part. 5

56.6K 3.5K 25
                                    

မိုးလင်းတာနဲ့ထုံးစံအတိုင်း ဝမ်ရီပေါ်ရဲ့မျက်လုံးတွေက ပွင့်လာပြီဖြစ်တယ် ။ ဒါပေမဲ့လည်း အိပ်ယာထဲကထရမှာပျင်းတာမို့ ​ပေတေပြီးဆက်လှဲနေလိုက်တယ် ။

" ရီပေါ်ရေ.. .ရီပေါ်ထတော့ကွာ ။ ကိုကို ​ကျောင်းနောက်ကျတော့မယ်လို့ ။ ''

" ဟာဗျာ!! ဘယ်လိုဖြစ်နေတာလဲကိုကို ။ ကျွန်တော်အိပ်နေတယ်လေ ။ ''

" ရီပေါ်ထတော့လို့ !! ငါဒီနေ့ကျောင်းစောစောသွားရမှာဟုတ်လို့ ။ ''

" သွားလေ ။ အိပ်ရေးပျက်တယ် လာမနိုးနဲ့ ။ ''

" အဲ့တာဆို ကိုကိုသွားတော့မယ်နော် ။ ''

" ​နေအုံး!! လိုက်ပို့ပေးမယ် ။ ''

ဝမ်ရီပေါ်က အိပ်ချင်းမူးတူးနဲ့ ရေချိုးခန်းထဲဝင်ကာ မြန်မြန်ဆန်ဆန်ရေချိုးပြီး ပြန်ထွက်လာလိုက်တယ် ။ နာရီတကြည့်ကြည့်ဖြစ်နေတဲ့ ကိုကိုကြောင့် သူသိပ်သဘောမကျချင်တော့ ။

" ကိုကို ကျွန်တော့်ကိုအင်္ကျီဝတ်ပေးကွာ ။ ''

" ကိုယ့်ဘာသာဝတ်လေ ။ ''

" ဒါဆိုနောက်ကျရင် ကိုကိုကြောင့်နော် ။ ''

" ​ကောင်းပြီ ။ ငါ့ကိုပဲအနိုင်ကျင့်နေတာ ဟွန့်! ''

စူပုတ်ပုတ်လေးဖြစ်နေတဲ့ ကိုကိုကြောင့်ရယ်မိတယ် ။ ကိုကိုက သူ့ထက်ကြီးတာဆိုလို့ အသက်ပဲရှိတယ် ။ အဲ့တာကြောင့်ဘယ်သွားသွား သူနဲ့ကိုကိုအပြင်အတူထွက်ရင် အားလုံးက ကိုကို့ကို အငယ်လို့ပဲထင်နေကြတာ ။

အင်္ကျီဝတ်ပေးနေတဲ့ ကိုကို့ကိုကြည့်လိုက်တော့ မျက်မှန်ဝိုင်းလေးနဲ့ ရိုးရိုးရှင်းရှင်းလေး ။ အရင်ကဖောင်းနေတဲ့ပါးလေးတွေလည်း မရှိတော့ဘူး။ နှမျှော်လိုက်တာ ! သူက အဲ့ဒီပါးဖောင်ဖောင်းလေးတွေကို အရမ်းသဘောကျပါတယ်ဆိုမှ ။

" ပြီးပြီ ။ ရှိုးမထုတ်နဲ့တော့ ! မြန်မြန်သွားမယ် ။ aနာက်ကျနေပါပြီဆို ။ ''

ကားထဲရောက်တဲ့အထိ ကိုကိုက အလျှင်လိုနေတုန်း ။ ကိုကိုရဲ့အချိန်ဇယားတွေအားလုံးကို သူမှတ်မိတယ် ။ ဒီနေ့က မနက်စောစောအတန်းချိန်မရှိဘူးလေ ။ ဝမ်ရီပေါ်ရဲ့မျက်လုံးတွေမှာ အန္တာရယ်ရှိတဲ့အငွေ့အသက်တွေ ဖြတ်ပြေးသွားတယ် ။

Fall In Love With My Step-Brother [ Completed ]Where stories live. Discover now