2

11K 76 0
                                    

Unicode Version

မိုးသည်းည အပိုင်း(၂)
    ===============

ဦးဟိန်းကျော်သားအတွက်သူကိုယ်တိုင်စိတ်ကြိုက်ရွေးထားတဲ့Driverအားဧည့်ခန်းမှာစကားပြောနေတုန်းဒေါ်ခင်ရတနာဟိန်းအပေါ်ထပ်ကဆင်းလာတာမြင်တော့ဦးဟိန်းကျော်
"ခင်ရေသားကိုနိုးခဲ့ပြီလားဒီမှာသားအတွက်Driverရောက်နေပြီ"
"သားကညကသိတဲ့အတိုင်းလေခင်တို့အခန်းထဲရောက်နေတာခုဆင်းလာလိမ့်မယ်ကို"
ဒေါ်ခင်ရတနာဟိန်းခင်ပွန်းဖြစ်သူအားပြန်ဖြေရင်းဧည့်ခန်းမှာရောက်နေတဲ့သားအတွက်လူငယ်လေးအားတချက်ကြည့်ပြီးကျေနပ်သွားတယ်။
"ကို!သားအကြောင်းသေချာပြောပြထား
လားညကကိစ္စပါသေချာပြောထားလား"
"အော်!အေးကို့တူကိုပြောရအုံးမယ်သားကမိုးရွာ
ရင်အရမ်းကြောက်တတ်တယ်အဲ့ဒါတော့သားကိုအထူးဂရုစိုက်ပေးစေချင်တယ်"
"ဗ်ာ!ကျနော်နားမလည်ဘူးခင်ဗျ"
"ဒီလိုငါ့တူ!သားကငယ်ငယ်
တုန်းကမိုးထဲမှာတစ်ယောက်ထဲကျန်ခဲ့တော့အကြောက်လွန်သွားတာခုထိအဲ့စိတ်ကမပျောက်သေးဘူးလေဒါကြောင့်မိုးရွာရင်သူ့အနားလူတစ်ယောက်ရှိမှဖြစ်မှာပြောတာ"
"အော်!ဟုတ်ကဲ့ကျနော်နားလည်ပါပြီခင်ဗျ"
"ဟော!လာသား
ငယ်ဒီမှာပါးပါးခန့်ထားတာသားအတွက်ဒီကအစ်ကိုနဲ့မိတ်ဆက်ပေးမယ်"
ဟိန်းတစ်ယောက်ဧည့်ခန်းမှာထိုင်နေတဲ့အသက်38နှစ်လောက်ရှိမဲ့အရပ်ထောင်ထောင်မောင်းမောင်းကြီးနဲ့ဆံပင်ကဗိုလ်ချုပ်ကေနဲ့မြင်ဖူးသလိုရှိလို့စဉ်းစားနေတယ်။
"မောင်မိုးခေါင်!ဒါဦးတို့ရဲ့သားငယ်လေးဗညားဟိ
န်းတဲ့သားငယ်လဲမှတ်ထားသားကိုကားမောင်းပေးမယ့်အကို"
"ဟုတ်!တွေ့ရတာဝမ်းသာပါတယ်ညီ"
"ဟုတ်ကဲ့"
"ဒါဆိုမောင်မိုးခေါင်အတွက်နေဖို့အခန်းကိုသားဘေးကအခန်းလေဒီနေ့အပြီးပြောင်းခဲ့တော့ပေါ့"
"ဟုတ်!ဦးကျနော်ကားဂိုဒေါင်မှာဘဲနေချင်ပါတယ်ဗျ"
"ဟာ!အဲ့လိုမလုပ်ပါနဲ့မောင်မိုးခေါင်ရဂိုဒေါင်ကကားနှစ်စီးနဲ့ပြည့်နေပြီလေခါတိုင်းတစ်စီးထဲဆိုကိစ္စမရှိဘူး"
"ရပါတယ်ဦးရအပေါ်ထပ်ခိုးကအကျယ်ကြီးပါကျနော်လွတ်လွတ်လပ်လပ်နေချင်လို့ပါ"
"အေးအေးအဆင်မပြေအိမ်ထဲပြန်ပြောင်းနေဒါဆိုအပေါ်ထပ်မင်းညီးဘေးကအခန်းကြိုက်တဲ့အချိန်ပြောင်းနေနော်"
"ဟုတ်ဒါဆိုကျနော်ဆိုင်ပြန်ပြီးအဝတ်အိတ်တို့ယူစရာရှိတာပြန်ယူချင်သေးတယ်"
"အေးအေးသားငယ်ကားမောင်းရမှာဆိုတော့ခုယူမောင်းသွားလိုက်လေရတယ်"
"ဟာ!ရပါတယ်ဦးကျနော့်ဘာသာပြန်လာပါ့မယ်ကားတော့မယူတော့ပါဘူး"
"အေးပါကွာဦးတို့ကိုမိသားစုလိုဘဲသဘောထားလိုတာရှိလဲပြောပေါ့ကွာအထူးမှာချင်တာကတော့မင်းညီလေးဒီကဦးသားလေးကိုဂရုစိုက်ပေးရင်ဦးတို့ကျေနပ်ပါပြီ"
"ဟုတ်ကဲ့ခင်ဗျ"
မိုးခေါင်ချာတိတ်တို့အိမ်ကနေထွက်လာတော့အရမ်းပျော်နေတယ်။သူအစကထင်တာချာတိတ်
အိမ်မဟုတ်ဘူးထင်ထားတာဇော်ဆိုတဲ့ခေတ်မီတဲ့သူရဲ့အိမ်ကခေါ်တယ်။သူတို့ကားမောင်းပေး
ရရင်ချာတိတ်ကိုအနီးကပ်တွေ့နိုင်တယ်ဆိုပြီးလျောက်ခဲ့တာ။ဦးဟိန်းကျော်က
"ဟော!လာသားငယ်ဒီမှာသားအတွက်ပါးပါးခန့်ထားတာဒီကအစ်ကိုနဲ့မိတ်ဆက်ပေးမယ်"ပြောတော့လှေကားကနေဆင်းလာတဲ့ချာတိတ်ကိုမြင်တော့ပိုပျော်သွားတယ်။ချာတိတ်အိမ်ဆိုတော့ခါတိုင်းပုဆိုးေ
လးနဲ့မြင်နေကျကညအိပ်ဘောင်းဘီရှည်ပွပွလေးနဲ့အိပ်ယာထစမျက်နှာလေးကဝင်းသန့်နေတယ်။သူဆိုင်ရောက်တဲ့အထိချာတိတ်မျက်နှာ
လေးအားဖျောက်မရ။
ဦးဟိန်းကျော်တို့အိမ်တွင်လဲမိသားစုသုံးယောက်ထမင်းစားခန်းမှာနံနက်စာစားရင်း
"သားငယ်!ခုဏပါပါးရွေးတဲ့လူသဘောကျရဲ့
လား"
"ငယ်လေးအဲ့အကိုကိုတစ်နေရာရာမှာမြင်
ဖူးသလိုဘဲ"
"ဟုတ်မှာပေါ့သူကအရင်ကဝိတ်တာလုပ်ဖူးတယ်ပြောတာဘဲပြီးတော့တစ်ယောက်ထဲရှိတာဆွေမျိုးမရှိဘူးတဲ့"
"အော်!မှတ်မိပြီသား
ထိုင်စားနေကျRainlessဆိုင်ကအကိုကိုး"
"မေမေကတော့သဘောကျတယ်အရပ်အမောင်းနဲ့လိုက်တဲ့ခန္ဓာကိုယ်နဲ့တင်ငါ့သားလေးကိုတော်ရုံလူတွေသူရှိနေရင်သားကိုရန်ရှာရဲမှာမဟုတ်ဘူး"
"ဟုတ်တယ်ခင်!ကိုယ့်ရုံးထဲသူနောက်ဆုံး
လာလျောက်တော့ကိုတောင်ဒီအရပ်အမောင်းမြန်မာတွေမှာတော်ရုံတွေ့ရခဲတယ်လေ"
"ပါးပါးသူကဝိတ်တာဆိုတော့ကားမောင်းကျွမ်းပါ့မလား"
"အဲ့ဒါတော့မပူနဲ့သားရေသူ့လိုင်စင်ယူကြည့်တော့ဂိတ်ဆုံးနေပြီဝိတ်တာမလုပ်ခင်ကသူကမိုးကုတ်မှာဆယ်ဘီးကားတွေကောင်းကောင်းမောင်းနိုင်ပါတယ်တဲ့"
"မေမေကတော့သားအတွက်ဒီမောင်မိုးခေါင်ကအသင့်တော်ဆုံးထင်တာဘဲအသောက်အစားသိပ်ရှိမဲ့ပုံလဲမပေါ်ဘူးဒီမှာဘဲနေမှာဆိုတော့သားငယ်ကDriverတစ်ယောက်ထက်အစ်ကိုတစ်ယောက်လိုဆက်ဆံနော်"
"ခင်ကလဲကွာသားကဘယ်သူ့မဆိုယဉ်ယဉ်ကျေးကျေးဆက်ဆံတတ်တာပြောနေစရာမလိုပါဘူးကွာဟိုတစ်ကောင်ဘဲလာရင်ပြောရမယ်သားဇော်ကို"
"အင်းပါ!သားဇော့်ကိုပြောထားပါ့မယ်"
မိုးခေါင်တစ်ယောက်သူ့ကားInsideလေးနဲ့ပုဆိုးအသစ်အထည်နှစ်ဆယ်လောက်အားဆိုင်မှာဒိုဘီအပ်နေတဲ့ဆီအမြန်အပ်ထားတာဝင်ရွေးပြီးသူ့ဆိုင်အားတန်းလာခဲ့တယ်။ကိုမျိုးသူဆိုင်ထဲ
ဝင်လာတော့ကောင်တာကနေထွက်လာတယ်
"ညီလေးမိုး!များလှချည်လားကွပုဆိုးတွေကခါ
တိုင်းရေလဲပုဆိုးလောက်နဲ့ဘုရားသွားမှဝတ်တာကို"
"ဟုတ်တယ်ကျနော်ခဏနေသွားတော့မယ်ကိုမျိုးအဲ့ဒါဆိုင်နဲ့ခုကျနော်စီးနေတဲ့ကားထားခဲ့မယ်ပြန်လိုက်ပို့ပေး"
"အော်!ကားပါထားခဲ့မယ်ဆိုတော့ကိုပြောသလိုအဝေးကြီးသွားမယ်ဆိုတာမှန်နေပြီဘဲ"
"ဟားးးးမှားတယ်ကျနော်ဒီမန်းလေးကနေဘယ်မှမသွားဘူးစိတ်ချဒါပေမယ့်ဆိုင်ကိုတော့လာဖြစ်မလားမပြောတတ်သေးဘူးကိုမျိုးစိတ်ချမယ်နော်ကျနော်ကားလဲအပ်ခဲ့မယ်ကိုမျိုးယူသုံးလေ"
"အေးပါငါ့ညီရာညီလေးဆိုင်ကိုကိုယ့်ဆိုင်လိုကိုကလဲသဘောထားတာပါ"
"အဲ့ဒါကြောင့်ဒီတခေါက်ကြာကြာအပ်ခဲ့မယ်"

မိုးသည်းညWhere stories live. Discover now