1

23.2K 121 2
                                    

Unicode Version

မိုးသည်းည (အပိုင်း ၁)
==============

ဗညားတစ်ယောက်မဟာမြိုင်လမ်းကြားကထိုင်နေကျRainlessBakeryဆိုင်လေးမှာထိုင်နေတာသင်တန်းပြီးလို့15မိနစ်လောက်ရှိနေပြီပါးပါးလဲခုထိလာမကြိုသေးဘူးသူမှာထားတဲ့ထောပတ်ဖျော်ရည်နဲ့ဆာတေးတောင်ကုန်တော့မယ်။အဲ့အချိန်မှာဆိုင်ထဲသို့လင်းလက်ပြီးသွက်လက်နေတဲ့လူငယ်လေးတစ်ယောက်ဝင်လာတယ်သူ့ဘေးကခုံမှာဝင်ထိုင်ရင်း
"Daddyမလာသေးဘူးလားဟိန်း""မလာသေးဘူးဇော်ရာ"
သူမှာထားတဲ့ဆာတေးတစ်ချောင်းအားစားရင်း
"Daddyလာရင်ဟိန်းဘဲပြန်လိုက်သွားတော့ဇော်ကိုသက်နဲ့ရုပ်ရှင်သွားကြည့်မလို့"
"ဘယ်ကကိုသက်လဲဇော်"
"ကွန်ပျူတာတက္ကသိုလ်က"
"နင့်ဟာကဟုတ်ရဲ့လားဟာဘယ်တုန်းကသိလို့ရုပ်ရှင်အတူတူကြည့်တဲ့အထိရောက်နေတာလဲ""စိတ်မပူစမ်းပါနဲ့ဟိန်းရာငါကသာစိတ်ပူတာနင့်အတွက်လာလိမ့်မယ်မိုက်တယ်ကိုသက်ကငါ့ကိုဒီလာခေါ်ဖို့ပြောထားတယ်"
မိုးခေါင်တစ်ယောက်မိမိဆိုင်အတွင်းသူကကောင်တာနားကခုံမှာထိုင်ပြီးဖုန်းထဲကနေဆိုင်ပုံစံအတွင်းအလှမွေးငါးထားချင်လို့ဘယ်လိုထားရမလဲရှာနေတုန်းသူ့ဘေးကစားပွဲမှာစကားပြောသံကနားထဲတစ်မျိုးကြီးဖြစ်နေတယ်ယောင်္ကျားလေးနှစ်ယောက်ဖြစ်ပြီးနင်နဲ့ငါပြောနေလို့ကြည့်မိတော့နောက်ဝင်လာတဲ့တစ်ယောက်ကသူဌေးသားစတိုင်ဘဲခေတ်ပေါ်ဒီဇိုင်းတွေဝတ်ထားပြီသူဝင်လာကတည်းကထိုင်နေတဲ့တစ်ယောက်ကတော့တီရှပ်အဖြူလေးကိုကိုယ်နဲ့ဖစ်ဆိုက်လေးဝတ်ပြီးပုဆိုးလေးနဲ့ဆံပင်ဘေးခွဲအတိုလေးနဲ့မျက်နှာမြင်ရတာအေးအေးချမ်ချမ်းပုံစံလေးသူကြည့်နေတုန်းနောက်တစ်ယောက်စတိုင်မိုက်မိုက်နဲ့တစ်ယောက်ဝင်လာတော့သူတို့ဆီက
"ကိုကို!လာဒီမှာဒါချစ်ရဲ့ချစ်ဆုံးသယ်ရင်းဗညားဟိန်းတဲ့""ဟိန်း!ဒါငါ့ရဲ့ကိုကိုကိုသက်တဲ့""ဟုတ်ကဲ့"
"ချစ်သယ်ရင်းကချစ်နဲ့တခြားဆီဘဲကွာကိုကိုကချစ်လိုခေတ်ရှေ့ပြေးနေတယ်မှတ်တာလူအေးလေးပါလား"
"ဟုတ်တယ်ကိုကိုရသူ့မှာချစ်လိုရည်းစားလဲမထားနိုင်ရှာပေးမယ်ပြောတော့လဲသူ့နှလုံးသားသူ့ဟာသူနိုးပါစေတဲ့"
"ဟုတ်တာပေါ့ချစ်ရအချိန်တန်ရင်သူ့ကိုရင်ခုန်စေမယ့်သူတွေ့မှာပါ""ကဲကိုကိုသြားစို့ခ်စ္တို့"
"နေပါအုံးကိုကိုအအေးလေးတစ်ခွက်တော့သောက်ပါရစေအုံး"
"သောက်မလဲ""ရွှတ်!ရွှတ်!""ရွှတ်!ရွှတ်!"
မိုးခေါင်ဆိုင်အတွင်းကြည့်လိုက်တော့ဆိုင်ကကလေးတွေလူကျနေတာ့သူ့နားကစားပွဲရောက်မလာနိုင်တာနဲ့သူဘဲထပြီး
"ဘာမှာချင်လို့လဲညီ""အော်!ဟုတ်အကိုနို့အေးတစ်လုံလောက်""ဟုတ်ကဲ့"
"ဟဲ့!ဟိန်းဒီဝိတ်တာအစ်ကိုကြီးကအသစ်ထင်တယ်ခါတိုင်းငါတို့မတွေ့ဖူးပါဘူး"
ဇော့်အပြောကြောင့်ဟိန်းခေါင်းလေးမော့ကြည့်တော့နောက်ကနေဘဲမြင်ရတယ်နောက်ကျောပြင်ကျယ်ကျယ်နဲ့လိုက်အောင်မြင့်နေတဲ့အရပ်က6'ကျော်လောက်ရှိမယ်။ခဏနေတော့အဲ့ဒီအစ်ကိုအအေးပုလင်းလေးကိုင်ပြီးပြန်ရောက်လာတယ
်"ညီလေးမှာတဲ့နို့အေးရပါပြီ"
အသံကသြရှရှနဲ့ဟိန်းမျက်လွှာပင့်ကြည့်တော့စားပွဲထိုးအစ်ကိုနဲ့အကြည့်ချင်းဆုံသွားတယ်။ရင်ထဲကတစ်နေရာကလှိုင်းထသွားသလို
သူမသိလိုက်။လေးထောင့်မကျတကျမျက်နှာ
မှာရိတ်ပြီးစပသိုင်းမွှေးစိမ်းစိမ်းတွေကထင်းနေတယ်။
"ဟိန်း!ငါတို့သွာတော့မယ်ကိုကိုသွာစို့"
"နေအုံးလေချစ်ရပိုက်ဆံရှင်းအုံးမယ်လေ"
"ရှင်းမနေနဲ့ကိုကိုဟိန်းရှင်းလိမ့်မယ်သူ့မှာကုန်စရာဒီအအေးဆိုင်ဘဲရှိတာ"
"သူတစ်ယောက်ထဲထားခဲ့မှာလား"
"Daddyလာကြိုတော့မှာလေဟိန်းခဏနေလမ်းထိပ်ဘက်ပြန်ထွက်စောင့်နေတော့"
"အေးပါနင်သာသိပ်ခြေရှည်မနေနဲ့"
ဟိုနှစ်ယောက်ထွက်အသွားကောင်မလေးတစ်သိုက်ဝင်လာပြီးချာတိတ်လေးဘေးကစားပွဲမှာနေရာယူပြီးဆူဆူညံညံအသံလေးတွေထွက်လာတယ်။
"ဟဲ့!သက်ထားငါတို့ရွှေမင်းသားလေးတစ်ယောက်ထဲကျန်ခဲ့ပါလား""အေးဟယ်!ငါသူ့ရည်းစားဖြစ်မယ့်သူကိုအရမ်းတွေ့ချင်လှပြီဟ""ဟဲ့နင်ကသူ့ရည်းစားဘာသွားလုပ်မလို့လဲ"
"အော်ဘာမှမဟုတ်ပါဘူးအရမ်းအားကျပြီးသူ့နှလုံးသားကိုဘာအစွမ်းတွေသုံးလဲမေးချင်တာ"
"သက္ထားမ!ညည်းရွှေမင်းသားကသူ့ရည်းစားကငါတို့လိုမိန်းကလေးမဟုတ်ဘဲခုခေတ်ရေပန်းစားနေတဲ့ယောင်္ကျားချင်းဖြစ်နေလဲညည်းသွားတွေ့သိလား"
"အမ်!ဒါဆိုလဲမေးမှာဘဲဘာဖြစ်ဖြစ်မင်းသားနှလုံး
သားကိုကိုင်လှုပ်နိုင်တာဘဲလေ"
"အေးသွားမေးသူ့ကြိုက်မိတာယောင်္ကျားချင်းဆိုအဲ့တစ်ယောက်ကကောင်မညည်းဆွဲစားသွားမယ်""ဟားးးဆွဲစားခံလိုက်မယ်ဒါဆိုလဲ"
"ဘာကြီးဖြစ်ဖြစ်အေစိတ်ဝင်စားတယ်"
ဟိန်းတစ်ယောက်သူ့ဘေးစားပွဲမှာသင်တန်းအတူတူကကောင်းမလေးတွေသူ့အကြောင်းပြောနေတာတွေနားမထောင်ချင်လဲနီးတော့ကြားနေရတယ်။ဒါနဲ့ပါးပါးကိုလမ်းထိပ်ထွက်စောင့်ဖို့သူပိုက်ဆံရှင်းပြီးထွက်ခဲ့တယ်။မိုးခေါင်တစ်ယောက်ကောင်မလေးတစ်သိုက်ဆီကစကားတွေကဟိန်းဆိုတဲ့ချာတိတ်လေးကိုရည်ရွယ်ပြောနေမှန်းသိလိုက်တယ်။ချာတိတ်လေးကတော့မသိသလိုဆိုင်ထဲကထွက်သွားတာသူကြည့်နေမိတယ်။မိုးခေါင်မျက်လုံးထဲအဲ့အချိန်ကစပြီးချာတိတ်ကခဏခဏအတွေးထဲဝင်လာတယ်။ဟိန်း73လမ်းပေါ်အရောက်ပါးပါးကားလေးသူ့နားလာရပ်တယ်။
"သားငယ်!စောင့်နေတာကြာပြီလားပါးပါးတောင်းပန်ပါတယ်ကွာသားဇော်ရော"
""သူ့သယ်ရင်းတစ်ယောက်နဲ့ပြန်သွားပြီပါးပါး"
"ဟုတ္လား!ပါးပါးဒီနေ့သားအတွက်သတင်းစာတိုက်မှာထည့်ခဲ့ပါပြီသားငယ်အတွက်Driverမနက်ပါလာလိမ့်မယ်သတင်းစာဖတ်မိရင်တစ်ရက်နှစ်ရက်လောက်ဘဲစောင့်ရမှာပါ"
"ဟုတ်ကဲ့!ပါးပါး"
"သားအတွက်ဘယ်လိုလူကပိုအဆင်ပြေစေမလဲအသက်ကြီးတာလားသားထက်နည်းနည်းကြီးတဲ့သူလားပါးပါးပြောထား"
ဟိန်းကားမောင်းရင်းသူ့အားပြောနေတဲ့ဖေဖေ့အားပြုံးပြပြီး
"ငယ့်အတွက်ပါးပါးထက်ကြီးတဲ့သူမလိုချင်ဘူးအားနာတယ်"
"ဟုတ်ပြီဒါဆိုလာလျောက်တဲ့Driverထဲကသားထက်အသက်နည်းနည်းကြီးတဲ့လူကောင်းထင်ရတဲ့သူဘဲပါးပါးခန့်လိုက်မယ်နော်""ဟုတ်ကဲ့ပါ""ကားကရောခုပါးပါးစီးတဲ့ကားစီးချင်လား"
"သားKlucerအဖြူလေးစီးချင်တယ်ပါးပါး"
"ဟုတ်ပါပြီဖေဖေမနက်ဖြန်ဝယ်ထားပေးမယ်"
"အဖြူနော်ပါးပါးအနက်မကြိုက်ဘူး""
"ဖေဖေ့သားဘာကြိုက်တယ်ဆိုတာသိပါတယ်ကွာ"ဦးဟိန်းကျော်ဒီတစ်ဦးတည်းသေားသားလေးအားငုံထားမတတ်ချစ်တယ်။လိုလေသေးမရှိသားငယ်လေးစိတ်မညစ်အောင်သူနဲ့သားမိခင်ဒေါ်ခင်ရတနာဟိန်းတို့တတ်နိုင်သမျှအလိုလိုက်ခဲ့တယ်။သားလေးကလဲသူ့အစ်မနည်းတူလိမ္မာတာတချို့သူဌေးသားတွေလိုဟော့ဟော့ရမ်းရမ်းမနေတတ်တာသူတို့အတွက်ဝမ်းသာရတယ်။ဒါကြောင့်သားငယ်လေးအတွက်အကြိုအပို့လုပ်ဖို့Driverတစ်ယောက်အမြန်ရမှဖြစ်မယ်။
___________//////////___________
မိုးခေါင်တစ်ယောက်ဆိုင်ရှေ့ကြည့်လိုက်တော့ဆိုင်ကယ်တွေအဖြတ်များတော့ဖုန်ထနေတာနဲ့သူရေဖြန်းဖို့ထွက်ခဲ့တယ်။ဆိုင်ဝန်ထမ်းတွေကသူ့အလုပ်နဲ့သူတာဝန်ယူထားတော့သူကိုယ်တိုင်ဘဲထိုင်မနေချင်တာနဲ့ဆိုင်နောက်ကရေပိုက်ခွေအားမပြီးထွက်လာတော
့"ဟာ!ကိုမိုးရာဆိုင်ကကလေးတစ်ယောက်ခိုင်းပါ့မယ်"
ကောင်တာထိုင်နေတဲ့သူနဲ့ဆွေမျိုးနီးစပ်တစ်ဦးတည်းသောအစ်ကိုကိုမျိုးမြင့်ကလှမ်းပြောတယ်။
"ရပါတယ်ကိုမျိုးရကျွန်တော်လဲထိုင်ရတာပျင်းလို့ပါ"
"အေးကွာမင်းကတော့ဆိုင်ရှင်လိုမနေဘူး"
မိုးခေါင်ဆိုင်အတွင်းရေတိုင်ခေါင်းအားသယ်လာတဲ့ပိုက်နဲ့ဆက်လိုက်တယ်။ပိုက်ခွေအားဖြန့်ပြီးဆိုင်ရှေ့မှာထားလိုက်တယ်။သူဆိုင်ထဲရေဘားဖွင့်ဖို့ပြန်ဝင်ခဲ့တယ်။ဗညားဟိန်းသင်တန်းပြီးလို့အိမ်ကလာမကြိုခင်ခါတိုင်းလိုRainlessဆိုင်ဘက်တစ်ယောက်ထဲထွက်ခဲ့တယ်။ဇော်တစ်ယောက်ဒီနေ့အတန်းမတတ်သူ့ရဲ့ဘယ်ဘဲဟောင်းနဲ့သွားနေလဲမသိ။သူဆိုင်ရှေ့အရောက
်"အမေလး!ဟာ!"ဟိန်းခုန်ရှောင်လိုက်တယ်။ရေပိုက်ကရေအားသန်တော့သူ့ခြေထောက်တွေရွှဲသွားတယ်။ခြေထောက်ရေစိုတာကိစ္စမရှိ
"ဟာ!ကိုယ်တောင်းပန်ပါတယ်ညီလေးတော်တော်စိုသွားပြီ"
"ဟုတ်ကဲ့ရပါတယ်ဗျာကျနော်လဲတွေးလာတော့မမြင်လိုက်ဘူး"ဟိန်းပြောသာပြောလိုက်ရတယ်သူ့ကတ္တီပါခဲရောင်လေးရေစိုနေတော့စီးလို့မကောင်းတော့တော်တော်နဲ့ခြောက်မှာမဟုတ်။သူထိုင်နေကျနေရာဘဲဝင်ထိုင်လိုက်တယ်ဖိနပ်အားချွတ်ပြီးခြေတင်တန်းပေါ်မှာခြောက်အောင်ထောင်ထားလိုက်တယ်။မိုးခေါင်ဆိုင်ထဲဝင်ပြီးရေဘားပြန်ပိတ်လိုက်တယ်ချာတိတ်ကြည့်လိုက်တော့ရေစိုနေတော့သိပ်အဆင်မပြေကတ္တီပါဖိနပ်ဆိုတော့သူ့အခန်းထဲပြန်ဝင်ပြီးသူဆိုင်မှာစီးဖို့ထားတဲ့ကတ္တီပါဖိနပ်အနီရဲလေးအားယူပြီးချာတိတ်ရှေ့ရပ်ပြီး
"ညီလေး!ကိုယ့်ဖိနပ်စီးသွားလိုက်လေအရမ်းစိုနေတော့ကိုနေလှန်းထားလိုက်ပါ့မယ်နောက်နေ့ပြန်လဲစီးလိုက်ပါ"
ဟိန်းတစ်ယောက်အသံသြရှရှနဲ့သူ့အားလာပြောနေတဲ့ခုဏအစ်ကိုအားဘာမှပြန်မပြောနိုင်ဘဲသူလာချပေးတဲ့အနီရောင်ဖိနပ်လေးအားစီးလိုက်တော့မတော်ဘူးတော်တော်ကြီးနေတာ
"ဟုတ်!အစ္ကို!ဟိန်းနောက်မှပြန်လဲပေးမယ်နော်"
"ရတယ္ညီ!ကိုယ့်ဖိနပ်ကနည်းနည်းကြီးနေတော့ကိုကအားနာနေတာပြီးတော့အရောင်ကလဲအနီရဲဖြစ်နေတော့"
"ရပါတယ်အစ်ကိုဟိန်းလဲတစ်ခါတလေအနီရောင်စီးဖြစ်ပါတယ်"ချာတိတ်ပြောအပြီးသူ့ရှေ့စားပွဲမှာတင်ထားတဲ့ဖုန်းလေးအသံမြည်လာတယ်။
"ဟယ္လို!ပြောဇော်နင်ပြန်မလာသေးဘူးလား""-----""အေးဒါဆိုငါရှိတဲ့ဆိုင်လာခဲ့""------""အေးမားမားလာကြိုမှာ"
ချာတိတ်ဖုန်းလေးအားပြန်ချပြီးသူ့အားမော့ကြည့်တယ်။သူလဲအားနာပြီး"ဒါဆိုကိုယ့်ကိုခွင့်ပြုအုံးညီရှေ့ရေဖြန်းလိုက်အုံးမယ်"
"ဟုတ်ကဲ့ခင်ဗျ"
ချာတိတ်တစ်ယောက်ထဲထိုင်နေသလိုသူလဲရေဖြန်းရင်းတစ်ချက်တစ်ချက်ချာတိတ်အားကြည့်မိတယ်။ချာတိတ်ကတော့ဖုန်းနဲ့အအေးသောက်မုန့်စားသူ့ဟာသူပုံမှန်အတိုင်းသူ့စိတ်ကသာချာတိတ်အားကြည့်ချင်စိတ်တွေတားမရလို့ကြည့်မိနေတာ။သူရေဖြန်းအပြီးဇော်ဆိုတဲ့ချာတိတ်နဲ့ညီအစ်ကိုလားသယ်ရင်းလားမသိခက်မိုက်မိုက်ဒီဇိုင်းနဲ့ဝင်သွားတယ်။သူလဲဆိုင်ထဲပြန်ဝင်လာပြီးသူတို့စားပွဲနဲ့ကပ်ရပ်မှာခဏနားပြီးသတင်းစာဖတ်နေလိုက်တယ်။
"ဇော်!နင်ကအခုအတန်းလစ်နေပြီနော်လွန်နေပြီ"
"အေး!ကိုမျိုးအားတဲ့အချိန်နဲ့တိုက်နေလို့ပါဟာတခါတလေပါဟိန်း""လုပ်ပြန်ပြီတစ်ယောက်"
"ဒါနဲ့Daddyပြောတော့Driverခေါ်တဲ့ကြော်ကြာဒီနေ့ပါလောက်တယ်ဆို"
"ဟုတ်တယ်Daddyပြောတယ်ကြေးမှုံနဲ့မန်းလေးနှစ်စောင်စလုံးထည့်ထားတယ်ပြောတယ်"
"ဒီဆိုင်မှာသတင်းစာရှိလောက်တယ်"
"အေးရှိလောက်မှာပါ""နင်ငှါးကြည့်ပါလားဇော်"သူစကားအဆုံးဇော်က
"ရွှတ်!ရွှတ်!"
ဝိတ်တာအကိုတစ်ယောက်လာရပ်တယ်။
"ဘာလိုလို့လဲခင်ဗျ""အစ်ကိုဒီမှာသတင်းစာရှိလားမသိဘူးဒီနေ့သတင်းစာလေ"
"ဟုတ်!ဆိုင်ကသတင်းစာယူပါတယ်"
"ဒါဆိုညီတို့ခဏလောက်ဖတ်ချင်လို့ငှါးပါလား"
"ဒါဆိုခဏနော်ကျနော်သွားယူလာပေးမယ်"
"ကျေးဇူးအကို"
မိုးခေါင်ချာတိတ်တွေဝိတ်တာလေးခေါ်ကတည်းကနားထောင်နေတာသတင်းစာမေးနေသံကြားတော့သူဖတ်နေတဲ့ကြေးမှုံနဲ့မန်းလေးသတင်းစာနှစ်စောင်လုံးခေါက်ပြီးသူ့ရှေ့စားပွဲပေါ်ပြန်တင်ထားလိုက်တယ်။ဝိတ်တာညီလေးရောက်လာပြီးသူ့စားပွဲပေါ်ကသတင်းစာတွေအား"ဆရာမိုး!ဟိုဝိုင်းကညီလေးတွေကသတင်းစာခဏငှါးနေလို့"
"အော်!ညီလးပေးလိုက်လေရတယ်"
ဝိတ်တာညီလေးသတင်းစာပေးခဲ့တော့သူတို့နှစ်ယောက်ဘာကိုစိတ်ဝင်စားနေလို့သတင်းစာငှါးဖတ်လဲသိချင်လို့မိုးခေါင်နားစွင့်ပြီးသေနာနားထောင်နေမိတယ်။
"ဟိန်း!Daddyကနှစ်စောင်လုံး
ထည့်ထားတယ်တဲ့လား"
"ဟုတ်တယ်ထည့်မယ်ပြောတာဘဲ"
"ဒါဆိုနင်ကကြေးမှုံထဲရှာငါမန်းလေးထဲရှာမယ်"
မိုခေါင်ချာတိတ်နှစ်ယောက်သတင်းစာတစ်ယောက်တစ်စောင်စီနောက်ကနေစလှန်ပြီးရှာနေတာအားအသာကြည့်နေတယ်။ခဏနေတော့ခေတ်စတိုင်နဲ့အညီဝတ်ထားတဲ့တစ်ယေက်က
"တွေ့ပြီဟိန်း!ဟင်းDaddyကလဲကြည့်အုံး"
ံ"Driverယာဉ်မောင်းအမြန်လိုရှိသည်
အသက်30မွ45အတွင်းတဲ့25လောက်ကစခေါ်ရင်ငါ့အတွက်ဇာတ်လမ်းရှာလို့ရသေးတယ်"
"တော်ပါတော့ဇော်ရာအိမ်ကDriverတော့နင်ဇာတ်လမ်းမရှာပါနဲ့ပါးပါးနဲ့မားမားသိရင်အသတ်ခံရလိမ့်မယ်"
"အေးပါအခုလဲစိတ်မဝင်စားတော့ပါဘူး30ကျော်တွေလာမောင်းမှတော့"
"ပြီးတာဘဲသွားစို့မားမားစောင့်နေလိမ့်မယ်"
နှစ်ယောက်သားပိုက်ဆံရှင်းပြီးထွက်သွားတော့မိုးခေါင်ခုံကထပြီးသတင်းစာပြန်ယူပြီးသူတို့ဖတ်နေတဲ့သတင်းအားသေချာဖတ်လိုက်တယ်။
   "ယာဉ်မောင်းအမျိုးသား(1)ဦး"
     အလိုရှိသသည်
   အသက်(30)-(45)အတွင်း
အချိန်ပြည့်ထမ်းဆောင်နိုင်သူအားဦးစားပေးမည်။မိုးခေါင်ကြော်ငြာအားသေချာဖတ်ပြီးစဉ်း
စားနေလိုက်တယ်။ကောင်တာမှကိုမျိုးသူ့နားရေ
ာက်လာမှသူသတိထားမိတယ်။
"ညီလေးမိုး!ဘာတွေဒီလောက်တွေးနေလဲ"
"အော်!ကိုမျိုးအတော်ဘဲကျနော်ကိုမျိုးပြောစရာ
ရှိသေးတယ်"
"ဘာလဲခါတိုင်းလိုဆိုင်ကိုငါနဲ့ထားခဲ့ပြီးခရီးထွက်အုံးမလို့လား"
"ဟဲဟဲ!ကျနော်မှာဆွေမျိုးဆိုလို့အစ်ကိုဘဲရှိတာလေခုကနည်းနည်းကြာမယ်နော်"
"ဘယ်လဲဒါဆိုမင်းကမြန်မာနိုင်ငံအတွင်းမဟုတ်ဘူးလားမင်းက"
"ဟာ!မဟုတ်ပါဘူးသေချာမှကျနော်ပြောမယ်ကိုမျိုး""အေးညီ"
__________%%%%%%_________
    ကြိုးစားပါဦးမည်။
              @ Ko Chit Thae@


မိုးသည်းညWhere stories live. Discover now