Arc-1.3

8.1K 957 20
                                    

"ဘယ်လိုဖြစ်နိုင်မှာလဲ... ဒါပေမဲ့လဲ ငါတို့မျိုးနွယ်ထဲမှာဆိုတော့တော်သေးတယ်" လို့ ပုရောဟိတ်ကြီးကတွေးနေတယ်.....

ထို့နောက်သူက ဘယ်သူလဲဆိုတာသိချင်တာကြောင့် စွမ်းအားတွေပေါ်ထွက်လာတဲ့နေရာကို ရှာဖွေနေတယ်....

သူနောက်ဆုံးအာရုံခံမိတဲ့နေရာကို သူရောက်တော့ သူ့ရဲ့နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်သွားတယ်....

သူ့စိတ်ထဲမှာ...မဖြစ်နိုင်ဘူး....ဆိုပြီးအော်ဟစ်နေတယ်

ဘာကြောင့်ဆိုသူ့သားလေးက ပုရောဟိတ်အနွယ်ဝင်ပေမဲ့ စွမ်းရည်မရှိ....... ထို့ကြောင့် ဒီလိုစွမ်းအားကြီးတဲ့လေစွမ်းအားရှင်ဆိုတာ မဖြစ်နိုင်........

သူ..သူ့သားအား မေးရနိုး မမေးရနိုးဖြင့် ရပ်စဉ်းစားနေသည်

ထိုနေ့ကတော့ထူးဆန်းစွာဖြင့် ပုရောဟိတ်ဂိုဏ်းချုပ်ကြီး က သူ့သားအခန်းရှေ့တွေတွေကြီးရပ်နေမိသည်.....။

သူမသိတာကတော့သူ့သားလေးက စွမ်းအားတွေပွင့်ဖို့ နောက်ကျနေခဲ့တာပင်ဖြစ်သည်...

...........******************.............

"အရှင်...စုံစမ်းခိုင်းထားတာသိရပါပြီ"

"ပြော..."

"သူက ပုရောဟိတ်အနွယ်ဝင် လက်ရှိဂိုဏ်းချုပ်ရဲ့တစ်ဦးတည်းသောသားပါ သူ့နာမည်က ဘယ်ရီပါ ပြီးတော့ အိမ်ရှေ့စံရဲ့ကြင်ယာတော်လောင်းပါ.."

ကိုယ်ရံတော်က မပြောခင်သူ့သခင်မျက်နှာကိုကြည့်လိုက်တယ်....အပြင်မှာရေခဲမျက်နှာသေလုပ်နေပေမဲ့ မျက်ဝန်းတွေက အေးစက်နေပြီ....သူသိလိုက်ပြီ...

'အရှင်.....ဒေါသထွက်နေပြီ'

"ဆက်ပြော"

"အိမ်ရှေ့စံက သာမာန်အရပ်သူမနဲ့ ချစ်ကြိုက်နေပါတယ်အရှင် အဲ့ ဒီမိန်းမက အိမ်ရှေ့စံမင်းသားရဲ့အကူအညီနဲ့ မနေ့က သခင်လေးကို လုပ်ကြံဖို့လူလွှတ်လိုက်တာပါ. .လုပ်ကြံသူအားလုံးက အရှေ့ဆောင်က သူတွေပါ....."

'ဟက်!!!.အတင့်ရဲလိုက်ကြတာ....ပုရောဟိတ်အနွယ်ဝင်တစ်ယောက်ကိုတောင်ထိရဲတယ်'

Sleeping SystemTempat cerita menjadi hidup. Temukan sekarang