ဘုန်း!!
ကြက်ပျံကျသလိုဆူညံနေတဲ့အခန်းက တစ်စုံတစ်ယောက်ရဲ့ကြမ်းပြင်ေပါ် သံတုံးကြီးပစ်ချလိုက်သလိုအသံကြောင့် တိခနဲတိတ်ကျသွားတယ်။
အတန်းရှေ့က အခြေအနေကိုသိသွားကြတဲ့ကျောင်းသားတွေဟာ ဆူညံဖို့မကြိုးစားရဲတော့ပဲ ကိုယ့်နေရာကိုပြန်ထိုင်ဖို့ပြင်ကြတော့တယ်။
တကယ်ေတာ့ အဲဒီတစ်စုံတစ်ယောက်ဟာ အင်္ဂလိပ်ဆရာဖြစ်ပြီး ကြမ်းပြင်ပေါ်ကျတဲ့သံတုံးကြီးကတော့ ဆရာ့စားပွဲပေါ်က စာအုပ်ပုံကြီးပဲဖြစ်တယ်။
အင်္ဂလိပ်ဆရာက အခုမှမျက်နှာသေလေးတွေနဲ့ဣနြေ္ဒရနေတဲ့ ကျောင်းသားတွေကို သူ့မျက်နှာမာကြီးနဲ့တစ်ချက်ဝေ့ကြည့်ပြီး တစ်စုံတစ်ယောက်ရဲ့နာမည်ကိုခေါ်လိုက်တယ်။
"Saint Suppapong"
နာမည်ကြားလိုက်ရတဲ့ ကျောင်းသားတွေဟာကိုယ်စီမျက်ခုံးလှုပ်သွားကြတယ်။ မနက်စောစောစီးစီး ဆရာ့ဒေါသအိုးတုတ်နဲ့သွားထိုးတဲ့သူက ဒီသကောင့်သားဖြစ်မယ်မထင်ဘူး။ Saint Suppapongဆိုတာ အထက်တန်းေနာက်ဆုံးနှစ်က ပြဿနာအိုးမှန်းကျောင်းရှေ့ကဖြတ်သွားတဲ့ခွေးကအစသိနေတော့ မျက်ခုံးလှုပ်တာလည်းမဆန်းလေဘူး။
သက်ဆိုင်သူကတော့ ပြုံးလို့ပါပဲ ၊ ဆရာ့အခေါ်ကိုလက်ကလေးထောင်ပြီး 'ရှိ'တောင်ထူးလိုက်သေးတယ်။"လက်ထောင်နေတဲ့ လူကြီးမင်းခင်ဗျ .. ရှေ့ကြွခဲ့ပါဦး"
"ဟုတ်ကဲ့ဗျ"
ဆရာကပဲဆုချတော့မလို တက်တက်ကြွကြွရှေ့ထွက်သွားတဲ့ ကျောင်းသားကိုကြည့်ပြီး အားလုံးဟာသက်မချနေကြတယ်။ ဒီတစ်ယောက်ဟာ ဘယ်လောက်တောင် အရေထူပါလိမ့်။
အဲဒီကျောင်းသားရှေ့ရောက်သွားတော့ ဆရာကစာအုပ်ပုံအပေါ်ဆုံးက စာအုပ်ကိုပေးတယ်။
"ကဲ မနေ့ကလူကြီးမင်းရေးခဲ့တဲ့ Essayလေး အားလုံးကြားအောင်ဖတ်ပြလိုက်ပါဦး"