Arc-2.2

7.3K 881 14
                                    

ဝူရှတိုင်းပြည်ရဲ့ ကြီးကျယ်ခန်းနားတဲ့ နန်းတော်ကြီးအတွင်းမှာတော့ ဘုရင် ရှန်းရှဟာ အိပ်ယာပေါ်က နိုးလာခဲ့သည်......

ရုတ်တရက်သူ့ရဲ့ မျက်ရည်များကျဆင်းကာ ရင်ဘတ်အားလက်နဲ့ ဆုတ်ကိုင်ထားရင်း...

"တောင်းပန်ပါတယ် ချင်းချင်း.....ကိုယ်တောင်းပန်ပါတယ်...."

သူ့ရဲ့အိမ်မက်ထဲက ချန်ချင်းဟာ...သူအားနာကျည်းမုန်းတီးစွာကြည့်ကာ......လဲကျသွားတယ်.....

သူလှမ်းကာပွေ့ထိန်းလိုက်ပေမဲ့ သူ့ရဲ့လက်အားပုတ်ချကာ......လဲကျသွားသည်. ...နှုတ်ခမ်းကသွေးတို့က စီးကျနေကာ အဖြူရောင်ဝတ်စုံလေးဟာ သွေးတို့ဖြင့်နီစွေးသွားလေတယ်....

"အရှင့်ကိုခွင့်မလွှတ်ဘူး.....ကျနော့်ရဲ့အချစ်ကိုလိမ်ညာခဲ့တဲ့အတွက်....ကျနော်ခွင့်မလွတ်ဘူး....ကျနော်သေပြိးသရဲဖြစ်တောင် အရှင့်ကို မုန်းနေမှာ ကမ္ဘာဆုံးထိ...."

သူပြောချင်ခဲ့တယ်....သူ့ကိုရှင်းပြခွင့်ပေးပါလို့...လက်တွေ့မှာတော့သူ့ရဲ့နှုတ်ခမ်းက အာစေးမိနေသလို ဘာမှ ပြောမထွက်....

ထို့နောက် သူ့ရဲ့ မျက်လုံးလေးတွေမှိတ်သွားကာ သူ့ရဲ့ အသက်ရှုမှုဟာ ရပ်တန့်သွားခဲ့တယ်.....

"အား!!!!!မဟုတ်ဘူး........ကလေး...... မဖြစ်ရဘူး......ကိုယ့်ကိုရှင်းပြခွင့်ပေးပါ........"

ထို့နောက် သူရဲ့နှလုံးသားကသေဆုံးကာ ဘယ်သူမှ မချစ်တော့ အများအမြင်မှာတော့သူဟာ လီဖေးရှန့်ကို အရမ်းချစ်သည်ပေါ့...

ဒါပေမဲ့ ဒါက ဟန်ဆောင်မှုသက်သက်သာ.............

သို့သော် သူ့ရဲ့ ဟန်ဆောင်မှုကြောင့် သူ့နှလုံးသားဟာသေဆုံးခဲ့ရသည်....

"မင်းသိရဲ့လား.....မင်းသေဆုံးထဲက ကိုယ့်နှလုံးသားသေဆုံးခဲ့တာ.....ဒါပေမဲ့ အခုတော့ ကံကြမ္မာက အခွင့်အရေးပေးလာပြီ...ကိုယ်မင်းကို ကာကွယ်စောင့်ရှောက်မယ်..........ကိုယ်မင်းထက်အရာရာတိုင်းထက် ပိုချစ်ပေးပါ့မယ်..... "

သူဟာ သူ့ရဲ့ကလေးလေးသူ့ဆီ လာတော့မှာမို့ ပျော်ရွှင်စွာစောင့်နေပေမဲ့ ကြားရတဲ့သတင်းက သူ့ရဲ့ကလေးက ထွက်ပြေးသွားပြီတဲ့........

Sleeping SystemDonde viven las historias. Descúbrelo ahora