ကောက်​​သောမင်း ပါ​တော်​မူခန်း

6.7K 662 24
                                    

"ကျုပ်​ကိုကြိုးအရင်​​ဖြေ​ပေး။ ပြီးရင်​​ပြောပြမယ်​"

"ဟက်​ ​ဖြေ​ပေးရင်​ထွက်​​ပြေးသွားမှာကိုသိရက်​နဲ့ ​ဖြေ​ပေးရ​အောင်​ ကိုယ်​ကရူး​နေလို့လား"

ဓနဆိုသည့်လူက ပါးစပ်ကသာ ​ပြောနေပေမဲ့ လက်​ကအငြိမ်​မ​နေပဲ ဟိုဒီလိုက်​ပွတ်​သပ်​​နေ​သော​ကြောင့်​ အပိုင့်​မှာယားကျိကျိနှင့်​ စိတ်​ကသိက​အောက်​ဖြစ်​လှ၏။

မလုပ်​နဲ့ဟု​ပြောလဲမရ၊ လက်​ကိုလဲ​ဖြေမ​ပေးပဲ ဓန စိတ်​တိုင်းကျလုပ်​သမျှကို ငြိမ်​ခံ​နေရသည့်​ဘဝ။

ခန္ဓာကိုယ်​အနှံ့ စိတ်​တိုင်းကျကိုက်​လို့ဝမှ ရပ်​ကာပေါင်​သား​လေး​ပေါ်​ ​မေးတင်​ရင်း ဓနက

"ကိုယ်​နဲ့ အိမ်​ပြန်​လိုက်​ခဲ့​တော့"

"မလိုက်​ဘူး"

အပိုင်​ ချက်​ချင်းပင်​ မဆိုင်းမတွအ​ဖြေ​ပေးလိုက်​သည်​။

ဓန ဘာမှပြန်မပြောတော့ဘဲ ​သူ့ပေါင်​သား​တစ်​​လျောက်​ကို တတိတိကိုက်​​နေပြန်​သည်​။

ထို့​နောက်​ လက်​ကိုပြန်​​ဖြေ​ပေးပြီး ကိုယ်​​ချင်းထပ်​အိပ်​လိုက်​ရင်း လူကို​ စေ့​စေ့ကြည့်နေ၏။

သူလဲ ဘာလဲ'ဟူ​သောသ​ဘောဖြင့်​ ​စွေကြည့်ပြန်ကြည့်နေပေးလိုက်သည်​။

ဓန ညစ်ကျယ်ကျယ်ပြုံးလျက်

"မင်းပြန်​မလိုက်​ရင်​ ကိုယ်​စိတ်​မထိန်းနိုင်​တဲ့ည​တွေ မင်းသက်​သာမှာမဟုတ်​ဘူး​နော်​။ ပြီး​တော့ မင်းသူငယ်​ချင်းနဲ့​ရော အဆင်​​ပြေမှာလား"

ဟု ​မေးသည်​။

အပိုင်​ ပြန်ကြည့်နေလျက်​နဲ့ပဲ

"ခဗျားလာမပက်​သက်​ရင်​ အဆင်​​ပြေတယ်​။ ကျုပ်​ဘာသာ တစ်​​ယောက်​ထဲ​နေပါရ​စေ။ ခဗျားကိုယ့်​ဘဝနဲ့ကိုယ်​ မ​နေနိုင်​ဘူးလား "

ဓန​ခေါင်းရမ်းပြပြီး ကလေးတစ်ယောက်လို့ သူ့ရင်​ခွင်​ထဲ တိုးဝင်​လာ၏။

ခါးကို တင်းကျပ်​စွာဖက်​လိုက်​ရင်း

"မ​နေနိုင်​ဘူး။ ကိုယ့်ဘဝနဲ့ကိုယ်ဆိုတာ အစတည်းကမရှိဘူး ... ဘာလို့ဆို ကိုယ့်​ဘဝက မင်းမို့လို့"

အချစ်​တို့အစပြုချိန် & အချစ်​တို့အစပြုချိန်​ (Complete)Where stories live. Discover now