဖြူ ခန္ဓာကိုယ်​​တောင့်​​တောင့်​နဲ့ ဆံပင်​ဂုတ်​​ထောက်​ကို​နောက်​သို့​သေချာလှန်​ပြီးဖြီးထား​သေးသည်​။

မျက်​ခုံး၊မျက်​လုံးနှာ​ခေါင်းဘာမှ​ပြောစရာမလို​အောင်​ သူ့​နေရာနဲ့သူပြီးပြည့်​စုံသည့်​အပြင်​ ​လေး​ထောင့်​ဆန်​ဆန်​​မေးရိုးနဲ့ မထူ၊မပါးနှုတ်​ခမ်းတို့က သူ့ရဲ့လူကြီးလူ​ကောင်းပုံစံကိုအပြည့်​အဝအားဖြည့်​​ပေး၏။

သူအခုချိန်​ထိသူ့ကိုယ်​သူ perfect လို့သုံးနှုန်း​နေခဲ့တာ ဒီလူနဲ့​တွေ့မှထိုစကားကိုပြန်​ရုပ်​သိမ်းရ​ကောင်းနိုးနိုးပင်​။

မဟုတ်​​သေးပါဘူး ရုပ်​သိမ်းစရာလား ချစ်​ခြင်းပိုင်​ဆိုတဲ့ငါ​လေးက တစ်​မိုး​အောက်​ဘယ်​သူမှမယှဉ်​နိုင်​​အောင်​ perfect ပြီးသားပဲ​လေ။

ဒီလူက အခုမှ​ပေါ်လာပီး မသကာ handsome ​လောက်​ဆို​တော်​​ရော​ပေါ့။

အချစ်​တို့အစပြုချိန် & အချစ်​တို့အစပြုချိန်​ (Complete)Where stories live. Discover now