တိတ်ဆိတ်နေသောရွာလမ်းလေးအား
အေးစိမ့်စိမ့်လေပြေကလေး တိုးဝှေ့တိုက်ခတ်နေသည်။ ထိုအခါ မြက်ပင်တို့ယိမ်းနွဲ့သွားကာ အပင်ထိပ်တို့၌
တင်ကျန်နေသောမိုးရေစက်ကလေးများ မြေပြင်ပေါ်သို့ခုန်ပေါက်ဆင်းသွားကြလေသည်။ သစ်ပင်ကြီးတို့ဆီမှ သစ်ရွက်သံတို့မှာလည်း တရှပ်ရှပ်နှင့် ....
ဖြစ်နိုင်ရင် လက်တွင်ကိုင်လာသော ထီးရှည်အစား
သူ၏နွေးထွေးသောလက်လေးအား ဆုပ်ကိုင်ထားချင်စိတ်ဖြစ်မိသည်။သို့သော်လည်း
ဖြစ်မလာနိုင်။
လက်ကလေးမကိုင်ရသော်လည်း
မျက်စိအရှေ့တွင် အနည်းဆုံးတော့မြင်နေရသည့်မို့
Kimmonကျေနပ်နေမိပါသည်။ ဘုန်းကြီးကျောင်းမှ
Copter တို့ထွက်လာခဲ့သည့်အချိန်မှစ၍ သူတောက်လျှောက်လိုက်လာနေမိသည်။ သူ့အား သတိမထားမိစေရန် သိပ်အနီးကြီးမှမလျှောက်။
ခပ်ဝေးဝေးကသာ လိုက်လာခဲ့ခြင်းပင်ဖြစ်သည်။"P'Copter...ကျွန်တော်တို့ဝင်ရမဲ့နောက်တအိမ်ကအရှေ့အိမ်ပဲ"
နှစ်ယောက်တစ်တွဲရွာထဲဆင်းကာ အဖိုးအဖွားများအား ကျန်းမာရေးစစ်ဆေးပေးရခြင်းဖြစ်သည်။ Copter၏တွဲဖက်အဖြစ် ရလာသူက အသိဂျူနီယာတစ်ယောက်ဖြစ်ပေသည်။
ထိုကောင်လေး၏ အသိပေးသံကြားတော့
Copterခေါင်းကို အသာညိမ့်လေသည်။" အမေရေ! ဆရာဝန်လေးတွေလာပြီနော်"
အိမ်အဝင်ပေါက်နားတွင်ထိုင်နေသည့်
အန်တီကြီးကအိမ်အတွင်းသို့ အသံပြုလိုက်လေသည်။အိမ်ထဲသို့ဝင်လိုက်သည်နှင့် ဧည့်ခန်းတွင်လှဲနေသောအဖွားအိုက အပြုံးဖြင့်ဆီးကြိုနေသဖြင့် ပြန်ပြုံးလိုက်ရင်း အဖွားအို၏အနားတွင်ဝင်ထိုင်လိုက်ကြသည်။"အဖွားနေကောင်းလား?"
" အသက်ကြီးလာတော့ ခေါင်းက တစ်ခါတစ်လေဆိုမူးနေတတ်တယ်ဆရာရဲ့ "
စကားစမြည်ပြောရင်း သူတို့တွင်ပါလာသော သွေးပေါင်ချိန်စက်(Mercury Sphygmomanometer)ကိုထုတ်ကာ
" ကျွန်တော်တို့ သွေးပေါင်ချိန်ကြည့်ရအောင်နော်
အဖွား ""ဆရာလေးတို့က မြို့သားတွေမှန်းသိပ်သိသာတာပဲ။ဖြူပြီး ချောလိုက်ကြတာနော်"