Arc-1.6

8.1K 909 14
                                    

ရှီမန်ဟာဘယ်ရီရဲ့ အကြည့်တွေကြောင့် မကောင်းတာတွေဖြစ်လာမည်မှန်း သိလိုက်သည်....

ဘယ်လိုပဲ ဖြစ်ဖြစ် သူက နတ်နန်းရဲ့ ခေါင်းဆောင်ဖြစ်လာမဲ့သူပဲ......

ဒါကိုသူလျော့တွက်မိခဲ့သည်....

အခုတော့ အားလုံးက လွန်သွားပြီဖြစ်သည်..

သူဟာ ကာလီလူမန်ရဲ့ စကားကို နားယောင်ကာ ဘယ်ရီကိုသတ်ဖို့ လူလွတ်ခဲ့ ပြီးပြီ.....ပြီးတော့ ထိုလူများကလဲ တစ်ယောက်မှအသက်မရှင်ခဲ့.... ..

အခုရက်ပိုင်း သူ့ရဲ့တာဝန်တွေမှာလဲ အနှောက်အယှက်တွေ တွေ့နေရသည်....

ဥပမာ... နန်း ပြင်ထွက်ရင် နောက်ယောင်ခံလိုက် ခံရတာမျိုး..

အဆောင်ထဲနေရင်တောင်စောင့် ကြည့်ခံရတာမျိုး.....

တဖြည်းဖြည်းနဲ့ ဘယ်ရီက အင်အားကြီးမားလာသည်...

သူဟာ....သူ့ရဲ့စွမ်းအားတွေကိုဖော်ပြပြီး.... ပုရောဟိတ် ရာထူး ဘွဲ့ခံကာ....သူ့အား လုံးဝလျစ်လျုရှုထားတော့သည်.......

တဖြည်းဖြည်း သူ့အားနှောက်ယှက်သူတွေများလာပြီး အမှားတွေလဲလုပ်မိလာသည်......

သူ့ရဲ့ချစ်သူကလဲ.....အပြစ်တင်ညိုညင်လာသည်.  ..

"အရှင်..ဒီလိုပဲဆက်သွားနေလို့ မဖြစ်ပါဘူး...."

"ဟား...ဒီလိုဆက်မသွားလို့ ကိုယ်တော် ဘာလုပ်နိုင်အုံးမှာလဲ"

အခု သူ့ရဲ့အမှားတွေကြောင့်  အိမ်ရှေ့စံရာထူး ကကျကာ....သာမာန် မင်းသားဘဝသာရှိတော့သည်   

ဇာတ်လိုက်မဟာ ဇာတ်လိုက်အခြေအနေမကောင်းတော့ သူမဟာနောက်ထပ် အထောက်အပံ့ကိုရှာတော့သည်......

ထိုသူကတော့ ဦးရီးတော် ချီရှန်း ပဲ ဖြစ်သည်......

ဒါပေမဲ့ သူမရဲ့ မြူစွယ်မှုကမအောင်မြင်....ထို့အပြင် ရွံရှာသောဟန်ဖြင့်...

"ဟမ့်...မင်းလိုမိန်းမပျက်က များ နတ်နန်းအရှင်နဲ့ ယှဉ်ရဲတယ်. ရွံစရာမိန်းမ''

Sleeping SystemWhere stories live. Discover now