Arc-1.4

7.9K 927 15
                                    

ဘယ်ရီသည် သူ့အဖေထံသာအာရုံပို့ထားပြီး ဦးရီးတော်ဆိုသူအား လုံးဝပင်လျစ်လျုရှုထားလိုက်သည်

သူ့အဖေကအားနာစွာဖြင့်
"ဘယ်ရီ ဒါက ဦးရီးတော် ချီရှန်း........"

သူ ထိုသူဘက်လှည့်ကာ ပြုံးပြီး ဦးညွတ်ပြလိုက်သည်

အမှန်တော့ နတ်နန်းနှင့်တော်ဝင်မျိုးနွယ်တို့သည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ.....အာဏာအတွက်တစ်ယောက်ကို တစ်ယောက် မှီခိုနေရသည်

တကယ်လို့နတ်နန်းအင်အားမရှိပါက ထိုနိုင်ငံသည်ရပ်တည်နိုင်လိမ့်မည်မဟုတ်....

နတ်နန့်းသည်လဲ တော်ဝင်မျိုးနွယ်များမရှိပါက ထင်သလောက်အင်အားမကြီးနိုင်ပေ..

သို့သော်အားသာသည့်အချက်မှာ.....တော်ဝင်မျိုးနွယ်အား ခေါင်းဆောင်နေရာအား နတ်နန်းက ရွေးချယ်နိုင်ပြီး.........တော်ဝင်မျိုးနွယ်များက နတ်နန်းအား ဆူံးဖြတ်ပိုင်ခွင့်မရှိပေ.......

"ဒီကကိုယ်တော်ကလဲ သခင်လေးကို တွေ့ဖူးချင်တာကြာပါပြီ....သခင်လေးရဲ့ လက်ရုံးရည်ကိုတွေ့ဖူးပြီးကထဲပေါ့..."

အများအားဖြင့်ပုရောဟိတ် ဂိုဏ်းချုပ်များသည်...လူမသတ်.........တစ်ခြားသူများကိုသာ ခိုင်းစေတတ်သည်

အခုတော့ သူ့ရဲ့ ရှေ့က ပိန်ပိန်ပါးပါးကောင်လေး က နူးညံ့သော ရုပ်ရည်လေးနဲ့မလိုက်....ရက်စက်သွေးအေးသော တစ်ခြားတစ်ဖက်ရှိလေသည်.....

ထို့အပြင် ပြတ်သားစူးရှသော မျက်ဝန်းအနီရောင်လေးများရှိလေသည်........

'အနီရောင် ထူးဆန်းလိုက်တာ......'

ထို့အပြင်သူ့အားကြည့်နေပုံမှာ.....အရာရာအားထွင်းဖောက်မြင်နေသလိုပင်.....

(မြောင်မြောင်..........ဦးရီတော်ဆိုသူရဲ့အကြောင်းအား စူံစမ်းပေး....)

ဘယ်ရီ သူ့ရဲ့ ပခုံးပေါ်မှာ ထိုင်နေတဲ့ ကြောင်ငပျင်းလေးကိုပြောလိုက်သည်.....။

[Ok...host]

ဘယ်ရီကတော့ မြောင်မြောင်လေးအားကြည့်ကာ....မျက်လုံးတောင်လည်မိတော့မလို့.......

Sleeping SystemWhere stories live. Discover now