ep-40(Ending)

13.3K 915 54
                                    

River view ကြည့်နိုင်မဲ့ နေရာသို့ အပိုင်တို့ရောက်လာလေပြီ ။

သွားရမဲ့လျှောက်လမ်းကအစ မီးလုံးလှလှလေးတွေနဲ့ အလှဆင်ထားပြီး ဆွဲဆောင်မှုရှိရှိပြင်ဆင်ထားတာမို့ အပိုင်ကတော့ တော်တော်သဘောခွေ့နေပါပြီ။

"Welcome Sir.."

အထဲရောက်တော့ တံခါးဖွင့်လိုက်တာနဲ့ တူညီဝတ်စုံနဲ့ ဝန်ထမ်းများ၏ ခရီးဦးကြိုပြုသံက ပြိုင်တူထွက်လာသည်။

အပိုင်ကတော့ ပြုံးတုံ့တုံ့နဲ့ အိုးတိုးအန်းတန်းတွေဖြစ်နေသည်။

သူတို့ထိုင်ရမဲ့နေရာကို ပြပေးပြီးတာနဲ့ အစားအသောက်တွေ မကြာခင်ရောက်လာမည့်အကြောင်း အသိပေးပြီး ဝန်ထမ်းတွေအားလုံး ပြန်ထွက်သွားကြ၏။

မြစ်ရေပြင်ကနေ ဖြတ်တိုက်လာတဲ့ လေအေးဆအးတွေနဲ့ ဂန္တဝင်သီချင်းသံ ငြိမ့်ငြိမ့်လေး... ။

မြစ်ရဲ့တစ်ဖက်ခြမ်းမှာ ရောင်စုံမီးရောင်တွေနဲ့ ခန်းနားထည်ဝါနေတဲ့ New York မြို့ကြီးတည်ရှိနေသည်။

ရိုးရှင်းတဲ့မြင်ကွင်းပါပဲ ဒါပေမဲ့ ကြည့်တဲ့သူဘက်က ကဗျာဆန်တယ်။

ကြည်နူးပြုံးလေးတွေနဲ့ မေးလေးထောက်ပြီး အပိုင်တစ်ယောက် အတွေးနယ်ချဲ့နေသည်။

ဓနကတော့ စရောက်ကတည်းက သူ၏အကြည့်အလုံးစုံတို့က အပိုင့်ဆီမှာ။

အပိုင်မျက်နှာက အပြုံး၊အရယ် ပြောင်းလဲမှုလေး တစ်ခုစီကအစ သေချာလိုက်ကြည့်နေသည်။

တစ်ဦးနဲ့တစ်ဦး အတန်ကြာသည်အထိ စကားမပြောဖြစ်ကြပဲ chef က ဟင်းလျာများနှင့်တကွ လာမိတ်ဆက်တော့မှ အာရုံတွေပြောင်းသွားကြ၏။

အပိုင်က သူစံထားရတဲ့ပုဂ္ဂိုလ်ကို မျက်စိရှေ့မှာ အရှင်လတ်လတ်တွေ့နေရ၍ အပျော်လုံးတွေစို့ပြီး စကားတွေ ရေပက်မဝင်အောင်ပြောနေသည်။

ဓာတ်ပုံတွေအတူတွဲရိုက် ၊ sign တွေတောင်းပြီး chef ပြန်ထွက်သွားတော့မှ သူ့ရှေ့မှာရှိနေတဲ့ ဓနကိုသတိရတော့၏။

ခေါင်းလေးကုတ်လျက်...။

"Sorry...ဟဲဟဲ chef နဲ့က ဒီတစ်ခေါက်ပဲ တွေ့ရမှာလေ ။ အဲ့ဒါကြောင့်... အဟီး"

အချစ်​တို့အစပြုချိန် & အချစ်​တို့အစပြုချိန်​ (Complete)Where stories live. Discover now