ep-11B

5.9K 298 5
                                    

အပိုင်​တို့​ကျောင်း​ရောက်​​တော့ မနက်​ ၁၀ နာရီ​ကျော်​​နေပြီ။

ကျောင်း​ရောက်​တာနှင့်​ အပိုင်​လဲဖြည့်ရမည့်​​စာရွက်​စာတမ်း​တွေကြား​ခေါင်းစိုက်​​နေ​တော့သလို ဓနကလဲ အတွင်း​ရေးမှူး​ဇော်​သက်​ဆီကဖုန်းလာသဖြင့်​ ခပ်လှမ်းလှမ်းတွင်​ ဖုန်းတစ်​လုံးဖြင့်​အလုပ်​ရှုပ်​​နေ​တော့သည်​။

ဖုန်း​ပြောလိုက်​ အပိုင်​လိုအပ်​သည်​များကို ​ပြေးကူ​ပေးလိုက်​နှင့်​ သူလဲနားရတယ်​မရှိ။

Form တင်​ဖို့ အပိုင်​တန်းစီ​နေတဲ့အချိန်​ကျရင်​ အပြင်​ကခုံတန်း​လေးမှာ ​ရေဘူး​လေးကိုင်​ပြီးထိုင်​​စောင့်​​နေ​လေသည်​။

အမှန်​က ​ကျောင်းအပ်​ရတာ ဘာမှမကြာပါ။

ဒါ​ပေမဲ့ အဲ့ဒီဘာမှမကြာတာကိုက ကြာ​နေတာပါ။

လက်​မှတ်​​လေးတစ်​​နေရာစာ​လောက်​ထိုး​ပေးဖို့အ​ရေး ဟိုလူ့ဆီသွားဦး၊ ဒီလူ့ကို​စောင့်​ဦး၊ ဟိုမှာ​ငွေသွားသွင်းဦး၊ ဒီမှာ ​ကျောင်းသားကတ်​အတွက်​ ဓာတ်​ပုံလာရိုက်​ဦးနှင့်​ လူက ပတ်​ချာကိုသွားလည်​​နေ၏။

ပြီး​တော့လဲ ဘာမှမဟုတ်​ လက်​မှတ်​ထိုး​ ​ငွေသွင်းပြီး၊ဓာတ်​ပုံ​လေးရိုက်​ပြီး ပြီးပြီ။

နေကပူပူ လူကကျပ်​ကျပ်​နှင့်​ ဟို​ပြေး၊ဒီလွှားနှင့်​ ​တော်​​တော်​စိတ်​ပျက်​ဖို့​ကောင်းလှပါသည်​။

ဒါ​တွေကို​တော့ ကြုံဖူးတဲ့လူ​တွေသာ နားလည်​ပါလိမ့်​မည်​။

အားလုံးပြီးသွား​လို့ နာရီကြည့်​လိုက်​​တော့ ​နေ့လည်​၁၂နာရီတိတိ။

ဓနက​တော့ ဆက်​တိုက်​ဝင်​လာ​နေတဲ့ အလုပ်​ကဖုန်း​တွေကို ​ပြော​နေရတုန်း။

အလုပ်​ကိစ္စမှန်း​သိ၍ အပိုင်​အလိုက်​တသိ ဓန​ဘေးနားငြိမ်​ငြိမ်​​လေး ရပ်​​စောင့်​​နေလိုက်​သည်​။

ဓနက အပိုင့်​ကိုလက်​​လေးကာပြကာ

"​အေး....ငါအခုလာခဲ့မယ်​။စီစဉ်​စရာရှိတာ​တွေစီစဉ်​ထားလိုက်​"

အချစ်​တို့အစပြုချိန် & အချစ်​တို့အစပြုချိန်​ (Complete)Where stories live. Discover now