လှုပ်လှုပ်ရွရွဖြစ်လာတဲ့ကိုကိုက သူအတင်းဖက်ထားထဲကြားကနေ ဖြည်းဖြည်းချင်းထဖို့်ကြိုးစားနေတယ် ။
" ဘာလုပ်မလို့လဲ ကိုကို? ။ ''
" ဟို.... ဟိုလေ အိမ်သာသွားချင်လို့ ။ ''
မျက်နှာကြီးနီရဲကာ ပြောလာတဲ့ကိုကိုကြောင့် ခဏလောက်မှင်သက်သွားရတယ် ။ ကြည့်ပါလား ! ကိုကိုက ဘယ်လောက်တောင် ချစ်ဖို့ကောင်းလဲဆိုတာကို ။
" ကိုကိုက လမ်းရောလျှောက်နိုင်လို့လား? "
သူ့ကို ခေါင်းလေးရမ်းပြလာတဲ့ကိုကို ။ သိပ်အသည်းယားဖို့ကောင်းတယ် ။ ဒီလူသားကို ဒါကြောင့်သိမ်းပိုက်မိတာ သူ့အပြစ်လား ။ သိမ်းပိုက်ချင်အောင်မြူစွယ်နေတာကို ။
" ကျွန်တော်ချီသွားပေးမယ် ။ ''
ခါးကနေပွေ့ချီကာ အိမ်သာထဲထိပို့ပေးပြီး ရပ်နေလိုက်တော့ သူ့ကို တစ်ခုခုပြောချင်တဲ့မျက်လုံးတွေနဲ့ မော့ကြည့်လာတဲ့ကိုကို ။
" ဘာပြောချင်လို့လဲ ? ပြောလေက ကိုကိုရဲ့ ''
" ပို့.... ပို့ပေးပြီးပြီလေ ။ အပြင်ထွက်တော့.. ''
နီရဲကာရှက်နေတဲ့ ကိုကိုရဲ့မျက်နှာလေးကို အဝကြည့်ပြီး နှာခေါင်းထိပ်လေးကို လက်လေးနဲ့ဆွဲညစ်ကာ အပြင်ဘက်မှာစောင့်နေလိုက်တယ် ။ အိမ်သာထဲကနေ ခေါင်းလေးပြူးထွက်လာပြီး သူ့ကိုချောင်းကြည့်လာတဲ့ကိုကို ။
" ပြီးသွားပြီလား ကိုကို ။ ''
" အင်း ။ ဒါ... ဒါပေမဲ့ ငါရဲ့အဲ့နေရာက အရမ်းအောင့်နေတယ် အဟင့်! ''
ငိုမဲ့မဲ့လေးပြောလာတဲ့ကိုကိုက သိပ်ကိုဖြူစင်လွန်းတယ် ။ သူကလည်းသူပဲလေ ။ မနေ့ညကအကြိမ်ကြိမ် ကိုကိုရဲ့ကျောက်စိမ်းချောင်းလေးကို ဆော့ကစားပြီး ခဏခဏပြီးစေခဲ့တယ်မလား ။
" ဘာမှမဖြစ်ဘူး ၊ နောက်ကျရင် ကျင့်သားရသွားလိမ့်မယ် ။ ''
" ရီပေါ် ဟိုလေ.... မင်း ငါ့ကိုချစ်တယ်ဆိုတာက ဒီလိုချစ်တာကိုပြောတာလားဟင် ? ။''
" ကျွန်တော်က ကိုကို့ကို အစတည်းကဒီလိုပဲချစ်ခဲ့တာ ။ ကိုကိုကသာတုံးအပြီး မသိခဲ့တာလေ ။ အံ့ပ!! ဒီအသက်အရွယ်တောင်ရောက်နေပြီ မသိဘူးလား ။ ''
YOU ARE READING
Fall In Love With My Step-Brother [ Completed ]
FanfictionStart Date - 14 Apri 2020 End Date - 15 Apri 2020 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ] (mini story)