သူ၏ဖက်သို့ကျောပေး၍ နံရံဖက်သို့မျက်နှာမူကာ
လှဲနေသောCopterအား Choneတိတ်တဆိတ်
ကြည့်နေမိသည်။"သူအိပ်နေပြီလား...သူဒီနေ့ဟိုလူနဲ့တွေ့ပြီးပြီလားမသိ....
Ah!......ကျစ်"သူ၏ကျောကုန်းအား အနောက်ဖက်မှ
လက်သီးတစ်ချက်ရောက်လာခြင်းပင်။
အလိုမကျခြင်း မျက်ခုံးတစ်စုံနှင့် ထိုသူအား ဘုကြည့်'လှည့်ကြည့်မိလေသည်။ထို့နောက် လေသံတိုးတိုးနှင့်" Ai'Knockဘာလုပ်တာတုန်းကွ..."
"ဟ ဟား ....မင်းN'Copကို ပစ်မှားနေတာမလား?
နောက်ကျောကို ပေါက်ထွက်မတက်
ကြည့်နေပြီးတော့""ငါ့ကိုတဏှာရူးမှတ်နေလား...ငါကြည့်နေတယ်
ဆိုတာက သူဟိုလူနဲ့တွေ့ပြီးပြီလားလို့ တွေးနေတာ""အာ တချိန်လုံးငါတို့နဲ့ရှိနေတာလေ ...ဘယ်လိုလုပ်
တွေ့မှာလဲ""အင်းနော်"
Knock၏စကားကြောင့်
Choneစိတ်သက်သာရာရ၍ Copterရှိသည့်
ဖက်ခြမ်းသို့သာ ပြန်လှည့်သွားလေသည်။အဆောင်လေး၏ခေါင်မိုးဆီသို့ မိုးရေစက်တို့သည်
စည်းချက်ညီညီကျနေခဲ့၏။ထိုကျသံတို့သည် ညဥ့်နက်လာသည်နှင့်အမျှ ပို၍ကျယ်လောင်
လာခဲ့လေသည်။အဆောင်ထဲရှိလူများ တန်းစီကာ အိပ်မောကျနေပြီဖြစ်သည်။သို့သော်လည်း
ထိုအချိန်ထိမအိပ်သေးသောသူအချို့တော့ အဆောင်လေးအတွင်းတွင်ရှိနေသေးသည်။ထိုသူတို့တွင် အတွေးနယ်ချဲ့နေသောCopterနှင့် ဖုန်းနှင့်အလုပ်ရှုပ်နေသောKnockတို့ပါလေသည်။
ဖုန်းscreenပေါ်တွင် အကြည့်မလွဲ
အလုပ်ရှုပ်နေမိသော Knock၏ဆံပင်တို့သည် တစ်စုံတစ်ယောက်သောသူ၏ လက်တို့ကြောင့်
ရှုပ်ပွလာခဲ့သည်။သို့သော်လည်း ထိုသူကိုကြည့်မအား ဟန့်ရုံမျှသာတတ်နိုင်သည်။"Ai'Kornမင်းမနှောက်နဲ့ကွာ...
ငါဒီမှာဂိမ်းရှုံးသွားလိမ့်မယ်ကွ...ကိုယ့်အိပ်ယာ
ကိုယ်သွားအိပ်ချည်"Kornသည်သူ၏စကားတို့အား မကြားသည့်နှယ်
Knock၏ဆံပင်အား လက်နှင့် ထိုးဖွမြဲထိုးနေလေ
သည်။ထို့အပြင် တစ်ခုခုကို တိုးညှင်းစွာနှင့်~~~