တစုံတယောက်၏ထွေးပွေ့ထားမှုနှင့်အတူ
ခပ်နွေးနွေးလေတချို့သည် သူ၏နဖူးပြင်သို့
ဦးတည်နေလေသည်။
" အိမ်မက်? " ဟူ၍ ခပ်တိုးတိုးငြီးတွားမိရင်း
မျက်လုံးကိုအသာဖွင့်လေတော့ သွယ်လျလှသော
မေးရိုးကCopter၏မြင်ကွင်းထဲသို့
ရောက်လာလေ၏။
သူ အိပ်မှုန်စုံမွှားဖြစ်နေသည့်အပြင် အိမ်မက်နှင့်
လက်တွေ့ကိုမခွဲခြားနိုင်သေးပေ။ ထပ်မံ၍
မျက်လုံးအားပေကလပ်'ပေကလပ်လုပ်ရင်း မော့ကြည့်မိပြန်သည်။ ထိုအခါရင်းနှီးလှသည့်
မျက်နှာတစ်ခုအား ပြီးပြည့်စုံစွာ
သူမြင်လိုက်ရသည်မို့"Kimmon?"
သူ၏ရေရွတ်သံကြောင့် တဖက်လူမှာလည်း
အိပ်ရာနိုးလာ၍ သူ့အားငုံ့ကြည့်လေတော့သည်။
နီးကပ်သွားသောမျက်နှာတို့ကြောင့် Copter၏
မျက်လုံးအစုံကျယ်သွား၏။ Kimmonသည်လည်း အိပ်ယာနိုးနိုးချင်းမို့ လန့်သွားလေသည်။
အသိစိတ်ဝင်လာသည်နှင့် Copterတစ်ယောက် သူ၏ကိုယ်ကိုKimmon၏လက်တို့မှ
ရုန်းထွက်ကာ နီရဲလှသောမျက်နှာနှင့်အိပ်ရာမှထ
ထွက်သွားလေတော့သည်။"အဖျားများရှိနေလား?ဆရာ့မျက်နှာက နီရဲနေတာပဲနော်"
"ဗျာ!မဟုတ်ပါဘူး"
အိမ်နောက်ဖေးဆီမှပြောနေသောအသံများကို
အတိုင်းသားကြားနေရသော Kimmonသည်
ပြုံး၍သာ အိပ်ရာထက်တွင်လူးလှိမ့်နေလေသည်။မနက်စာစားပြီးသည်နှင့် သူတို့အခြေချရာရွာသို့
ပြန်ရန်ပြင်ဆင်ခဲ့ကြ၏။ လူနာရှင်အမျိုးသားက
Copter၏ဆေးအိတ်အားကိုင်ကာ အရှေ့မှလျှောက်လေသည်။ ထိုသူ့နောက်တွင် Copterနှင့်Kimmonတို့ လိုက်ပါသွားသည်။
မနေ့ညက မိုးအလွန်သည်းခဲ့သောကြောင့်
လမ်းတို့မှာ အလာထက်ပို၍စိုစွတ်နေလေသည်။ထို့အပြင်အလာလမ်းတွင် ဖြတ်ကူးခဲ့ရသော
ဝါးတံတားလေးမှာလည်း သူရှိရမည့်နေရာတွင်
ရှိမနေခဲ့"အာ!ဆရာတို့ရေ တံတားကတော့ပျက်စီးသွားပြန်ပြီဗျ..."
ဖြစ်နေကြဟန်တူသည့်အရာတစ်ခုကို
ထိုသူခပ်ဝေးဝေးဆီမှလှမ်းအော်လိုက်သောအခါ
နှစ်ဦးသားတစ်ယောက်ကိုတစ်ယောက်ကြည့်မိကြ
လေသည်။ ထို့နောက်အနီးနားသို့သွားကာ
Kimmonက